ဒေလီရှိ ချင်းဒုက္ခသည်များ Donbosco ရုံးရှေ ့တွင် ဆန္ဒပြ

ဒေလီရှိ ချင်းဒုက္ခသည်များ Donbosco ရုံးရှေ ့တွင် ဆန္ဒပြ
by -
ခိုနူမ်းထုန်

အိန္ဒိယနိုင်ငံ မြို ့တော် နယူးဒေလီရှိ ချင်းဒုက္ခသည် ၅၀ ဦးခန် ့က ဒေလီမြို ့ရှိ ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ လက်အောက်ခံ ဖြစ်သော Donbosco ခေါ်  Don Bosco Ashalayam ရုံးရှေ ့တွင် ယနေ ့ ဆန္ဒပြခဲ့ကြသည်။

နယူးဒေလီ Vikaspuri ကျေးရွာတွင် အခြေစိုက်သည့် Donbosco ရုံး၏ ဌာနခွဲဖြစ်သည့် Income Generation Activities (IGA) တွင် အလုပ်လုပ်နေကြသည့် ချင်းဒုက္ခသည်များက ယခုကဲ့သို ့ ဆန္ဒပြခြင်းဖြစ်သည်။

“ဒီ IGA မှာ  မကျန်းမာသူနှင့် ဒုက္ခိတများကို UNHCR မှကူညီတဲ့ သဘောနဲ ့ Donbosco မှာလုပ် ခိုင်းတာ၊ အရင်တုံးကဆိုရင် နံနက် ၈းဝဝ နာရီကနေ ည ၈းဝဝ နာရီအထိ အလုပ်လုပ် လို ့ရတယ်၊ အဲဒီတုံးက လုပ်အားခ တနာရီ ၃၀ ရူပီးရတယ်။ ဒါပေမဲ့ အခု ၂၀ ရူပီးသို ့လျော့လိုက်တဲ့ အပြင် အလုပ်ချိန်က နံနက် ၉ နာရီကနေ ညနေ ၅း၃၀ နာရီ ဆိုပြီး လျှော့ သတ်မှတ်ပေးတယ်” ဟု IGA တွင် အလုပ်လုပ်သူ Salai Tlaung Za Thang ကပြောသည်။

ဒါအပြင်အခု နာရီလျှော့သတ်မှတ်လိုက်ရာကနေ ၄င်းတို ့လုပ်ကိုင်နေသည့် အဝတ်အထည်ကို လူတဦး အတွက် တနေ့ပြီးနိုင် သည့် အထည်အရေအတွက် ပြန်လည် သတ်မှတ်ပေး မည် ဖြစ်ကြောင်း၊ အနွေး ထည် အင်္ကျီတထည်ကို ရူပီး ငွေ ၃၅ လောက်ဖြစ်သတ်မှတ် ပေးလိမ့်မည် ဖြစ်ကြောင်း သိရသည်။

အကယ်၍ အထည်အလိုက် သတ်မှတ်ပေးပါက မသန်မကျွမ်းဖြစ်နေသည့် ဒုက္ခသည်များ အခက်ကြုံ တော့မည့် အပြင် လုပ်အားပိုနည်းလာမည်ဖြစ်ကြောင်း ဆလိုင်းထန်းကပြောသည်။

“ကျတော်တို ့လိုချင်တာကတော့ UNHCR ကနေ ဘယ် NGOs တွေမှ ဆက်သွယ်ပြီး ကျတော်တို ့ ဒုက္ခသည်များအတွက် လုပ်ပေးစေတာမျိုးကို မလိုလားဘူး၊ UNHCR နဲ့ ဒုက္ခသည်တွေ တိုက်ရိုက် ဆက်ဆံမှု ကိုဘဲလိုလားတယ်။ ဒါကြောင့် အခုလို ဆန္ဒပြခြင်းဖြစ်တယ်”ဟု ဆလိုင်းထန်း ကပြော သည်။

Donbosco ရှိ IGA လက်အောက်တွင် ချင်းဒုက္ခသည် ၁၅၀ ခန် ့အလုပ်လုပ်ကိုင်နေကြကြောင်း၊ ယခုအ ထည်အလိုက် လုပ်အားခသတ်မှတ်ခြင်းသည် အထည်ယက်သူများနှင့် အထည်ချုပ်သူများသည် တနေ ့လုပ်အားခ ရ၀ ရူပီးငွေသာ ရရှိနိုင်တော့မည်ဖြစ်ပြီး မကျန်းမာသူနှင့် လုပ်ငန်းမ ကျွမ်း ကျင်သူများ မှာမူ ရူပီးငွေ ၃၅ မျှသာရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

IGA ၏ ချင်းဒုက္ခသည်များအပေါ် ဆက်ဆံမှု မမျှတကြောင်း၊ ထောက်ပံ့မှုရရှိသည့်အပေါ် မျှတမှု မရှိကြောင်း စသည့်အချက် များကြောင့် ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။

ဒေလီရှိ ချင်းဒုက္ခသည် တစ်သောင်းကျော်ရှိသည့်အနက် အနည်းအကျဉ်းမျှသာ Donbosco တွင် အလုပ်ရနိုင်ကြသည်။

ထိုနည်းတူ ၂၀၁၀ ခုနှစ်တွင် Young Men’s Christian Association (YMCA) မှ ချင်းဒုက္ခ သည် များအပေါ် ခွဲခြားဆက်ဆံ မှုများရှိသောကြောင့် ဆက်တိုက်ဆန္ဒပြကြရာ မတ်လတွင် UNHCR က YMCA ကို ဒုက္ခသည်အရေး ဆက်လက်ကိုင်တွယ်ရန် ရပ်ဆိုင်းကာ Donbosco သို ့ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ် သည်။

Most read this week