၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၁၀ ရက်နေ့မှာ ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေ ဟာ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်အပိုင်မှာ တည်ရှိပြီး တရွာလုံးမီးရှို့ခံ လိုက် ရတဲ့ မောရဝတီ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေ ဟာ မောရဝတီ ဗဟိုသာသနာပြု ဆရာ တော် အသျှင်ဝိဇယကို တွေ့ဆုံခဲ့ပြီး မေးမြန်း စုံစမ်း တာတွေ ပြုလုပ် ခဲ့ပါတယ်။ ဆရာတော်ကို ဆက်သွယ်ပြီး ဘာတွေကို ဖြေကြား ပြောဆိုခဲ့ပါ သလဲလို့ မောင်ရမ္မာက ဆက်သွယ်မေးမြန်း တဲ့ အခါ နိရဥ္စရာ သတင်းဌာနကို အောက်ပါ အတိုင်း ပြန်လည် ဖြေကြားပေး ခဲ့ပါတယ်။
မေး။ ။ ဦးဇင်းနဲ့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့နဲ့ ဘယ်နေ့ ဘယ်အချိန်မှာ တွေ့ပါလဲဘုရား။
ဖြေ။ ။ စက်တင်္ဘာလ ၁၀ ရက်နေ့ ၈ နာရီ မထိုးခင်က သူတို့ ကျောင်းကို ရောက်ပါတယ်။ ပထမ ကျောင်းကို လာလို့ ဦးဇင်းနဲ့ လာတွေ့ပါတယ်။ ဦးဇင်းနဲ့ အင်တာဗျူးလုပ်ပါတယ်။ ပြီးမှ ဦးဇင်းနဲ့ အတူ ဒုက္ခသည်စခန်းကို သွားပါတယ်။ ဒုက္ခသည်စခန်းမှာလဲ ကျေးရွာသူ ကျေးရွာသားတွေကို မေးမြန်းပြီးတော့ အင်တာဗျူး လုပ်သွားပါတယ်။
မေး။ ဦးဇင်းနဲ့ လာတွေ့တဲ့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှာ ဘယ်သူတွေ ပါပါသလဲဘုရား။
ဖြေ။ ဒေါက်တာမျိုးညွန့်တို့ တခြား ပုဂ္ဂိုလ်တွေ အကုန်လုံး ပါ၀င်ပါတယ်။ ဦးဇင်းက ဦးအေးသာအောင်၊ ဒေါက်တာ အေးမောင် တို့လောက်ဘဲ သိတာပါ။ ဘာသာပေါင်းစုံ၊ အဖွဲ့စည်းပေါင်းစုံက ကော်မရှင် အဖွဲ့ဝင်တွေ ပါ၀င်ပါတယ်။
မေး။ ။ အရှင်ဘုရားနဲ့ ရွာသားတွေကို သူတို့က ဘာတွေကို မေးမြန်းသွားခဲ့ပါသလဲ အရှင်ဘုရား။
ဖြေ။ ။ မေးမြန်း သွားတာကတော့ ရွာသားတွေကိုပါ။ အခြေအနေ စုံစမ်းပြီးတော့ ဒီမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို ဘယ် လိုပုံစံ ဖြစ်သွားသလဲဆိုတာကို မေးမြန်းသွားပါတယ်။ ဒီမှာ ၆လပိုင်း ၈ ရက်နေ့ က မီးတိုက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဘက်ကလွန်တယ်၊ ဘယ်သူ့ဘက်က များတယ်ဆိုတာကို ချိန်ဆပြီးတော့ မေးမြန်းသွား ပါတယ်။ ဒီက လူတွေကတော့ ဘယ်လိုဖြစ်တယ်ဆိုတဲ့ အကြောင်းစုံကို အသေးစိတ် ရှင်းပြ လိုက်ကြပါတယ်။
မေး။ ။ အသေးစိတ် ရှင်းပြလိုက်ပုံနဲ့ ပတ်သက်ပြီး နည်းနည်း မိန်းကြားပေးပါလားဘုရား။
ဖြေ။ ။ ဒီမှာ ဇွန်လ ၈ ရက်နေ့က ဘယ်က စတင်ပြီးတော့ ဘယ်လို သတင်းတွေ ရရှိလဲ၊ သတင်းမရဘဲ ဘယ်လို စဖြစ်တာလဲလို့ မေးပါတယ်။ မေးတဲ့အခါမှာ ရွာသားတွေက တနာရီလောက်က ဘင်္ဂလီလူအုပ်စုက မောင်တောမြို့မှာ ဆန္ဒပြ တယ်ဆိုတဲ့ သတင်းကို ကြားသိရတယ်။ နောက်ပို်င်းမှာ ကျွန်တော်တို့ ရွာသူ ရွာသားတွေ ဒီသတင်းလောက်ဘဲ ကြားသိရပြီးတော့ နေကြတယ်။ ရွာမှာအစည်းအဝေးတခု လုပ်ပြီးတော့ ကျွန်တော်တို့ သတိထားပြီး နေကြရ မယ် ဆိုပြီး နေကြတဲ့အခါမှာ ညနေ ၃ နာရီခန့်မှာ သရီကုန်ဘောင်ရွာကို မီးတိုက်တာကို ရွာသူရွာသားတွေ မြင်ပါတယ်။ မြင်သော်လည်းဘဲ ရွာသူရွာသားတွေက မီးတိုက်တာ ဟုတ်မှဟုတ်ရဲ့လား၊ ကောက်ရိုးပုံကို မီးလောင်တာလားဆိုပြီး တွေဝေနေကြတဲ့ အချိန် ည ၆ နာရီလောက်မှာ ကိုင်းကြီးရွာကို ဆက်တိုက်ပါတယ်။ ရွာက လူတွေကတော့ ကိုင်းကြီးရွာကို မီးတိုက်တာလား၊ ကောက်ရိုးပုံကို မီးတိုက်တာလား အဲဒီလိုဘဲ နေကြတဲ့အချိန် ညနေ ရ နာရီလောက်မှာ ကုလားရွာအနီးက ရခိုင်အိမ် တစ်အိမ်ကို မီးစ တိုက်ပါတယ်။ နောက်ပြီး ချိန်ခါလီ အုန်းတောကျေးရွာက ရခိုင် အိမ်တအိမ်ကို ရနာရီခွဲလောက်မှာ မီးတိုက်ပါတယ်။ အဲဒီအခါမှာ ငါတိ်ု့ ရွာကို မီးတိုက် လာပြီဆိုပြီး သိကြတယ်။ ညနေ ၉ နာရီလောက်မှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတလျှောက် မီးတိုက်ခံရတာကို အသေးစိတ် ရှင်းပြကြပါတယ်။ ဒီလို ရှင်းပြတဲ့အခါ ဘင်္ဂလီ မူဆလင်ကုလားတွေ ဘယ် လောက် ရှိလဲလို့ ထပ်မေးပါတယ်။ ရွာသူရွာသားတွေက လူဦးရေ ၅၀၀၀ ခန့်ရှိတယ်လို့ ဖြေကြပါတယ်။ ဒီလို ညဉ့်ကာလမှ လူဦးရေ ၅၀၀၀ လောက်လို့ ဘယ်လို သိနိုင်သလဲလို့ ထပ်မေးပါတယ်။ ရွာသားတွေက ဒီ ၅၀၀၀ ခန့်မှာ ဓါတ်မီး (လက်နှိပ်ဓါတ်မီး) ကိုယ်စီ ပါလာကြတဲ့ အတွက်ကြောင့် အဲဒီ ဓါတ်မီးကို ကြည့်ခြင်းအားဖြင့် သိနိုင်သလို ဓါတ်မီးမပါဘဲ နောက်ကွယ်မှာ ဘယ်လောက် ရှိနိုင်မလဲဆိုတာကို မသိနိုင်ပါ။ အဲဒီ ဘင်္ဂလီ လူအုပ်စုကြီးဟာ လိုအပ်တဲ့ ပစ္စည်းတွေကို အကုန် ယူပြီးတော့ အိမ်တွေကို လောင်စာဆီ ပက်ဖျန်းပြီး တတန်းပြီး တတန်း မီးတိုက်သွားတယ်ဆိုတာကို ရှင်းပြ ကြပါတယ်။
မေး။ နောက်ထပ် ဘာများ မေးမြန်းသွားပါသေးလဲ ဘုရား။
ဖြေ။ နောက်ပြီး ဒီဒေသမှာ ရေရှည်နေထိုင်ဖို့ ဆန္ဒရှိသလား။ ရှေ့ကိုဆက်ပြီး နေနိုင် လိုသေး သလားလို့ မေးပါတယ်။ ရွာသူရွာသားတွေက နိုင်ငံတော် အစိုးရအပေါ်မှာ မူတည်တယ်။ နိုင်ငံတော်အစိုးရက ဘယ်လောက်ထိ လုံခြံုရေး ပေးနိုင်မလဲ။ ဘယ်အတိုင်းအတာထိ ချထားနိုင်မလဲ။ ဘာဖြစ်လို့လဲဆိုတော့ အယင်တုန်းကလဲ ၁၉၉၄ ခု နှစ် မေလ ၁ ရက်နေ့မှာလဲ အိမ်ခြေ ၁၄ ဆောင်၊ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးရှို့တာကို ခံခဲ့ရတယ်။ လူတယောက် သေဆုံးပြီးတော့ တယောက် ဒဏ်ရာ ရရှိခဲ့တယ်။ ဒါတွေကိုတော့ မြန်မာနိုင်ငံက လူတွေ မသိရှိကြပါဘူး။ အဲဒီအချိန်ကလည်း လုံခြံုရေးပေးမယ် ဆိုပြီး အစိုးရ တာဝန်ရှိသူတွေက အာမခံ ပြောခဲ့ပါတယ်။ အခုအချိန်မှာလည်းဘဲ လုံခြံုရေးပေးမယ်။ စိတ်ချပါဆိုပြီး နိုင်ငံတော် အစိုးရက ကတိပေးထားပါတယ်။ သို့သော်လည်း နိုင်ငံတော် အစိုးရက ဘယ်အတိုင်းအတာထိ လုံခြံုရေး ပေးနိုင် မလဲ။ တကယ်လက်တွေ့မှာ မြန်မာ တိုင်းရင်းသားတွေကို ကာကွယ်ပေးသလား ဆိုတာကို ကျေးရွာသူ ကျေးရွာသားတွေက စောင့်ကြည့်နေကြပါတယ်။ လုံခြံုရေး ရှိရင် နေထိုင်သွားဖို့ကတော့ ဖြစ်နိုင်ပါတယ်လို့ ပြောကြပါတယ်။
မေး။ ။အရှင်ဘုရားကိုကော တစ်ဦးချင်း တွေ့ဆုံတဲ့ခါ ဘာတွေများ မေးမြန်းလျှောက်ထားတာ ရှိပါလဲ ဘုရား။
ဖြေ။ ။ ဒီနေရာမှာ ခုလို ဖြစ်မယ်ဆိုတဲ့ ကိစ္စကို ကြိုတင်ပြီး သိလား၊ ဖြစ်ပြီးမှ သိသလားလို့ ဦးဇင်းကို ကိုယ်တိုင် သူတို့ မေးပါတယ်။ ဦးဇင်းက ကြိုတင်ဖြစ်ဖို့ဆိုတာကို ဦးဇင်းတို့ သိထားပါတယ်။ သို့သော် ဘယ်နေ့ ဘယ်ရက် ဖြစ်လာမလဲ ဆိုတာကိုတော့ နှစ်အကန့်အသတ်နှင့် ရက်အကန့်အသတ်နဲ့ မသိပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ဦးဇင်းတို့ ၁၉၄၂ ခုနှစ် မေလ ၁၃ ရက်နေ့မှာ ဖြစ်သွားခဲ့တဲ့ တကြိမ်၊ နောက် ၁၉၈၈ မှာ တကြိမ်၊ ၁၉၉၄ ခုနှစ်ကတကြိမ်် စသည်အားဖြင့် အဲဒါတွေကို အခြေခံပြီး ကြည့်လိုက်တဲ့အခါမှာ အခုလဲ ဒီအတိုင်း ဖြစ်လာမယ် ဆိုတာကို ဦးဇင်းတို့ သိထားတယ်လို့ ဖြေကြားလိုက်ပါတယ်။ နောက်ထပ်မံပြီးတော့ ဖြစ်နိုင်တဲ့ အလားအလာ ရှိသလား စသဖြင့်တော့ မေးပါတယ်။ နိုင်ငံတော် အစိုးရက လုံခြံုရေးချပေးမယ်လို့ တော့ ပြောပါတယ်။ ဦးဇင်းက ပြည်သူ့စစ်တွေကိုလည်း အခါအားလျော်စွာ ချပေးတာရှိတယ်။ သို့သော် ဤနေရာ ဤဒေသမှာ ပြည်သူ့စစ်တွေ ဘယ်လောက် ဘဲ ချထားစေကာမူ လက်နက် အပ်နှံမှု မရှိခဲ့ရင် ဘာမှ လုံခြံုရေးကို ယူလို့ မရဘူး။ ပြည်သူတွေမှာလည်း လုံခြံုမူ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောရဝတီ ကျေးရွာသည် အနီးကပ်ဆုံး ဘင်္ဂလီကျေးရွာတွေက ၀ိုင်းရံပြီးနေရသော ကျေးရွာ ဖြစ်တဲ့အတွက်ကြောင့် ၅ မိနစ် ၁၀ မိနစ် အတွင်းမှာ ဘင်္ဂလီ မွတ်ဆလင်တွေက ပြာကျအောင် လုပ်နိုင်တဲ့ အတွက် ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် ပြည်သူ့စစ် ဖွဲ့ထားရုံမျှနဲ့ မဖြစ်နိုင်ပါဘူး။ ဒီမှာ ပြဿနာ ဖြစ်တာနဲ့ အထက်လူကြီးတွေက အစည်းအဝေး ထိုင်ဖို့တမျိုး၊ အောက်က ငယ်သားတွေက အထက်က လူကြီးတွေရဲ့ အမိန့်အာဏာ စောင့်ဆိုင်း ရတာက တမျိုးနဲ့၊ အဲဒီ စောင့်ဆိုင်း နေချိန် အတွင်းမှာဘဲ ဒီကျေးရွာတွေဟာ ၅ မိနစ် ၁၀ မိနစ်နဲ့ ပြာကျသွားရပြီ။ ဒါကြောင့် သူတို့မှာ (ဘင်္ဂလီ) ခုလို ပြုလုပ်မယ့် စီမံကိန်းတွေကို ရေးဆွဲပြီးသား ဖြစ်နေတဲ့ အတွက်ကြောင့် နောင် လာလတ္တံံ့သော ကာလမျိုးမှာလည်း ခုလို မီးရှို့မူတွေ၊ လူသတ်တာတွေ ဆက်လက်ပြီး ဖြစ်နိုင်တယ် ဆိုတာကို ဦးဇင်း ပြောပြလိုက်ပါတယ်။
မေး။ ။ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ တစ်ခြား ဘယ်နေရာတွေကို သွားရောက် မေးမြန်းခဲ့တယ်လို့ ကြားရပါလဲ ဘုရား။
ဖြေ။ ။ နှစ်နေရာကိုဘဲ ရောက်ခဲ့တယ်လို့ ဦးဇင်းတို့ ကြားပါတယ်။ ပထမဆုံး စစ်တွေက လာတာနဲ့ ဦးဇင်းတို့ မောရဝတီကို ၀င်ပါတယ်။ အဲဒီကနေ ခရေမြိုင်ကို ၀င်ခဲ့တယ်လို့ သိရပါတယ်။
မေး။ ။ ကော်မရှင်အဖွဲ့ဟာ ဘင်္ဂလီမူဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက် မေးမြန်းခဲ့ပါသေးလား ဘုရား။
ဖြေ။ ။ ဒီမှာက မူဆလင်ဒုက္ခသည်စခန်းဆိုတာ မရှိဘူး ။ ဘာဖြစ်လို့လဲဆိုတော့ မောင်တော မြို့နယ်မှာက သူတို့ ဘင်္ဂလီတွေကို ဘယ်တိုင်းရင်းသားတွေက လုပ်ကြံခဲ့တာ၊ တိုက်ခိုက်ခဲတာ မရှိခဲ့ပါဘူး။ သူတို့ကဘဲ တိုင်းရင်းသားရွာတွေကို မီးရှို့ပြီး လူတွေကို သတ်သွားတာပါ။ ဒါကြောင် မောင်တောမြို့နယ်မှာ ဘင်္ဂလီ ဒုက္ခသည် စခန်းဆိုပြီး မရှိပါ။
( မှတ်ချက်။ ဦးဝိဇယ အရှင်ဘုရားသည် မောရဝတီ ကျေးရွာသို့ သာသနာပြုရန်အတွက် ၁၉၉၃ ခုနှစ်တွင် ရောက်ရှိလာပြီး ၁၉၉၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ပထမအကြိမ် ကျောင်းကို ဘင်္ဂလီများက မီးရှို့ခဲ့သည်။ ယခု တစ် ကြိမ် ၂၀၁၂ ခု ဇွန်လ ၈ ရက်နေ့တွင် တကြိမ် ကျောင်းကို မီးရှို့ခံခဲ့ရသည်။ )