မတူပီမြို့ပေါ်တွင် USDP က ပါတီစည်းရုံးရေး လက်တွေ့ဆင့်ပွားသင်တန်းပို့ချ

မတူပီမြို့ပေါ်တွင် USDP က ပါတီစည်းရုံးရေး လက်တွေ့ဆင့်ပွားသင်တန်းပို့ချ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်မတူပီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယခု ၅ ရက်နေ့မှ ရ ရက်နေ့အထိ ကျေးရွာ စည်း ရုံးရေး လက်တွေ့ဆင့်ပွား သင်တန်းပို့ချကြောင်း သိရသည်။

သင်တန်းကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြုလုပ်ကြပြီး မတူပီမြို့နယ် ၆၈ အုပ်စုမှ သင်တန်း သား ၅၈ ဦးတက် ရောက် ကြောင်း၊ သင်တန်းဆရာများအဖြစ် ဦး ကျွန်ဘိတ်( အတွင်းရေးမှူး- ချင်းပြည်နယ်)၊ ဦးအောင်ထန်း(ပြည်နယ် အလုပ်အမှု ဆောင်ကော်မတီဝင်)၊ ဦး ရာမ်သန်း (ခရိုင် အလုပ်အမှုဆောင်ကော်မီ တီဝင်)၊ ဦး ဗန်လျန်မန်း(မြို့နယ်အတွင်းရေးမှူး)၊ ဦး ပေါလု(မြို့ နယ်အလုပ်အမှူဆောင်ကော်မီတီဝင်) စုစုပေါင်း(၅)ဦးပါ၀င်ကြောင်း သိရသည်။

အုပ်ချုပ်ရေးမူကြမ်း၊ နယ်မြေ ကွင်းဆင်း စည်းရုံးရေးလမ်းညွန်ချက်၊  ပြည်သူများ ဧ။် လက်တွေ့ ခက်ခဲမှူများ၊  လိုအပ် ချက် များ သက်ဆိုင်ရာသို့ သတင်းပေးပို့ နည်း တို့ကို ပို့ချကြောင်း သိရ သည်။

“ ပါတီစည်းရုံးရေးဆိုပေမဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပို့ချတာဖြစ်တယ်၊ မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်တွေက ခေါ်ယူတယ်၊ သင်တန်းသားတွေကို တနေ့ ကျပ်ငွေ ၂၅၀၀ စီ ထုတ်ပေးတယ်” ဟု သင်တန်းသား တဦးက ပြောသည်။

လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရကနေ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်တွေကို အလေးထား ပို့ချကြောင်း၊ သင်တန်းပို့ချပုံစံ အားရစရာကောင်းကြောင်း ဆက်ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံး အနိုင် ရရှိသွားသည့် ကြားဖြတ်ရွေးကောက်ပွဲအပြီး မိမိတို့ ပါတီ ပိုမို ကျစ်လစ် ခိုင်မာရေးကို ချင်းပြည်နယ် အတွင်း ပိုပြီး အလေး ထား လုပ်ဆောင်လှုပ်ရှားလာသည်။

Most read this week