ယနေ့နံနက်ပိုင်း၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့် လွင် (ခေါ် ) စို်င်းနွတ် ဦးဆောင်၍ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ထံ ပါတီဝင်လူဦးရေ ပြည့်ကြောင်း စာရင်းတင်ပြခဲ့သည်ဟု ဆိုသည်။
“သတ်မှတ်ချက်အရ တတိုင်းပြည်လုံးအနေအထားနဲ့ဆိုရင် ပါတီဝင်လူဦးရေ က အယောက်တထောင် ထက် မနည်းရှိရမယ်။ အခုက လူဦးရေ ထောင်ကျော်နေပြီလေ။ ဒီကနေ့ ကျနော်တို့ GS နဲ့ အဖွဲ့ နေပြည်တော်ကို စာရင်းသွားတင်နေ တယ်” - ဟု ရန်ကုန်ရုံးချုပ် ရှိ လူငယ်တဦးကပြောပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့် လွင် (ခေါ် ) စို်င်းနွတ် နှင့် သုတေသန ဌာနမှူး စိုင်းထွန်းအေးတို့ ဦးဆောင်သည့်အဖွဲ့ကယနေ့မနက်ပိုင်းနေပြည်တော်သို့ရောက်ရှိကြောင်း စိုင်းညွန့်လွင်ကပြောသည်။
“ကျနော်တို့ ဒီမနက်နေပြည်တော်ရောက်တယ်။ ပါတီဝင်လူဦးရေစာရင်းတင်တာ။ အခုတင်ပြီးသွားပြီ ”
ပါတီဝင်ပုဂ္ဂိုလ်များသည် လူဟောင်းတဝက် နှင့် အားသစ် လောင်း ဖြည့်ထားသည့် လူငယ်များ တဝက်ပါသည်ဟု ပြောခွင့်ရ စိုင်းလိတ် ကပြောပါသည်။
“ကျနော်တို့ဥက္ကဌနဲ့အတွင်းရေးမှူး အကျဉ်းကျ နေစဉ် ကာလအတွင်းမှာရော သူတို့အကျဉ်းမကျစဉ် ကတည်းကရော သူတို့ ပြုစုပျိုး ထောင်ခဲ့တဲ့ လူငယ်တွေ ရှိတယ်။ အဲဒီလူငယ်တွေ စကောလားရှစ်ရ လို့ဘဲဖြစ် ဖြစ်၊ အကြောင်းတစုံတရာကြောင့် အခွင့်ရေးရလို့ နိုင်ငံခြား ထွက်ပြီး ပညာသင်ယူ နေတဲ့ အနေအထားဘဲဖြစ်ဖြစ် အဲဒီပုဂ္ဂိုလ်တွေကို အများဆုံးပြန်လည်ပြီး တော့ အားဖြည့်ထား ပါတယ်။ ဟောင်ကောင်တက္ကသိုလ်၊ ထိုင်းက ကျုလား လုံးကွန်း ၊ အမေရိကန်နိုင်ငံ တွေမှာ နိုင်ငံရေးသိပ္ပံ၊ ဥပဒေပညာရပ် သွားလေ့လာခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကိုပြန်ပြီး တော့မှ အားဖြည့်ထားပါတယ်” - ဟု ဆို၏။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၁၉၉၀ ရွေးကောက်ပွဲက မဲဆန္ဒနယ် ၂၃ နေရာအနိုင်ရရှိ ခဲ့၏။ ၂၀၀၃ ခုနှစ်က စတင်ခဲ့သော အမျိုးသားညီလာခံတွင်ပါဝင်ခဲ့သော်လည်း တိုင်းရင်းသား တန်းတူရေး အား ဖွဲ့စည်း ပုံ၌ ထည့်သွင်းရေးသား ထားခြင်းမရှိသောကြောင့် ၂၀၀၄ တွင် နှုတ်ထွက်ခဲ့သည်။ ၂၀၀၄- ၂၀၀၅ တွင် စစ်အစိုးရက ပြည်ထောင်စုမှခွဲထွက်လိုမှု၊ မတရား အသင်းအပင်း ဖွဲ့စည်း မှု၊ နိုင်ငံတော် ပုန်ကန်မှုစသည့်အမှုပေါင်းများစွာဖြင့် စွပ်စွဲကာ ပါတီဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေ အတွင်း ရေး မှူး စိုင်းညွန့် လွင်၊ ဗဟိုအလုပ်အမှုဆောင် စိုင်းလှအောင် တို့အား ဖမ်းဆီးကာ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခဲ့သည်။ ထို့အတွက် ကြောင့် နအဖ စစ်အစိုးရ ဦးစီးကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမပြုခဲ့ပေ။
ယခုနှစ်ဆန်းပိုင်း ဦးသိန်းစိန်အစိုးရ၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အဆိုပါသျှမ်းခေါင်းဆောင်များပြန်လည်လွှတ် မြောက် လာပြီး နိုင်ငံရေး လောက အတွင်းတရားဝင်လှုပ်ရှားနိုင်ရန် ပါတီမှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။