ပျုခေတ်အထောက်အထားများ ချင်းပြည်တောင်ပိုင်းတွင် ကွင်းဆင်းသုသေသန လုပ်မည်

ပျုခေတ်အထောက်အထားများ ချင်းပြည်တောင်ပိုင်းတွင် ကွင်းဆင်းသုသေသန လုပ်မည်
by -
ခိုနူမ်းထုန်

လက်ရှိအစိုးရက လာမည် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ် နှင့် မင်းတပ်မြို့နယ် များတွင် ပျူ ခေတ် အထောက် အထားများရှိမရှိ ကွင်းဆင်းသုသေသနပြု မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအစိုးရမှ ကျင်းပနေသည့် ၁၈ ရက်မြောက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ယာဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိ ယ ၀န်ကြီး ဒေါ် စန္ဒာခင် က ပြောပြခြင်းဖြစ်သည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အမှတ် (၈)မဲဆန္ဒနယ်၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟန်ရှိန်းဘွေက အစိုးရ ရှေးဟောင်း သုသေသန ဦးစီးဌာနမှ ပညာရှင်များ စေလွှတ်ပြီး မင်းတပ်ခရိုင် အ တွင်း ချိုးချင်းလူမျိုးများသည် ပျူမျိုးနွယ်များဖြစ်ကြောင်း လေ့လာရန် အစီအစဉ်ရှိမရှိ မေးမြန်းချက်ကို ဒုတိယဝန်ကြီး က ဖြေကြားလိုက်ခြင်းဖြစ်သည်။

“ အဲဒါ ချင်းအမျိုးသားစည်းလုံးညီညွတ်မှုကို သွေးခွဲတာပဲ၊ အထူးသဖြင် အစိုးရ ကြိုးဆွဲရာက နေတဲ့ နိုင်ငံရေးသမား တချို့ရဲ့ လုပ်ရပ်လို့မြင်တယ်၊ ချိုးချင်းတွေသာ ပျူလူမျိုးဖြစ်ယင် ချိုးမျိုးနွယ်မကလို့ ကျန် ချင်းမျိုးနွယ်အားလုံးလည်း ပျူဖြစ်သွား တော့မှာပေါ့ ” ဟု ချင်းမျိုးသားတပ်ဦးရဲ့ ဗဟိုကော်မီတီ ၀င်ဖြစ်သူ  ပူး ငိုင်းကြားထန်း က ပြော သည်။

ဆက်လက်ပြီး ၀န်ကြီးက ၁၉၉၂ ခုနှစ်မှ စပြီး ပျူယာဉ်ကျေးမှု ထွန်းကားရာ ဒေသဖြစ်သည့် ဗိသာနိုး၊ ဟန်လင်း၊ သရေ ခေတ္တရာ၊ တကောင်းဒေသ များနှင့် ပါတ်ဝန်းကျင်ဒေသများကို ကွင်းဆင်းသုသေသန ပြုပြီးဖြစ်ကြောင်း ၁၈ ရက်နေ့ ထုတ် မြန်မာ့ အလင်းသတင်းစာတွင်ဖော်ပြထားသည်။

“ ဒီကိစ္စက ဒေသအတွင်း အင်မတန်ဂယက်ရိုက်လာမှာသေချာတယ်၊ အထူး သတိထားရမည့် ကိစ္စဖြစ်တယ်” ဟု ဒေသ ခံလူကြီးတဦးက ပြောသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီမြစ်အနောက်ဖက်ခြမ်းဒေသရှိ စလင်းမြို့နယ် နှင့် စေတုတ္တရာ မြို့နယ် များသို့ လည်း ကွင်းဆင်းလေ့လာ မှုပြုသွားမှာဖြစ်ကြောင်း ၀န်ကြီးက ဖြေကြား ခဲ့သည်။

ချိုးချင်းတို့သည် ဗြိတိသျှတို့ ချင်းတောင်ကို ၀င်ရောက်သိမ်းပိုက်လာချိန် နှင့် လွတ်လပ်ရေးအကြို ကာလ တလျှောက်လုံး ချင်း အမျိုးသားနိုင်ငံရေး ဦးဆောင်မှုတွင် တတပ်တအားပါ၀င်ခဲ့ကြသည့် ချင်းမျိုးနွယ်စု များဖြစ်ကြသည်။

Most read this week