ကရင်နီပြည်နယ် ကားလမ်းသွားလာမှုအခက် အခဲဆုံးမြို့ဖြစ်တဲ့ ရှားတောမြို့ကိုသွားတဲ့လမ်းမ ကြီးကို အထူးပြင်ဆင် ထိန်းသိမ်းတဲ့အနေနဲ့ စီမံကိန်းတွေ စတင်အကောင်အထည်ဖော်နေတာ ကိုတွေ့ရ ပါတယ်။
ဆောက်လုပ်ရေးဌာနမှ ဝန်ထမ်းတဦးက “မြို့နယ်အဆင့်ဆိုတော့ လက်ရှိ အနေအထားကိုတော့ နည်းနည်း လေး တိုးတက်ကောင်း မွန်လာအောင် လုပ်ပေးတဲ့ အဆင့်လောက်ဘဲ အထူးပြုပြင် ထိန်းသိမ်းခြင်းပေါ့ အဆင့်မြင့်ဆိုတဲ့ အမျိုးအစား မျိုးမဟုတ်ဘူး။” လို့ ပြောပါတယ်။
၂၀၁၂- ၂၀၁၃ ခုနှစ်အတွင်း လမ်းတွေကို မြို့နယ်ဆောက်လုပ်ရေး ဌာနကနေ တဆင့် ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ ဘတ်ဂျက်တွေ တင်ပြထား ပြီးဖြစ်တယ်လို့ သိရပါတယ်။ စီမံကိန်း အစပျိုးအနေနဲ့ ကျောက်ထုတ် တာတွေ စတင်လုပ်ဆောင်နေပါတယ်။
ရှားတောမြို့ကိုသွားတဲ့ ကားလမ်းမမှာ အမာခံလမ်း ၁၃ မိုင်ရှိတဲ့အထဲမှာ ကတ္တရာလမ်းတင်ဖို့ လေးမိုင်လေးဖာ လုံလောက် ဆက်လက်လုပ် သွားဖို့အစီအစဉ်ရှိပြီး အန္တာရာယ်ရှိတဲ့အကွေ့တွေမှာ လမ်းတွေကိုချဲ့သွားမယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးဌာနမှ အင်ဂျင်နီယာနှင့် နီးစပ်သူတဦးက “အဓိကတော့သွားလာရတာ အရင် ၆ နာရီခရီးက နေ ၄ နာရီ ခရီး မောင်းချိန်တိုးတက် လာမှု ပြင်ဆင်ထိန်းသိမ်းလာမှု အဲလိုအဆင့်ရည်ရွယ်တာ။ ပြည်မကလို တကယ့်သွားရေး လာရေး ကောင်းတဲ့ လမ်းအတိုင်းနဲ့တော့ နှိုင်းယှဉ်လို့မရသေးဘူးပေါ့။ တကယ်လုပ်မယ် ဆိုရင်လဲ ကျနော်တို့ အင်အားနဲ့ မရပါဘူး။ တကယ့်စီမံကိန်းအကြီးစားတွေ ဝင်လာမှလျှောခနဲဆိုပြီးသွားမှာပါ။” လို့ ပြောပါတယ်။
လွိုင်ကော်မြို့နယ်ကနေ ရှားတောမြို့ အကွာအဝေးမိုင် ၄၀ ရှိတဲ့ အထဲမှာ ကျောက်ချော လမ်းကစုစုပေါင်း ၂၆ မိုင်၊ အမာခံလမ်းက ၁၃ မိုင် ကတ္တရာလမ်းက ၁ မိုင်ရှိပါတယ်။ လွိုင်ကော်မြို့ကနေ ရှားတောမြို့ ကိုသွားတဲ့ ကားလမ်းမကြီးမှာ ကတ္တရာလမ်း မရှိသေးပါဘူး။ ရှားတောမြို့အဝင် တမိုင်လောက်မှ သာလျှင် ပျက်စီးနေတဲ့ ကတ္တရာလမ်း ခင်းကိုတွေ့ရတာပါ။ ရှားတောမြို့မှ သံလွင်မြစ်ဘက်ကို ၉ မိုင်ကျော်လောက် ဆက်သွားရတဲ့ တာတမော့ အထိ ရှိတဲ့ မြေလမ်းကိုလည်း ပြုပြင်နိုင်ဖို့ အစီအစဉ်ရှိတယ်လို့သိရပါတယ်။