မွန်ပြည်နယ်သို့ ရောက်ရှိလာသော NLD ခေါင်းဆောင်များကို မွန်ပြည်သစ်ကြိုဆို

မွန်ပြည်နယ်သို့ ရောက်ရှိလာသော NLD ခေါင်းဆောင်များကို မွန်ပြည်သစ်ကြိုဆို
by -
ရွှေဟင်္သာ

မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိ လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ကိုယ်စားလှယ် အဖွဲ့များကို မွန် ပြည်သစ် ပါတီ ခေါင်းဆောင် တချို့က သွားရောက် တွေ့ဆုံ ခဲ့ကြသည်ဟု ဗဟို အလုပ်မှု ဆောင် တဦးဖြစ်သူ နိုင်တလညီက ပြောပါသည်။

NMSP

“(NLD) ဗဟိုညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ တွေပါ။ သူတို့ မွန်ပြည်နယ်ကို ရောက်လာတော့ ကျနော် တို့ကို ဖိတ်ကြား တယ်။ ကျနော်တို့လဲ သွားရောက်နှုတ်ဆက် ကြတာပါဘဲ။ တစ်ဖက်နဲ့ တစ်ဖက် ပြန်လှန် မိတ်ဖွဲ့ ကြတဲ့ သဘောပါ” ဟု ဆို ပါသည်။

ဥက္ကဌ ဦးတင်ဦး ခေါင်းဆောင်သော (NLD) ဗဟို ညီလာခံကျင်းပရေး ကော်မရှင် အဖွဲ့ တို့သည် သြဂုတ်လ (၂၅) ရက်နေ့ နံနက် (၅) နာရီချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ Starnd Hotel သို့ ရောက်ရှိလာ ခဲ့ခြင်းဖြစ်ပါသည်။

ယင်းအဖွဲ့သည် မော်လမြိုင်မြို့တွင်းရှိ မွန်ပြည်သစ်ပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ တို့ကိုလည်း ဖိတ်ကြားကာ မိတ်ဆုံစားပွဲ ပြုလုပ်ခဲ့သည်။

မွန်ပြည်သစ် ပါတီဖက်မှ ဗဟို အလုပ်မှုဆောင် နိုင်တလညီ ဦးဆောင်ပြီး ဗိုလ်မှုုးကျဉ်ဆံ နှင့် အဖွဲ့ဝင် (၂) ဦး တက်ရောက် ခဲ့ပါသည်။ ထို့အတူ မွန်ဒီမိုကရေစီ ပါတီမှ နိုင်လယီတမ၊ မင်းကျော်ဝင်း၊ မင်းချမ်းမွန် တို့လည်း တက်ရောက်ခဲ့ပြီး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီမှ ဦးစံသောင်း၊ ဦးအောင်သန်းဦးတို့ကတက် ရောက် ခဲ့ပါသည်။ ပြည်ခိုင်ဖြိုး ပါတီ တဖွဲ့သာ ထိုတွေ့ဆုံပွဲကို တက်ရောက်ခဲ့ ခြင်းမရှိပေ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် အဖွဲ့၌မူ ကော်မရှင် ဥက္ကဌ ဦးတင်ဦး၊ အတွင်းရေး မှုုး ဦးဉာဏ်ဝင်းနှင့် အဖွဲ့ဝင် (၇) ဦးက လာရောက်ခဲ့ခြင်းဖြစ်ပါသည်။

Most read this week