ယခုလက်ရှိ အခြေခံ ဥပဒေတွင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို အကျယ်တဝင့် ရေးဆွဲပြဌာန်း ပေးထား ခြင်း မရှိသည့် အတွက် စစ်ပြေး ကလေးသူငယ်များ ပြသနာဖြေရှင်းရေးသည် မလွယ်ကူသေးဟု ကရင်နီတိုးတက်ရေး ပါတီ (KNPP) အ တွင်းရေးမှုုး ခွန်းဦးရယ်က ယမန်နေ့၌ ကျင်းပသော Geniva Call အစည်းအဝေး အပြီးတွင် ပြောကြား လိုက်ပါသည်။
“ကျနော်တို့မှာ ကလေးသူငယ်များနဲ့ ပတ်သက်ပြီး အခြေခံဥပဒေ ရေးဆွဲပေးထားတာ ရှိခဲ့တာတောင် လောလောဆယ် ခုခံတော်လှန်ရေး ကာလမို့ အကောင်အထည် မဖော်ပေး နိုင်သေးဘူးလေး။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာလည်း တိုင်းရင်း သားတို့ရဲ့ အခန်းကဏ္ဍတွေ အကျယ်တဝင့် ရေးဆွဲပြဌာန်း ပေးထားတာ မရှိဘူးဆိုတော့ ငြိမ်းချမ်းရေး ရဖို့ မလွယ်သေးဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးမရှိရင် ကလေးများရဲ့ အနာဂတ် ဟာ ရှေ့ဆက်သွား ဖို့ တော့တော့ကို ခက်မှာဘဲ။” ဟုဆိုပါသည်။
KNPP ပါတီသည် ပြီးခဲ့သည် သြဂုတ်လ (၂) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကလေးစစ်သား မသုံးပြုရေး စာချွန်လွာကို သဘောတူလက်မှတ် ရေးထိုးခဲ့သည်။ KNPP သည်လက်ရှိ ရင်ဆိုင်နေသည့် နိုင်ငံရေး အခြေအနေ တင်းမာ မှုများ ရှိနေသောကြောင့် ယင်းသဘောတူချက် စာချွန်လွှာအတိုင်း ဆက်လက် အကောင်အထည်နိုင်ရန် အခက်အခဲဖြစ်နေ ပါသည်။
ပြည်တွင်း၌ တိုက်ပွဲများ ဆက်ရှိနေပါက စစ်ပြေးကလေးငယ်များ ဆက်ရှိ နေဦးမည် ဖြစ်သည်။ ဤသို့ကြောင့် စစ်ပြေး က လေးများ မည်သို့ နေရာချထားပြီး မည်သူတာဝန်ယူမည်ကို (Geneva call) အနေနှင့် နားလည်ရန် ဖြစ်သည်။ (Geneva call) သည်လည်း ကလေးများကို တာဝန်ယူပေးမည့် အစီစဉ်မရှိသဖြင့် ဤကိစ္စလက်တွေ့ ဖေါ်ဆောင်ရန် ခက်ခဲနေဦးမည် ဖြစ်သည်။
ကလေးများ နေရာချထားရေး၊ ပညာရေး၊ စားဝတ်နေရေးပြသနာများကို ၀ိုင်းဝန်းတာဝန်ယူဆောင်ရွက်ပေး ပါမှ ပြေလည် လိမ့်မည်ဖြစ်သည်။ ဤသို့ကြောင့် (Geneva call) အဖွဲ့ တို့နှင့် ဤကိစ္စ၌ အချိန်ယူလက်တွဲပြီး လုပ်ဆောင်သွားရလိမ့် မည် ဖြစ်သည်ဟု ဆိုပါ သည်။
ဥပဒေအရ ကြည့်လျှင် ယနေ့ပြုလုပ်နေသော ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္တပုံမှန် အစည်းအဝေး တွင် တိုင်းရင်း သားများနှင့် သက်ဆိုင် သော အသေးစိတ် ခြေခံဥပဒေ ပြဌာန်းချက်များ ရေးဆွဲပြဌာန်း ပေးနိုင်ခြင်း မရှိခဲ့သည်ကို ရည်ညွန်း ပြောကြားသွားခြင်း ဖြစ် ပါသည်။ အစိုးရသည် တိုင်းပြည်ငြိမ်းချမ်းရေး အတွက် မှန်ကန်တိကျသော အစီစဉ်မရှိသေးကြောင်း ဆိုပါသည်။
ကရင်နီတိုးတက်ရေးပါတီ၏ အပစ်အခတ်ရပ်စဲရေးခရီးစဉ်
၄င်းအပြင် လက်တွေ့၌လည်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ပါတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းသည် ရှမ်းပြည်နယ်တွင်း အပစ်အခတ်ရပ်စဲရေး အခြေအနေကို သြဂုတ်လ (၂၀) ရက်နေ့တွင် လွှတ်တော်သို့တင်ပြခဲ့ပါသည်။ http://www.kawli.info/?p=2520
“ ဦးအောင်မင်းက ရိုးသားတယ်ထားအုံး သူလုပ်ဆောင်ပေးရမဲ့ မူတွေ ရိုးသားမှုမရှိဘူး ဆိုလျှင် ဘာမှ ဖြစ်လာမှာ မဟုတ် ဘူး။ ဦးအောင်မင်းကို ကျနော်တို့ ယုံကြည်ချင်ပါတယ်။ ကျနော်တို့ မယုံကြည်တာက ယခုလက်ရှိ သူ အကောင်အထည် ဖော် ပေးနေရတဲ့ မူပေါ်လစီ ပြောကြားချက်တွေ ဖြစ်တယ်။” ဟု ဆိုပါသည်။ ၄င်းတို့၏ ပေါ်လစီများမှာ http://www.president-office.gov.mm/briefing-room/daily-news/news1200
ကရင်နီ တိုးတက်ရေး ပါတီ (KNPP) သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် ပြည်နယ် အဆင့် မူ (၅) ချက်ကို ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့တွင် လက်ခံသဘောတူ လက်မှတ်ရေးထိုး ထားခဲ့ပြီး ဖြစ်သည်။ သို့သော် ဆက်ဆံရေးရုံး ဖွင့်လှစ်မှုမှ တပါး ဘယ်သဘောတူညီချက်မှ အကောင် အထည် ဖော်လုပ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ဟု ဆိုပါ သည်။
ဤသို့ကြောင့် ပြည်တွင်းငြိမ်းချမ်းမှု အခြေအနေ စိုးရိမ်နေရဆဲဖြစ်သည်။ စစ်ပွဲများ ဆက်ဖြစ်နေပါက KNPP သို့ရောက်လာ သော စစ်ပြေး ကလေးများ ပြသနာသည် ပြန်လည်နေရာချထားမှု ခက်ခဲနေလိမ့်ဦးမည်ဟု ဆိုပါသည်။ ဤကိစ္စကို ပြည်ပအဖွဲ့ အစည်း (Geneva call) အဖွဲ့ အနေနှင့်လည်း ပြသနာအရင်းခံအ ပေါ် မူတည်ပြီး ၀ိုင်းဝန်းကူညီဖြေရှင်းရန် လိုအပ်လှပါ သည်။