မြောက်ဦး၊ မင်းပြား ပုဒ်မ ၁၄၄ ထုတ်ပြီး ၂ နာရီ အကြာတွင် ပြန်ရုတ်သိမ်း

မြောက်ဦး၊ မင်းပြား ပုဒ်မ ၁၄၄ ထုတ်ပြီး ၂ နာရီ အကြာတွင် ပြန်ရုတ်သိမ်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄  ထုတ်ပြန် သော်လည်း ထုတ်ပြန်ပြီးသည်နှင့် ချက်ချင်း  ပြန်ရုတ်သိမ်းသွားကြောင်း သတင်း ရရှိသည်။

“ ကျွန်တော်တို့ မြောက်ဦးမြို့မှာ သြဂတ်စ်လ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့က ညနေ ၅ နာရီမှာ ထုတ်ပါတယ်။  ရ နာရီမှာ ပုဒ်မ ၁၄၄ ကို ပြန်ရုတ်သိမ်းသွားခဲ့ပါတယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒုဥက္ကဌ ဦးအေးမောင်သန်းက ပြောသည်။

ယခုကဲ့သို့ ပုဒ်မ ၁၄၄ ထုတ်ပြီး ၂ နာရီခန့် အကြာတွင် ပြန်ရုတ်သိမ်းသွားခြင်းမှာ ဗျူဟာမှူးက ပုဒ်မ ၁၄၄ ထုတ်ပြန်သော်လည်း မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်မထိုး၍ ဖြစ်ကြောင်း  သူက ဆက်ပြောသည်။

“ ပုဒ်မ ၁၄၄ ထုတ်ရအောင်ထိ အခြေအနေက ဆိုးရွားနေတာ မဟုတ်တော့ မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုးဖို့ ငြင်းဆန်တယ်လို့ ဆိုတယ်။ ဒါကြောင့် ညမထွက်ရ အမိန့် ကာဗျူးက မြောက်ဦးမှာ ၂ နာရီဘဲ ကြာခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

အလားတူ မင်းပြားတွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း အသက်ဝင်မူ မရှိခဲ့ကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက  ပြောသည်။

“ ပုဒ်မ ၁၄၄ ထုတ်တော့ မြို့ပေါ်က လူတွေ ကန့်ကွက်ကြတယ်။ ရဲနဲ့ စစ်တပ်ကလည်း လုံခြံုရေး ပေးနိုင်တာလည်း မဟုတ်ဘဲနဲ့ ပုဒ်မ ၁၄၄  ထုတ်ရင်  မြို့ကို ဘယ်သူက ကာကွယ်စောင့်ရှောက်မှာလဲ ဆိုပြီးတော့ မေးကြတယ်။ စောဒက တက်ကြတယ်။ နောက်ပိုင်းတော့ ပုဒ်မ၁၄၄ က ပျက်သွား ပါတယ်” ဟု ပြောသည်။

သို့သော်လည်း ညဉ့် ၁၀  နာရီမှ နံနက် ၄ နာရီ သတ်မှတ်ထားကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော်က ပြောသည်။

“ ညဉ့် ၁၀ နာရီမှာလည်း အပြင်ထွက်သွားလာနေရင် လူကောင်းတို့ မဖြစ်နိုင်ဘူး။ လူဆိုးဘဲ ဖြစ်ရမယ်။ ဒါကြောင့် လူတွေကို ညဉ့် ၁၀ နာရီကျော်ရင် အပြင် မထွက်ဖို့ ခုလိုတော့ တားထားမျိုး ရှိပါတယ်” ဟု သူက ပြောသည်။

ကျောက်တော် မြို့နယ်တွင်မူ ပုဒ်မ ၁၄၄  ညမထွက်ရ အမိ်န့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ ထုတ်ပြန်ထားကြောင်း သိရသည်။

Most read this week