ကလေးစစ်သား ပပျောက်ရေး KNPP လက်မှတ်ရေးထိုး

ကလေးစစ်သား ပပျောက်ရေး KNPP လက်မှတ်ရေးထိုး
by -
ရွှေဟင်္သာ

ကရင်နီ တိုးတက်ရေး ပါတီ (KNPP) သည် ကလေးစစ်သားအသုံး မပြုရေးအတွက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကလေးစစ်သား ပံ့ပျောက်ရေး (Geneva call) ဌာနချုပ်တွင် သြဂုတ် (၃) ရက်နေ့တွင် လက်မှတ် ရေးထိုး ခဲ့သည်ဟု KNPP အတွင်းရေးမှူး (၂) ဖြစ်သူ ဦးအောင်စန်းမြင့်က ပြောပါသည်။

KNPP_repressentative_ee_thumb_medium

“လက်မှတ်သွားထိုးတာက တိုင်းရင်းသား အဖွဲ့ဆိုရင် မွန်ပြည်သစ်ပါတီ (MNSP) ရယ် ကျနော်တို့ KNPP ရယ်ပေါ့။ မွန်ပြည်သစ်ကတော့ မနက်ပိုင်း ကတည်း ကထိုးပြီးတာ ကျနော်တို့ကတော့ ဆွစ်ဇလန် ဒေသ စံတော်ချိန်နဲ့ဆိုရင် ညနေ (၄)နာရီ ပေါ့” ဟု ဆိုပါသည်။

လက်မှတ်ထိုးကြသည့် အချက်များမှာ -

၁) စစ်ပွဲတွင် ကလေးများ မပါ၀င် မပတ်သတ်စေရန်နှင့် အသုံးမပြုရန်။

၂) ကရင်နီဒေသ၌ စစ်ဆင်သည့်အခါ ကလေးနေရာများကိုရှောင်ရှားရန် နှင့် စစ်ဇုံအတွင်း၌ ကလေးများမပါ၀င်ရန်။

၃) ပဋိပက္ခဖြစ်နေသည့်အချိန်၌ အဖွဲ့စည်းများသည် လိုအပ်မှုအတွက် ကလေးများကို ထိန်းချုပ်ခြင်း၊ ချုပ်နှောင်ထားရလျှင်လည်း ကလေးများကို လူသားဆန်စွာ ဆက်ဆံရမည့်အပြင် ကလေးများကို သေဒဏ်မပေးမိရန်။

၄) ကလေးများအား ကာကွယ်စောင့်ရှောက်မှုနှင့်ပတ်သတ်ပြီး အကျိုးပြုဆောင်ရွက်နေသည့် လူပုဂ္ဂိုလ် အဖွဲ့စည်း များနှင့် ဆက်သွယ်ဆောင် ရွက်ရန် သဘောတူသည်။

၅) ကရင်နီဒေသအတွင်း၌ရှိသော ကလေးများကို စနစ်တကျပြုစုစောင့်ရှောက်မှုပေးရမည်။ ၄င်းတို့မှာ - အစားစား၊ ကျန်းမာရေး၊ ပညာရေး၊ အပန်းဖြေမှု၊ ယဉ်ကျေးမှု၊ လိင်မှုဆိုင်ရာ ပုံစံအမျိုးမျိုးအကြမ်းဖက်မှုမှကာ ကွယ်ပေးရန်နှင့် လူသားခြင်းဆိုင်ရာ အကူညီရရှိနိုင်ဖို့ မိသားစု တွေနဲ့ ပြန်လည်စုံစည်းနိုင်ဖို့ ယင်းကိစ္စနှင့် ပတ်သတ်ပြီးအကူညီပေးရန်။ စာသင်းကျောင်းများ၌ စစ်ရေးပဋိပက္ခ ဖြစ်သောနေရာ၌အသုံးမပြုရန်။

၆) ယင်းစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးသည့် အချိန်တွင် (Geneva call)အဖွဲ့မှ လာရောက်ပြီး သဘော တူညီချက်အတိုင်း မှန်မမှန် စစ်ဆေး နိုင်ရေးကို ခွင့်ပြုပေးရန်အတွက် ပူပေါင်းဆောင်ရွက်ပေးရန်။ ထို့အပြင် လူမှု အချက်လက် အစီရင်ခံစာ များကိုလည်း တင်ပြပေးရမည် စသည့် အချက်များကို လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။

(Geneva call)အဖွဲ့သည်၊ ကလေးများဆိုင်ရာ အခွင့်ရေးနှင့်ပတ်သတ်ပြီး KNPP၏ တပ်မှူး၊ မြို့နယ်မှူး၊ လက်နက်ကိုင်အဖွဲ့စည်းများကို သင်တန်း ၂ ကြိမ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထိုအပြင်ကရင်နီဒေသရှိ တပ်အတွင်း၊ အုပ်ချုပ်ရေးအတွင်းတွင်လည်း ကလေးများဆိုင်ရာ အခွင့်ရေးနှင့် ပါတ်သက်သည် များကို ရှင်းပြခြင်း ပညာပေးခြင်းကိုလည်း အခါအားလျှော် ပြုလုပ်ခဲ့ပါသည်။

“ကျနော်တို့ကလည်း ကလေး စစ်သား အသုံးမပြုဘူးလေ အဲဒါနဲ့ ပတ်သတ်ပြီးမကြာ ခဏအငြင်းပွားခဲ့ရတယ်။ ၁၉၉၀ အစောပိုင်းကတော့ ကလေး တွေရဲ့မိဘတွေ အသတ်ခံရတော့ မကြေနပ်မှုကနေ  အစိုးရ စစ်တပ်ကို စိတ်နာပြီး KNPP ကိုလာကြတယ်။ ကျနော်ကလည်း အဲဒီကလေးတွေကို ပညာဆက်သင်ခိုင်းတယ်။ တချို့ကလေးကတော့ သူတို့ဆန္ဒနဲ့ သူတို့ကျောင်း မတက်ချင်ဘူး KNPP မှာပဲနေမယ်လို့ပြောတယ်။ အခုတော့အဲဒီ ကလေး တွေ မတွေ့ရတော့ဘူးလေ။ ကလေးတွေကို စစ်သားအဖြစ်စုဆောင်းဖို့ဆိုတာ KNPP မှာ ဥပဒေမရှိပါဘူး” ဟု ဦးအောင်ဆန်းမြင့်က ဆိုပါသည်။

ကုလ သမဂ္ဂသည် ကလေးစစ်သားနှင့် အရွယ်မရောက်သေးသူများကို စစ်မှုထမ်းအဖြစ် အသုံးပြုနေသည်မှာ မြန်မာစစ်တပ်တခုတည်း မဟုတ်ကြောင်း၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)၊ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်- ငြိမ်းချမ်းရေး ကောင်စီ (KNLA- Peace Council)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ် (SSA-S)၊ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့၌လည်း အသက် ၁၈ မပြည့် သေးသည့် ကလေးကို အသုံးပြုနေသည် ဟု ၄င်း၏ အစီရင်ခံစာတွင် ရေးထားပါသည်။

 KNPP သည် ကလေး စစ်သားကို အသုံးပြုနေခြင်း မရှိကြောင်းငြင်းဆိုပြီး ဤကိစ္စကိုလေ့လာစစ်ဆေးရန်  UN ကိုယ်စားလှယ်များအား အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သော်လည်း လာရောက်ခြင်း မရှိခဲ့ဟု ဦးအောင်စန်းမြင့် ဆိုပါသည်။ အတွင်းရေးမှူး (၁)ဖြစ်သူခူဦးရယ်က ဦးဆောင်ပြီး အမြဲတမ်း ဗဟိုကော်မီတီဝင် ရီမင်ထူးလည်း ပါ၀င်ခဲ့ပါသည်။

ကုလသမဂ္ဂ၏ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း၌ ကလေးစစ် သား လုံးဝပပျောက်ရေး ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အတိအလင်း ကြေညာ ထားခဲ့ပါသည်။

Most read this week