အမေရိကန် ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို USCB ကြိုဆို

အမေရိကန် ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို USCB ကြိုဆို
by -
မဇ္စျိမ

မြန်မာ့သွင်းကုန် ပိတ်ပင်တားမြစ်မှှု အပါအဝင် အခြား အရေးယူ ပိတ်ဆို့မှှုများကို သုံးနှစ် ထပ်မံ သက်တမ်းတိုးရန် အမေရိကန် အောက်လွှတ်တော်က ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့သည့်အပေါ် မြန်မာ့အရေး လှုပ်ရှားနေသည့် အမေရိကန်အခြေစိုက် US Campaign for Burma (USCB) က ကြိုဆိုလိုက်သည်။

တရားဥပဒေ စိုးမိုးမှှု မရှိသည့် စနစ်အောက်တွင် လူ့အဖွဲ့အစည်းနှင့် တိုင်းရင်းသား လူနည်းစုများအပေါ် ရာဇဝတ်မှှုများ ဆက်လက် ကျူးလွန်နေကြသော အုပ်ချုပ်သူ အပေါ်ယံအလွှာ၊ စစ်ဘက်နှင့် အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ကိုင်နေ သည့် စီးပွါးရေးသမားများအပေါ် ဒဏ်ခတ်အရေးယူမှှုများအား သက်တမ်းတိုးလိုက်သည့် အမေရိကန်၏ ဆောင်ရွက် ချက်ကို USCB က ကြိုဆိုလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံက အုပ်ချုပ်သူ အစိုးရ အပေါ် ရှင်းလင်းပြတ်သားပြီး ပြင်းထန်တဲ့ သတိပေးမှှုတရပ် ပြုလုပ်လိုက်တာပါပဲ။

နိုင်ငံရေး အကျဉ်းသားတွေဟာ သံတိုင်တွေရဲ့ နောက်မှာ ကျန်နေသေးသရွေ ့၊ တိုင်းရင်းသား လူနည်းစု အရပ်သားတွေ အပေါ် စစ်ရေးတိုက်ခိုက်မှှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှှုတွေ ပြုလုပ်နေသရွေ့၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် စည်းလုံးရေး၊ မျှတတဲ့ တရားစီရင်မှှု စနစ်နဲ့ တာဝန်ယူနိုင်မှှုတွေ မရှိသေးသရွေ့ ဒီလိုပိတ်ဆို့ ဒဏ်ခတ်မှှုတွေဟာ ရှိနေဦးမှာပဲ ဆိုတာကို သတိပေးလိုက်ခြင်းပါပဲ” ဟု အဖွဲ့ အကြံပေး ဒါရိုက်တာ Jennifer Quigley က ဆိုသည်။

“သမ္မတ ဦးသိန်းစိန် အနေနဲ့ ပြုပြင်ပြောင်းလဲမှှု တချို့တွေကို လုပ်ကိုင်နေပေမယ့် ဒီ့ထက် ပိုအများကြီးလုပ်ဖို့ ကျန်နေသေးတယ် ဆိုတာကို ကွန်ဂရက်က အသိအမှတ် ပြုလိုက်ခြင်းပါပဲ။ ဒီ အက်ဥပဒေကို သက်တမ်းတိုးလိုက်ခြင်းဟာ တိုင်းရင်းသား လူနည်းစုတွေ လူ့အခွင့်အရေးရရှိရေးကို အာရုံထားဆောင်ရွက်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲ မှှုတွေနဲ့ လွတ်လပ်ခွင့်တွေအပေါ် အာရုံထား လုပ်ဆောင်လာဖို့ လိုအပ်နေတယ်ဆိုတာကို ပြသလိုက်တာပါပဲ” ဟု သူကဆိုသည်။

အောက်လွှတ်တော်က ဤသို့ ဆုံးဖြတ်လိုက်သည့်နည်းတူ အကယ်၍ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှှုများကို ဆက်လက်ပြုလုပ်ပါက ပိတ်ဆို့အရေးယူမှှုများကို သက်ညှာ လျှော့ပေါ့ခွင့် ပေးနိုင်သည့် အိမ်ဖြူတော်၏ အခွင့်အာဏာကိုလည်း ထပ်မံ သက်တမ်းတိုးခဲ့သည်။

အမေရိကန် အထက်လွှတ်တော်ကလည်း အလားတူ ဆုံးဖြတ် အတည်ပြုလိမ့်မည်ဟု မျှော်လင့်ရပြီး ထို့နောက်တွင် ဥပဒေအဖြစ် အတည်ပြု လက်မှတ်ထိုးရန်အတွက် အမေရိကန် သမ္မတ အိုဗားမားအား ပေးပို့ရမည် ဖြစ်သည်။

အောက်လွှတ်တော်တွင် ပိတ်ဆို့အရေးယူမှှုကို သက်တမ်းတိုးရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်း၊ အလုပ်သမား အခွင့်အရေးများ ပေးခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှှု ဥပဒေကို ပြန်လည်ရေးဆွဲခြင်း၊ ဘဏ်စနစ်နှင့် ငွေကြေးစနစ်အား ပြန်လည် ပြင်ဆင်ခြင်း၊ မီဒီယာများအပေါ် ကန့်သတ်ထားချက် အချို့ကို ဖယ်ရှားပေးခြင်းများ အပါအဝင် နိုင်ငံအား ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းနေပြီး ထိုသို့ ကြိုးပမ်းရာတွင် အထောက်အကူပြုရန်အတွက် အမေရိကန် အနေဖြင့် ပိတ်ဆို့အရေးယူမှှု အားလုံးကို ဖယ်ရှားပေးသင့်ကြောင်း မြန်မာအစိုးရက ဆိုသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell အား ကုန်သွယ်ရေးပိတ်ဆို့မှှု အပါအဝင် မြန်မာနိုင်ငံအပေါ် အမေရိကန်မှ ပိတ်ဆို့ အရေးယူထားမှှုအား ဖယ်ရှားပေးရေး သို့မဟုတ် လျှော့ချပေးရေးအတွက် ကြိုးစားပေးပါရန် ဇူလိုင်လအတွင်းက မေတ္တာရပ်ခံခဲ့သေးသည်။

ဝေဖန်သူများကလည်း ကုန်သွယ်ရေး ပိတ်ဆို့မှှုသည် မြန်မာနိုင်ငံအတွင်း ဝင်ငွေနည်းသည့် အလုပ်သမားများ အထူးသဖြင့် အထည်ချုပ်စက်ရုံမှ အလုပ်သမားများအားသာ အဓိက ထိခိုက်စေသည်ဟု ဆိုကြသည်။

ဇူလိုင် ၁၁ ရက်နေ့ က အမေရိကန် သမ္မတ အိုဗားမားသည် ရင်းနှီးမြှုပ်နှံမှှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအပေါ် တားမြစ် အရေးယူထားမှှုအား သမ္မတ အာဏာဖြင့် ရုပ်သိမ်းပေးခဲ့သည်။

“မြန်မာ့စီးပွါးရေးရဲ့ ဆွဲဆောင်မှှု အရှိဆုံး ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ လူ့အခွင့်အရေး အခြေအနေတွေကို ပိုမို ဆိုးသွားနိုင်ခြေ ရှိပြီး ခြစားမှှုတွေနဲ့ ပတ်သတ်နေတဲ့ အခွင့်အရေးချိုးဖောက်သူ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကိုတော့ တိုက်ရိုက် အကျိုးရှိစေမှာ ဖြစ်လို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှှုတွေကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်” ဟု အမေရိကန် အခြေစိုက် USCB အဖွဲ့၏ သောကြာနေ့ ကြေညာချက်ထဲတွင် ဆိုထားသည်။

“အခုဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်တွေကို နိုင်ငံတကာက အထူးအာရုံစိုက်ကြပေမယ့် ဆက်ဖြစ်နေ တဲ့ ပြဿနာတွေ အသစ်ပေါ်လာတဲ့ ပြဿနာတွေ အပေါ်မှာ အာရုံစိုက်မှှုတော့ နည်းနေပါတယ်” ဟု ကြေညာချက် ထဲတွင် ရေးသားထားသည်။

“ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ သံတိုင်တွေ နောက်ကွယ်မှာ ကျန်ရှိနေဆဲပါ။ မြန်မာစစ်ဘက်ဟာ တိုင်းရင်းသားလူနည်းစု အရပ်သားတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှှုတွေကို ဆက်လက် ကျူးလွန်နေပြီး၊ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအပေါ် ပေးအပ်မယ့် လူသားချင်း စာနာမှှု အကူအညီတွေကိုလည်း ပိတ်ပင်နေပါတယ်” ဟု ဖော်ပြထားသည်။

“စစ်ဘက်ဆိုင်ရာတွေ၊ နိုင်ငံပိုင် လုပ်ငန်းတွေ၊ အာဏာပိုင်တွေနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ စီးပွါးရေး သမားတွေ အပါအဝင် အပေါ်ယံအလွှာရဲ့ လက်ထဲမှာ မြန်မာ့စီးပွါးရေးဟာ ကျရောက်နေဆဲ ဖြစ်ပါတယ်။ တခြား ပိတ်ဆို့ အရေးယူ မှှုတွေ ရုတ်သိမ်းပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဟာ နိုင်ငံထဲမှာ ရှိတဲ့ လူအားလုံးကို အကျိုးရှိစေမယ့် နောက်ထပ် ပြုပြင်ပြောင်းလဲမှှုတွေကို လုပ်ဆောင်ဖို့ လိုနေသေးပါတယ်” ဟု US Campaign for Burma ၏ ထုတ်ပြန် ကြေညာချက်တွင် ရေးသားပါရှိသည်။