ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့ပေါ် လျှပ်စစ်မီးပိုမိုရရှိရေးအတွက် နိုင်ငံတော် သမ္မထံ မကြာခင် အရေးဆိုတင်ပြတော့ မည်ဟု သိရသည်။
ဒေသဆိုင်ရာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာန (EPC) သည် ပလက်ဝမြို့ပေါ် (၃) ရပ်ကွက်အတွက် တရက်လျှင် ၁း၃၀ နာရီခန့်သာ လျှပ်စစ်ဓါတ်အားပေးနေသဖြင့် ကျောင်းသားကျောင်းသူများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများအတွက် ဒုက္ခ ရောက်နေရသည့်အတွက် ယခုလို သမ္မတထံ တင်ပြရမည်ဟု ဆိုသည်။
“ နှစ်ဆန်းပိုင်းကတည်းက လျှပ်စစ်မီးကို ၁ နာရီလောက်ထပ်တိုးပေးဖို့ တောင်းတာ ၆ လပဲ လုပ်ပေးပြီး ဆက်လုပ်မပေး တော့ဘူး၊ ဒါကြောင့် တရက်ကို လျှပ်စစ်မီး (၃) နာရီ ပေးဖို့ သမ္မတထံ တင်ပြဖို့ စီစဉ်တာပါ” ဟု မြို့မိမြို့ဖ ဦးဆောင်တဲ့ မြို့မီးလင်းရေးကော်မီတီ အသိုင်းအဝိုင်း တဦး်က ပြောသည်။
မြို့မ၊ ရွာမ၊ ရိက္ခ သုံးရပ်ကွက်မှ ပြည်သူများက လက်မှတ်ရေးထိုးတောင်းဆိုတင်ပြမှာဖြစ်ပြီး ပလက်ဝ မြို့ပေါ်တွင် အဆိုပါ သုံးရပ်ကွက်အပါအဝင် ရပ်ကွက်ပေါင်း ၆ ခု ရှိသည်။
အလားတူ မြန်မာနိုင်ငံ၊ ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို ့ပေါ် မြို ့မိမြို ့ဖ များ က လျှပ်စစ်မီး ပုံမှန်ရရှိနိုင်ရန် လူထုက လက်မှတ်ရေး ထိုးပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဇူလိုင်လ (၃)ရက်နေ ့ က ပေး ပို ့ ခဲ့ကြောင်း သိရသည်။
မတူပီမြို ့ပေါ်တွင် ရပ်ကွက် (၄)ခုရှိသည့်အနက် ငလား၊ လောင်ဗန်း၊ ခိုဘွေရပ်ကွက်မှ ရှိ မြို ့မိမြို ့ ဖများက လက်မှတ်ရေး ထိုးကြပြီး သမ္မတထံ ပေးပို ့ခြင်းဖြစ်သည်။