အမျိုးသမီးများ၏ အခွင့်အရေးကိုကာကွယ်ပြီး အမျိုးသားနည်းတူအခွင့်အရေးရရှိရန် ရည်ရွယ်၍ ကျား-မ ဖြစ်ခြင်းအခန်းကဏ္ဍနှင့်လူမှုအဖွဲ့အစည်း ဖိုရမ်ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင်ယမန်နေ့ကကျင်းပခဲ့သည်။
အဆိုပါ ဖိုရမ် ဆွေးနွေးပွဲတွင် Rain Fall (Gender Study Group )နှင့် Traingle (Women Support Group)တို့မှစီစဉ်ခဲ့ပြီးရန်ကုန်ရှိနိုင်ငံရေးပါတီများ၊ လူထူအခြေပြုအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊အနုပညာရှင်များ၊အလုပ်သမားအဖွဲ့အစည်းများ၊အမျိုးသမီးအဖွဲ့အစည်းများအပါအဝင် ပရိဿတ်ပေါင်း ၅၀၀ ခန့် တက် ရောက် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
အမျိုးသမီးတစ်ဦး၏ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သောဒါရိုက်တာကြည်ဖြူရှင်က “နိုင်ငံတကာမှာ camera man (ကင်မရာဓါတ်ပုံရိုက်သူအမျိုးသား)ကို cameraperson လို့ ပြောင်းလဲခေါ်နေပါပြီ။ ကျမတို့လည်း Camera Person လို့ပဲသုံးပါတယ်။“ဟုပြောသည်
ဆွေးနွေးပွဲတွင် ပါ၀င်ဆွေးနွေးခဲ့သူတစ်ဦးဖြစ်သည့် မအိကလည်းအမျိုးသမီးများ၏အခွင့်အရေးများနှင့် တန်ဖိုးစာတမ်းကိုဖတ်ကြားခဲ့ပြီး တက်ရောက်လာသူပရိဿတ်များအားယခုလိုဆွေးနွေးပြောဆိုသည်။
“အမျိုးသမီးတွေ ကိုယ်ထိလက်ရောက် စော်ကားခြင်းကိုလုံးဝလက်မခံကြပါနဲ့။ နောက် ၀တ်စားဆင်ယင်မှု ၀တ်တဲ့အခါမှာ ကိုယ်ကျင့်တရားထိန်းသိမ်းတဲ့ ၀တ်စားဆင်ယင်မှု ၀တ်ဆင်ကြဖို့ လိုတယ်။”ဟု ၎င်းက ပြောသည်။
Rain Fallအဖွဲ့မှ ရခိုင်အမျိုးသမီးမလှလှရီကအမျိုးသမီးများနှင့်ဥပဒေစာတမ်းနှင့် ပတ်သက်၍ ဖတ်ကြားခဲ့ရာ မြန်မာနိုင်ငံတွင် အမျိုးသမီးများအတွက် သင့်တော်သည့်ဥပဒေထွက်လာဖို့ဝိုင်းဝန်းကြိုး စားကြရန် တက် ရောက်လာသူများအားတိုက်တွန်းပြောဆိုသွားခဲ့သည်။
ထို့အပြင် ဆွေးနွေးပွဲတက်ရောက်ခဲ့သောအမျိုးသမီးကွန်ယက်မှကယားအမျိုးသမီးတစ်ဦးက“ကျမတို့ နိုင်ငံမှာဒီလိုဖိုရမ်မျိုးတွေကိုလူထုထဲထိရောက်အောင်လုပ်သွားစေချင်ပါတယ် အထူးသဖြင့်တိုင်း ရင်းသားဒေသတွေအထိရောက်အောင်သွားစေချင်ပါတယ်။တိုင်းရင်းသူအမျိုးသမီးတွေရဲ့အသံတွေ
ကိုပါကြားချင်ပါတယ်”ဟုပြောသည်။
ကျား-မဖြစ်ခြင်းအခန်းကဏ္ဍနှင့် လူမှုရေးအဖွဲ့အစည်းဖိုရမ်သည်မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက်မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့်လည်း ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။