မောင်တောတွင် နောက်ထပ် အန်ဂျီအို ၀န်ထမ်း တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း

မောင်တောတွင် နောက်ထပ် အန်ဂျီအို ၀န်ထမ်း တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်း
by -
နိရဥ္စရာ

မောင်တောတွင် UNHCR တွင် တာဝန် ထမ်းဆောင်နေသူ တစ်ဦးကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သတင်း  ရရှိသည်။

Maungdaw-Clock-tower
ဖမ်းဆီးခံရသူမှာ မချိုလေးမာ ဆိုသူ  အမျိုးသမီး ဖြစ်ပြီး မောင်တော အမှတ် (၃) သုံးမိုင်ဂိတ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ရဲထောက်လှမ်းရေး သတင်းရပ်ကွက်ကို ကိုးကားပြီး ဒေသခံ တစ်ဦးက ပြောသည်။

သူမအား ဖမ်းဆီးခြင်းမှာ  မောင်တောတွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူများနှင့့် ပတ်သက်၍ ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

သူမအား အာလီဆိုသူနှင့် အတူ ဇွန်လ ၁၄ ရက်နေ့က မောင်တောရဲအဖွဲ့မှ ဖမ်းဆီးပြီး (၂) ရက်တိုင် ရဲစခန်းတွင် စစ်ဆေးမေးမြန်းကာ ယခုအခါ နစက ကျီးကန်းပြင် ဌာနချုပ်သို့ လွဲပြောင်း လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ရှိ  နိုင်ငံခြား အန်ဂျီအိုများတွင်  ၀င်ရောက်လုပ်ကိုင်နေသူ တချို့ထံမှ နိုင်ငံတော်အား ဆန့်ကျင် ရန် ကြံစည်သော စာရွက် စာတန်းများကို ဖမ်းဆီးရမိခဲ့သည်ဆိုသော သတင်းများလည်း ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။  သို့သော်လည်း  အဆိုပါ သတင်းများကို တာဝန်ရှိသူများက တစုံ တရာ ထုတ်ဖေါ် ပြောကြားခြင်း  မရှိသဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

မြန်မာ အစိုးရ အာဏာပိုင်များသည် ဒေါက်တာ ထွန်းအောင်အားလည်း ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်း ထားပြီး စစ်ဆေးမေးမြန်းမူများ ပြုလုပ်နေကြောင်း သိရသည်။

မောင်တောတွင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူနှင့် ပတ်သက်ပြီး မြန်မာ အာဏာပိုင်များ အနေဖြင့် အသေးစိတ် စုံစမ်း  စစ်ဆေးမူများ ပြုလုပ်နေပြီး နောက်ကွယ်က ဆက်စပ် အကြောင်းအရာများကို ဖေါ်ထုတ်နေကြောင်း စုံစမ်း သိရှိရသည်။

Most read this week