ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကိုု ညတွင်းချင်း ဖမ်းမိ

ရမ်းဗြဲ မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကိုု ညတွင်းချင်း ဖမ်းမိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် မုဒိမ်းကျင့် လူသတ်မူ ကျူးလွန်သူ တရားခံ သုံးဦးကို ညတွင်းချင်းရဲအဖွဲ့ က ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။

Rambree_1

ဖမ်းမိသူ (၃) ဦးမှာ ရမ်းဗြဲမြို့နယ် ကျောက်ထရံ ကုလားရွာမှ ထက်ထက် (၂၃)နှစ်၊ ရော်ဖိ (၁၈) နှစ်နှင့် လူယု (၂၁)နှစ်တို့ ဖြစ်ကြသည်။ သူတို့ သုံးဦးစလုံးမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

ထက်ထက်ဆိုသူ အား ရမ်းဗြဲမြို့တွင် မုဒိမ်းပြုကျင့် သတ်ဖြတ်ခံရသူ မသီတာထွေးလက်ဝတ် လက်စားများနှင့် အတူ ဖမ်းဆီးမိခဲ့ကြာင်း သိရသည်။ ကျန် နှစ်ဦးအား ကျောက်ထရံကျေးရွာမှပင် ယမန်နေ့ ညဉ့်ကဖမ်းဆီး မိခဲ့ကြောင်း ဒေသခံများက ပြောသည်။

" တရားခံ သုံးဦးစလုံးကို မိပါပြီ။ ကျေးရွာပေါင်း ၁၁ ရွာခန့်က လူတွေ ကျောက်နီမော်ကို ချီတက်လာပြီး ရဲစခန်းကို ၀ုိင်းပြီး တောင်းဆိုကြတယ်။ တရားခံတွွေကို ချက်ချင်း ဖေါ်ထုတ်ပြီး ရဲက ဖမ်းဆီးနိုင်ခဲ့ပါတယ်" ဟု ကျောက်နီမော် ဒေသခံက နိရဥ္စရာသို့ ပြောသည်။

ယမန်နေ့က ကျောက်နီမော် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၁ ခန့်က ဒေါသထွက်နေသော ရခိုင် လူအုပ်ကြီးသည် ကျောက်နီမော် ရဲစခန်းအား ၀ိုင်းဝန်းလိုက်ကြပြီး လူသတ် တရားခံများကို အမြန်ဆုံး ဖမ်းဆီး အရေးယူဖေါ်ထုတ်ရန် တောင်းဆိုခဲ့ကြသည်။

" လူပေါင်း ၈၀၀ ကနေ ၁၀၀၀ ထိ ရှိမယ်ထင်ပါတယ်။ လူတွေက တော်တော့ကို ဒေါသ ထွက်နေကြတယ်။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် တာဝန်ရှိသူတွေနဲ့ ရဲအဖွဲ့က မနည်း တားဆီးခဲ့ရတယ်။ မဟုတ်ရင် ပြဿနာ တော်တော်ကြီးကျယ်သွားနိုင်ပါတယ်" ဟု သူက ဆက်ပြောသည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် ကျောက်နီမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်း နေအိမ်တွင် သင်္ကာမကင်းခံရ၍ တစ်ခြား အစ္စလာမ်ဘာသာဝင် လူငယ် (၂)ဦးအား စစ်ဆေး မေးမြန်းနေသည်ကို လူသတ် တရားခံများ အဖြစ် တင်မှတ်ကာ အဆိုပါ လူငယ် ၂ ဦးအား အသေသတ်ရန် ၀ိုင်းဝန်း ချီတက်လာသည်ကို ရဲအဖွဲ့က လမ်းမှ တားဆီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ အခြေအနေများကြောင်း အဆိုပါ တရားခံ (၃) ဦးအား ညဉ့်တွင်းချင်း ကျောက်ဖြူသို့ ယူဆောင် သွားရကြောင်း သိရသည်။

ယနေ့ ကျောက်နီမော် အခြေအနေမှာ ငြိမ်သတ်ပြီး နံနက်စျေးတွင် လူသူ မရှိဘဲ ခြောက်ကပ် နေကြောင်း မျက်မြင်များက ပြောသည်။ ၎င်းပြင် တစ်ရွာနှင့် တစ်ရွာအကြား ကူးသန်း သွားမူ ရပ်ဆိိုင်းနေပြီး အဓိကအား ဖြင့် အစ္စလာမ်ဘာသာဝင်များမှာ အပြင်ကို မထွက်ဘဲ ရှိနေကြသည်ဟု ဆိုသည်။

သေဆုံးသွားသူ မသီတာထွေး (၂၆) နှစ်အား ယနေ့ နေ့လည်ပိုင်းတွင် သဂြိုလ်မည် ဖြစ်ရာ ပြဿနာများ မပေါ်ပေါက်အောင် ရပ်မိ ရပ်ဖများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။

မသီတာထွေးသည် သူမနေထိုင်ရာ သပြေချောင်ကျေးရွာသို့ ကျောက်နီမော်ကျေးရွာမှ အပြန်တွင် မေလ ၂၈ ရက် ညနေ ၅ နာရီကျော်ခန့်တွင် အစ္စလာမ်ဘာသာဝင် လူငယ် သုံးဦး မုဒိမ်းကျင့် သတ်ဖြတ်ခြင်းကိုခံခဲ့ရ သည်။ မျက်မြင်များ အပြော အရ သူမလည်ပင်းအား လှီးဖြတ်ထားပြီး ရင်ဝကို ဓါးဖြင့် အကြိမ်ကြိမ် ထိုးသတ်ကာ အမျိုးသမီး အင်္ဂါစပ်များအားလည်း ဓါးဖြင့် ချေမွထားကြောင်း သိရသည်။

ယခုကဲ့သို့ လူမဆံစွာ ကျူးလွန်ထားမူအပေါ် ဒေသခံ ရခိုင်များက အထူး ဒေါသထွက်လျှက်ရှိနေကြောင်း သိရသည်။

( အမှားပြင်ချက်။ ။ ယခင် သတင်းတွင် မသီတာထွေး အသက်အား ၁၆ နှစ်ဟု မှားယွင်းစွာ ဖေါ်ပြပါရှိသွားပါ သည်။ သူမမှာ သေဆုံးချိန်တွင် အသက် ၂၆ နှစ်ရှိပြီ ဖြစ်ကြောင်း သိရပါသည်။)

Most read this week