အသုဘ ပွဲပြုလုပ်ရန် နွားပစ်ယူရာမှစပြီး မြန်မာအစိုးရတပ်ဖွဲ့နှင့့် ကချင်ပြည်သူ့စစ်တပ်ဖွဲ့ (MHH) ကြား မြစ်ကြီးနားမြို့မှ ၁၁ မိုင်ကျော်အကွာတွင် ၃ ရက်ကြာ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ ပြောသည်။
မေ ၂၃ ရက်နေ့တွင် မြစ်ကြီးနား-ဝိုင်းမော် ဆမ်ပိုင်သွားလမ်းရှိ နန်ဇော်ယန် (Nang Zaw Yang) ကျေးရွာမှ သင်းထောက်ဆရာတဦးကွယ်လွန်ရာတွင် စားသုံးရန်အတွက် ၎င်းတို့၏ နွားကိုရွာသားများ သွားပစ်သတ်ရာမှ နှစ်ဘက်ကြားတိုက်ပွဲများဖြစ်ပွား ခဲ့ကြောင်း ဒေသခံတဦးပြောသည်။
“အသုဘပွဲက ဒီဝိုင်းမော်မြို့မှာပဲလုပ်တယ်။ ဟိုရွာမှာ လူတွေတစ်ယောက်မှ မရှိတော့ဘူူး။ ပွဲမှာသုံးဖို့ အဲဒီရွာမှာ သူတို့ရဲ့နွားကို ဒီကလူတွေသွားပစ်တာလေ။ အဲဒါကို အစိုးရတို့က KIA တွေ သူတို့ (အစိုးရတပ်) ကိုပစ်လိုက် တယ်ထင်တယ် နေမှာပေါ့။ အဲဒီကစပြီး အစိုးရက KIA တွေရှိတဲ့နေရာမှာ ပြန်ပစ်လိုက်တာတဲ့။ အဲဒီကစပြီး ဒီမနက်ထိဖြစ်နေသေးတယ်။” ဟု သူကပြောသည်။
၎င်းတိုက်ပွဲသည် မေ ၂၃ ရက်မှ ၂၅ ရက် ယနေ့နံနက်ထိ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။
ယခုတိုက်ပွဲတွင် KIA ပြည်သူ့စစ်တပ်ဖွဲ့နှင့် တပ်ရင်းမသိရသော အစိုးရတပ်ဖွဲ့များဖြစ်ပြီး ၎င်းတွင် အစိုးရတပ်ဘက်မှ သေဆုံး၊ ဒဏ်ရာရရှိသူများရှိပြီး KIA ဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟု ဒေသခံများပြောသော်လည်း ကချင်သတင်းဌာန (KNG) မှ သီးခြား အတည်မပြုနိုင်သေးပါ။
ဝိုင်းမောြ်မို့နယ်အတွင်း အခြားနေရာများတွင် တိုက်ပွဲဖြစ်ပွားခြင်းရှိသော်လည်း နန်ဇော်ယန်ရွာတွင် ယခုတိုက်ပွဲသည် ပထမဆုံးဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ တည်ထောင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်နေသည့် နန်ဇော်ယန်ကျေးရွာသည် ယခုချိန် စစ်မြေပြင်ဖြစ်လာသည်။