မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာဒေချ့်ကို နောက်လတွင် လာမည်

မြန်မာ သမ္မတ ဦးသိန်းစိန် ဘင်္ဂလာဒေချ့်ကို နောက်လတွင် လာမည်
by -
နိရဥ္စရာ

မြန်မာ သမ္မတ ဦးသိန်းစိန် သည် ဘင်္ဂလာဒေချ့် သမ္မတ ဇီလူရာဟာမန်၏ ဖိတ်ကြားချက်အရ နောက်လတွင် ဘင်္ဂလာဒေချ့်သို့ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

U-Thein-Sein

တာဝန်ပြီးဆုံး၍ မြန်မာသို့ မထွက်ခွာမှီ ဘင်္ဂလာဒေချ့်ဆိုင်ရာ မြန်မာ သံအမတ် ဦးမင်းလွှင်က ဘင်္ဂလာဒေချ့် သမ္မတ ဇီလူရာဟာမာန်ကို ယမန်နေ့က သမ္မတ အိမ်တော်တွင် သွားရောက် တွေ့ဆုံ နုတ်ဆက်စဉ် ထိုသို့ သမ္မတ ဦးသိန်းစိန်၏ ဘင်္ဂလာဒေချ့် ခရီးစဉ်ကို ထုတ်ဖေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့်၏ ဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်နေကြောင်းနှင့် ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် မြန်မာကို သွားလည် အပြီးတွင် ဆက်ဆံရေး ပို၍ တိုးတက် ကောင်းမွန်လာကြောင်း ဦးမင်းလွှင်က ထုတ်ဖေါ် ပြောကြားသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့်နိုင်ငံ အကြား ကုန်သွယ်မူကို တိုးမြှင့် ဆောင်ရွက်ရန် နှစ်ဘက်စလုံးက လိုလားနေရာ ယခု သမ္မတ ဦးသိန်းစိန်၏ လာမည့် ဘင်္ဂလာ ခရီးစဉ်တွင် စီးပွား ကုန်သွယ်ရေး ကိစ္စမှာ အဓိက လွှမ်းမိုး ဖွယ် ရှိနေကြောင်း လေ့လာ သုံးသပ်သူများက ပြောသည်။

ဘင်္ဂလာဒေချ့်နိုင်ငံသည် သူနိုင်ငံ၏ စီးပွားရေး မူဝါဒ အရ ကုန်သွယ်မူကို အာစီယံ အပါအဝင် တရုတ်နှင့်ပါ တိုးမြှင့် လိုနေရာ မြန်မာသည် ပထဝီ အနေအထားအရ အဓိက ကျသော နေရာတွင် တည်ရှိနေသဖြင့် မြန်မာနှင့် ဆက်ဆံရေးကို ကောင်းမွန်အောင် တည်ဆောက်နေသည်။

မြန်မာကို ဖြတ်ဖေါက်မည့် ရထား၊ ကားလမ်း မှာ ဘင်္ဂလာဒေချ့် အစိုးရ၏ အဓိက ဦးစားပေး စီးပွားရေဒ မူဝါဒထဲတွင် တစ်ခု အဖြစ် ပါ၀င်နေရာ လာမည့် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ် အတွင်းတွင် ကားလမ်း၊ ရထားလမ်း ဖေါက်လုပ်ရေးကို ဘင်္ဂလာဘက်မှ အဓိကထား ဆွေးနွေးနိုင်ကြောင်း သိရသည်။

ဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် အတွင်း နှစ်နိုင်ငံအကြား သဘောတူညီထားသည့် နားလည်မူ စာချွန်လွှာ အများအပြားကိုလည်း လက်မှတ်ရေးထိုးနိုင်ပြီး မြန်မာနိုင်ငံမှ ရေအားလျှပ်စစ်နှင့် ဂတ်စ် ၀ယ်ယူရေး ကိစ္စ၊ မြေဌားရမ်းရေး ကိစ္စ၊ တိုက်ရိုက် လေကြောင်း ပျံသန်းရေး ကိစ္စ၊ ရေကြောင်း ဆက်သွယ်ရေး ကိစ္စနှင့် ဒုက္ခသည်များ ပြန်ပို့ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဟု သိရသည်။

တွေ့ဆုံပွဲတွင် ဘင်္ဂလာဒေချ့် သမ္မတ ဇီလူရာဟာမာန်က မြန်မာ သံအမတ်ကြီး၏ နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ခဲ့မူများအား ချီးကျူးလိုက်ပြီး မြန်မာနှင့် ဆက်သွယ်မည့် ရထားလမ်း၊ ကားလမ်း ဖေါက်လုပ်ရေးမှာ ဒေသ ဖွံ့ဖြိုးရေး အတွက် အရေးကြီးသဖြင့် အဆိုပါ ကိစ္စကို အလေးထား ဆောင်ရွက်ရန် မြန်မာ အစိုးရကို တိုက်တွန်းကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

Most read this week