တောင်ငူမဲဆန္ဒနယ်တွင် မဲစရင်းများရှုတ်ထွေးမှုရှိနေဆဲ

တောင်ငူမဲဆန္ဒနယ်တွင် မဲစရင်းများရှုတ်ထွေးမှုရှိနေဆဲ
by -
ဖြူဖြူကို

ပဲခူးတိုင်း တောင်ငူမဲဆန္ဒနယ်၌ မဲစာရင်းပိတ်သည့်အချိန်အထိ မဲစာရင်းအရေအတွက်များ တိ တိကျကျရှင်းရှင်းလင်းလင်း ယနေ ့အထိမရှိ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်ကပြောသည်။

Election_01

“မဲစာရင်းမှာ မှားတဲ့အမျိုးအစားက တော်တော်များများ လုပ်ထားတော့ မစစ်နိုင်တော့ဘူးလေ။ တချို့ရွာတွေ မှာ ဆိုရင် အုပ်စုအလိုက်ကို စာရင်းထဲမှာမရှိဘူး။ သေတဲ့လူစာရင်းပါတယ်။ မှတ်ပုံတင်မမှန်သူ၊ မိဘနာမည် မမှန်သူ နေရပ် လိမ်စာမမှန်သူ အမျိုးမျိုးဘဲ ရှုတ်ရှက်ခတ်နေအောင် ရပ်ကွက် ကော်မရှင်တွေက ပညာပြထား တာလေ လိုက်လို့ကို မပြီးတော့ဘူး။ နောက်ဆုံး ပိတ်ရက်အထိ မဲစာရင်းအတိအကျကို ကျနော်တို့မသိရ ဘူးလေ” ဟု ဦး အောင်စိုးမြင့် က ပြောသည်။

မတ်လ(၂၄)ရက်နေ့အထိမဲစာရင်းပိတ်သော်လည်း မဲပေးနိုင်သည့်လူဦးရေးမသိသည့်အပြင် မဲစာရင်း အရေးအတွက်လည်း မသိရကြောင်း အန်အယ်ဒီကိုယ်စားလှယ် လောင်း ဦးအောင်စိုးမြင့်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ အရာရှိတဦး အားမေးမြန်းရာ ဖြေဆိုခြင်း ငြင်းပယ်ခဲ့ပါသည်။

ကော်မရှင်က ပေးတဲ့ မဲပေးနိုင်သူအရေတွက်ကတော့(၁၆၃၈၂၁) တသိန်းခြောက်သောင်းသုံးထောင်ရှစ်ရာနှစ် တစ် ယောက်ရှိတယ်

ပဲခူးတိုင်းတောင်ငူ မဲဆန္ဒနယ်တွင် ၀င်ပြိုင်ကြသော ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးအောင်စိုး မြင့်၊ ပြည်ထောင်စုကြ့့ံခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်ဝေဝေသာ အမျိုးသားဒီမိုက်ရေစီ အင်အားစုမှ ဦးဝင်းထွန်းတို့ဖြစ်ပါသည်။

ဒေသအတွင်းမှာလည်း ပါတီတွေစည်းရုံးရေးလုပ်ငန်း လုပ်ဆောင်ပုံနှင့်ပတ်သတ်ပြီး သွားရောက်နားထောင် ခဲ့သည့် ဒေသခံတစ်ဦင်္းက “ ဒီလိုပါဗျ အန်အယ်ဒီကတော့ မလာမနေရပြောတာမရှိဘူး ပစ္စည်းပေးပြီး မဲဆွယ်တာမတွေ့ဘူးဗျ ပါတီရဲ့ ပေါ်ပေါက်လာပုံ ပြီးတော့ ပါတီခေါင်းဆောင်ရဲ့ အရည်အချင်းတွေလောက်ဘဲ ပြောပါတယ်။ ကြ့ံခိုင်ရေးဟောပြောပွဲမှာတော့ မတက် မ နေရအတင်း ခေါ်တာရှိတယ်။ ပြီးတော့ တီရှပ်၊ ဦးထုပ်၊ ပိုက်ဆံအိပ် ပေးမယ် စသဖြင့်ပေါ့ကွာ သူတို့ ပါတီအချင်းချင်းတော့ ပုဂ္ဂိုလ် တိုက်ခိုက်မှုတော့ မလုပ်ကြဘူး” ဟု ဒေသခံတဦးက ပြောပါသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဦးဝင်းထွန်းသည် ဟောပြောပွဲကို ပုံမှန်လုပ်နိုင်ခဲ့ခြင်းမရှိပဲ ရံဖန်ရံခါ သာလုပ်လေ့ရှိပြီး အများအားဖြင့် အန်အယ်ဒီပါတီကသာ အနိုင်ရရှိ လိမ့်မည်ဟု ဒေသခံတွေက သုံးသပ်ပြော ဆိုကြသည်။

Most read this week