အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန် ဆက်ဆံရေးကောင်းမွန်လာစေရေးအတွက် ရည်ရွယ်ပြီး ချင်းပြည်နယ် မှ ရဲအရာရှိ ၂၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ်တွင် အင်္ဂလိပ်စကားပြောသင်တန်း တက်ရောက် နေကြသည်ဟုသိရသည်။
ချင်းပြည်နယ် မြို့နယ်အသီးသီးမှ ရဲအရာရှိ ၂၈ ဦးတို့သည် အင်္ဂလိပ် စကား ပြောသင်တန်းတက်ရန် နယ်နိချင်းထိ စပ်နေ သော အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့သို့ မတ်လ ၂၄ ရက်နေ့က ရောက်ရှိလာပြီး ယနေ့ မတ်လ ၂၆ ရက်နေ့တွင် သင်တန်းစနေကြပြီဖြစ်သည်။
၁ လကြာမည့် ယင်းအင်္ဂလိပ်စကားပြောသင်တန်းကို ကျန်ဖိုင်းခရိုင် ပညာရေးဌာန (District Institute of Education and Training (DIET) ခန်းမဆောင်တွင် ကျန်ဖိုင်း အုပ်ချုပ်ရေးမှူး(DC) က ဖွင့်လှစ်ခဲ့ပြီး၊ အပြန်အလှန် ဆက်ဆံရေး အဆင်ပြေ ကောင်းမွန်စေဖို့ ရည်ရွယ်ခြင်းဖြစ်သည်ဟု ကျန်ဖိုင်းမြို့ရဲချုပ် SP, Pu Lalthanmawia ကပြောသည်။
“ မြန်မာနိုင်ငံက အစိုးရအရာရှိ နဲ့ ရဲအရာရှိအများစုက အင်္ဂလိပ်စကားမပြောတတ်ကြတော့ ဆက်ဆံတဲ့ အခါမှာ အတော် လေး အခက်ကြံုရပါတယ်၊ သူတို့ကလည်း အင်္ဂလိပ်စကားကို သင်ချင်တယ်လို့ပြောတော့ စမ်းကြည့် လိုက်ကြ တာပါ ’’ ဟု သူ ကပြောသည်။
ချင်း နဲ့ မီဇိုရမ် နယ်စပ်ရေးရာအရာရှိများသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့တွင် တွေ့ဆုံကြပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး အဆင်ပြေစေရန် ချင်းပြည်နယ်မှ ရဲအရာရှိများအား အင်္ဂလိပ် စ ကားပြောပို့ချပေးရေး သဘောတူခဲ့ကြခြင်းဖြစ်သည်။
ယခင်တွေ့ဆုံပွဲများတွင် မီဇို နှင့် မြန်မာစကားတတ်ကျွမ်းသူကို ဘာသာပြန်အဖြစ်ထားရှိနေကြပြီး အိန္ဒိယပြည် မဘက်မှ အစိုးရအရာရှိများပါလာသည့်အချိန်မျိုးတွင် မီဇိုးစကားတခုတည်းဖြင့် မလုံလောက်တော့သဖြင့် အင်္ဂလိပ်စကားပါ အသုံးပြု ရန် လိုအပ်နေသဖြင့် ယခုလိုလုပ်ဆောင်ရခြင်းဖြစ်သည်ဟု ရဲချုပ်ကပြောသည်။
အင်္ဂလိပ်စကားတတ်မြောက်လာပါက အိန္ဒိယ-မြန်မာ နယ်စပ် အမှတ်(၂) နယ် စပ်ကုန်သွယ်ရေးမှတဆင့် အိန္ဒိယနိုင်ငံကို လက်နက်၊ မူးယစ်ဆေးဝါး တင်သွင်းမှုများ အပြန်အလှန်ပူးပေါင်းတိုက် ဖျက်ရေးလုပ်ငန်းတွေ မှာ အထောက်အ ကူပြုလာ စေမည်ဟု မျှော်လင့်ကြောင်း ဆက်ဆိုသည်။
“ တကယ်လို့ စကားတတ်တယ်ဆိုရင်တော့ ပြသနာတွေပေါ်လာရင် ဖြေရှင်းရတာ ပိုလွယ်လာမယ်၊ အပြန် အလှန် ဆွေးနွေးတိုင်ပင်မှုလုပ်တဲ့ခါမှာလည်း ပိုအဆင်ပြေလာမှာပေါ့၊ အပြန်အလှန် ပူးပေါင်းလုပ်ဆောင် တဲ့ နေရာမှာလည်း ပိုမိုထိ ရောက်နိုင်ပါလိမ့်မယ်’’ ဟု ပြောသည်။
ယခုကိစ္စ နှင့် ပါတ်သက်ပြီး ချင်းပြည်နယ်သစ်တောရေးရာဝန် ကြီး ဦးကျော်ငြိမ်းက ပြည်နယ်အစိုးရအနေနဲ့ တစုံတရာ သိရှိခြင်းမရှိကြောင်း သို့သော် “ ကျနော်တော့မသိဘူးခင်ဗျား၊ သူတို့ဆိုင်ရာဆိုင်ရာ ကလုပ်တာ ထင်တယ်၊ ကောင်းတာ ပေါ့ဗျာ၊ နိုင်ငံခြားဘာသာ စကား တတ်တော့’’ ဟု ပြောသည်။
ဝေဖန်သူတချို့ကမူ နယ်စပ်ရေးရာကိစ္စတွေက ပေါ့သေးသေးမဟုတ်သဖြင့် တလထဲနဲ့ တို်င်းတပါးစကားတွေ ရမယ်ဆို တာက လက်တွေ့ကျမလားဟု ဆိုကြသည်။