ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူါ်ချုပ် ဘန်ကီးမွန်း မြန်မာပြည်သွားရန်ရှိ

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူါ်ချုပ် ဘန်ကီးမွန်း မြန်မာပြည်သွားရန်ရှိ
by -
ရွှေဟင်္သာ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည်၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်း မြန်မာနိုင်ငံ ကို သွား ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ယမန်နေ့က ပြောဆိုလိုက်ပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည်၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီး နောက်ပိုင်း မြန်မာနိုင်ငံ ကို သွား ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ယမန်နေ့က ပြောဆိုလိုက်ပါသည်။ သူသည် မြန်မာအစိုးရ က  ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် လေ့လာစောင့်ကြည့်ရေး အဖွဲ့များ လာရောက်ရန် ဖိတ်ကြားခဲ့သည့် ကိစ္စအပေါ်ကြိုဆိုသည့်အတွက် ဤခရီးစဉ် ဖြစ်လာသည်ဟု အာရှခရီးစဉ်ကို သွားရောက်နေသည့်  မစ္စတာဘန်ကီးမွန်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှားဝန်ကြီးချုပ်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်သတင်း ထောက်များကို ပြောကြားလိုက်ပါသည်။
Reuters
မြန်မာနိုင်ငံ အစိုးရသည်၊ ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့အတွက် ကုလသမဂ္ဂ အပါအဝင် အရှေ့ တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ၊ အမေရိကန်ပြည်ထောင်စု နှင့် EU ဥရောပသမဂ္ဂက နိုင်ငံတကာ အကဲခတ်များ ကို ဖိတ်ခေါ်ခဲ့သလို နိုင်ငံတကာမှလည်း ကြိုဆိုခဲ့ကြပါသည်။ ဘန်ကီမွန်းသည်  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင်သူက - 

"ဒါဟာ ကြိုဆိုရမယ့် သတင်းကောင်းပါ။ ရွေးကောက်ပွဲဟာ အများယုံကြည် လက်ခံ နိုင်ဖို့နဲ့ ပွင်းလင်းမြင်သာမှု ရှိစေဖို့ ကုလသမဂ္ဂအနေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ နဲ့ ဆွေးနွေးသွားမှာပါ။ အခုအခြေအနေ ဟာ မှန်ကန်တဲ့ လမ်းကြောင်း အပေါ်ရောက်နေပါတယ်။"

အလားတူ မြန်မာအစိုးရ၏ ရွေးကောက်ပွဲ လေ့လာအကဲခတ်ရေးအဖွဲ့  ဖိတ်ကြားချက်အပေါ် အမေရိကန် ပြည်ထောင်စု ကလည်းကြိုဆို ခဲ့ပြီး ဤကြားဖြတ်ရွေးကောက် ပွဲသည် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုလုပ်ငန်းအတွက် အရေးကြီးသည့် မှတ်တိုင်တခုဖြစ်သည်ဟု တမြန်နေ့ (မတ်လ ၂၂ ရက်နေ့) ကပြောဆိုသွား ခဲ့ပါသည်။ ထို့အပြင် EU ဥရောပသမဂ္ဂနှင့် အာ ဆီယံကလည်း ကြိုဆိုနေကြပါသည်။ မြန်မာအစိုးရ၏ ဤကြားဖြတ်ရွေးကောက်ပွဲသည်လည်း အရေးယူပိတ်ဆို့မှုများနှင့် ပါတ်သက်နေသည်ဟု အမေရိကန် ပြည်ထောင်စုနှင့် EU ဥရောပသမဂ္ဂ နိုင်ငံများကပြောထားပြီးဖြစ်ပါသည်။

ကုလသမဂ္ဂအတွင်းရေးမှူးသည် မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းဖြစ်ပြီးချိန်၌ တကြိမ်၊ ၂၀၀၉ ခုနှစ်တွင်တကြိမ်၊ နှစ်ကြိမ် သွားရောက်ခဲ့ပြီးဖြစ်ပါသည်။ အကယ်လို့သာ ကြားဖြတ် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံကို သွားဖြစ်မည်ဆိုပါက တတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်လာမှာပါ။

Most read this week