မြစ်ကြီးနား ဗန်းမော်ကားလမ်းအနီးက ကန်ဒေါင်ယန် ကျေးရွာနားတွင် ဖြစ်ပွားခဲ့သည့် မတ်လ (၁၉) ရက်နေ့ တိုက်ပွဲ၌ အဆိပ်ငွေ့ ကျည်သုံးခဲ့သည်ဟု ကချင်လွတ်မြောက်တပ်ဖွဲ့ (KIA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ပြောပါသည်။
ဤ တိုက်ပွဲမတိုင်ခင်ကလည်း မြစ်ကြီးနား ဗန်းမော်သွား လမ်းပေါ်က ကေအိုင်အေ တပ်မဟာ (၅) တောင်ကုန်း စခန်းတခုကို ခမရ ၄၆၀၊ ခမရ ၃၉၀ အစိုးရတပ်များက သိမ်းပိုက်ရန် (၄-၅) ရက် ဆက်တိုက် တိုက်ခိုက်နေခဲ့သည်ဟု ဆိုပါသည်။ ထို့အပြင် မတ်လ (၂၂) ရက်နေ့ မနက်ပိုင်း ( ရး၃၀) နာရီ မှ (၉း၃၀) နာရီတွင်လည်း ကောက်ဂျန်ကျေးရွာ( ရှမ်းရွာ) ဘက်မှ ဘန်ဒေါင် -ဧဒင်ကျေးရွာဘက်သို ့ရောက်လာသော ခလရ (၃ရ) (၄၀)၊ ခမရ (၃၈၈) ပူးပေါင်းတပ်ဖွဲ ့များနှင့် ကေအိုင်အေ တပ်မဟာ (၅) တပ်ဖွဲ ့တို ့နန်ဆန်ခနှင့် ဧဒင်ကျေးရွာ ပါတ်ဝန်းကျင်တွင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆိုပါသည်။
အလားတူ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးအနီးရှိ အင်ပေါင်ကျေးရွာ နှင့် ကန်တော်ယန် ကျေးရွာအကြား တွင် ရောက် ရှိနေသော အစိုးရ ခလရ (၂၆၀), ခမရ (၃၈၉)၊ (၃၉၀) ပူးပေါင်း တပ်ဖွဲ ့များ ကို ကေအိုင်အေ တပ်ရင်း (၂၅၅) မှ တပ်ဖွဲ့များက ၀င်ရောက် တိုက်ခိုက်ခဲ့ပါသည်။
ဤကဲ့သို့ (၅) ရက်ကြာတိုက်ပွဲများ ဆက်တိုက် ပြင်းထန်လာနေခဲ့ရာက ဓါတုအဆိပ်ငွေ့ ကျည်များ အဆက် မပြတ် ပစ်ခတ် လာခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါသည်။
ကေအိုင်အိုသည်၊ အပစ်အခတ်ရပ်စဲရန် ပြီးခဲ့သည့် မတ်လလည်တုန်းကလည်း နိုင်ငံတော် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ သို့သော် တပ်နေရာချထားရေး သဘောထားတွင် ညှိနှိုင်း ၍မရသဖြင့် နောက်ထပ်ဆွေးနွေး သွား ရန်ကိုသာ သဘောတူခဲ့ရပါသည်။ ကေအိုင်အေနှင့် အစိုးရတို့သည် ၁၉၉၄ ခုနှစ် ကတည်းက အပစ်အခတ်ရပ်စဲခဲ့ပြီး ဖြစ် သော်လည်း ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင် ပြောင်းခိုင်းရာက ပြီးခဲ့သည့် (၂၀၁၁) ခုနှစ် ဇွန်လတွင် ပြန်လည် တိုက်ခိုက်မှုများ ဖြစ်လာခဲ့ပါသည်။