အစိုးရ နှင့် တရုတ် ပူးပေါင်းစီမံကိန်းတိုးချဲ့ နမ့်ခမ်းမြို့ခံများ အခက်အခဲကြုံတွေ့

အစိုးရ နှင့် တရုတ် ပူးပေါင်းစီမံကိန်းတိုးချဲ့ နမ့်ခမ်းမြို့ခံများ အခက်အခဲကြုံတွေ့
by -
သျှမ်းသံတော်ဆင့်

ယခုနှစ်ဦးပိုင်းမှ စ၍ တရုတ်နှင့် မြန်မာအစိုးရ အကြား စီမံကိန်းများ တိုးချဲ့ လုပ်ကိုင်လာသောကြောင့် လမ်း တံတားများ တရက်ထက်တရက် ပိုမိုပျက်စီးလာကာ ဒေသခံများသွားလာရေး အခက်အခဲတွေ့ နေရကြောင်း နမ့်ခမ်းမြို့ခံများက ပြောပါသည်။

shan231“ဒီနှစ်ထဲမှာ နမ့်ခမ်းမြို့မှာ စီမံကိန်းနှစ်ခု ဆက်တိုက်ဝင်တော့လမ်းတွေ အရမ်းပျက်တယ်။ မနှစ်က စတဲ့ ရွှေရေနံ သဘာဝ ဓါတ်ငွေ့ စီမံကိန်းအပြင် ခဲမဖြူ သတ္တုတူးဖော်ရေးစီမံကိန်းပါတ ရုတ်က ကန်ထရိုက် ထပ်ရတယ်။ ကားတွေက ၂၄ နာရီလုံးလုံး သွားလာနေတော့ လမ်းတွေဘယ်ခံနိုင်မှာလဲ” - ဟု ခေတ်ပညာ တတ်လူငယ် စိုင်းခေး က ပြောပါသည်။

ခဲမဖြူ သတ္တုအား နမ့်ခမ်းမြို့နယ် ကောင်းကပ် ကျေးရွာအနီး (မုံရွဲတောင်) တွင်ထွက်ရှိပြီး တရုတ် နိုင်ငံပိုင် GSM ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထား၏။ ခဲမဖြူသတ္တုများအား နေ့စဉ်ကားအစီး ၃၀ ထက်မနည်း နမ့်ခမ်းမြို့ အနောက်ဘက် မုံရွဲတောင် မှ နမ့်ခမ်းမြို့ကို ဖြတ်ကာ လွယ်ကျူလောက်တောင် (မူစယ်မြို့အနီး) ၌ သိုလှောင် ထားကြောင်း၊ ကားများဖြတ်သန်းသွားလာမှုကြောင့် လမ်းများပျက်စီးနေကြောင်း ဒေသခံကားဆရာတဦး ဤကဲ့သို့ ပြောပါသည်။

“ပိုက်လုံးတင်တဲ့ကား၊ သတ္တုတင်တဲ့ ကားတွေက ဝိတ်အရမ်းများတယ်။ လမ်းကလဲ ကတ္တရာခင်းထားတာ ပါးတော့ ကားရဲ့ဝန် ကို မခံနိုင်ဘူး၊ နေ့ညမပြတ်မောင်းနေတော့ လမ်းတွေ ပျက်စီးရတာပေါ့၊ ကား ဆရာက ခေါက်ကြေးနဲ့ငှားမောင်းတာ။ မကိုက်မှာစိုးလို့ သူတို့က မိုင်ကုန်တင် စည်းမဲ့ကမ်းမဲ့ မောင်းတယ်။ ယာဉ်တိုက်မှုလဲ မကြာခဏ ဖြစ်တယ်” - ဟု ဆို၏။
shan232
အခုအခါ ရေနံသဘာဝဓါတ်ငွေ့ စီမံကိုင်းအတွက် ရွှေလီမြစ်ထဲမြေဖို့ မြေသည် ကားများလည်း ၂၄ နာရီ ပြေးဆွဲပြီး နေ့ဆိုင်း အတွက် ဒေသခံ (ကားဆရာ) ကိုသုံးပြီး ညဆိုင်းအတွက်တော့ တရုတ်ပြည်သား (ကားဆရာ) ကို ငှားသုံးနေဟု ဆိုသည်။

ရွှေလီမြစ်ကမ်းနှစ်ဘက်အား မြေဖို့ပြီး ပိုက်လိုင်းတည်ဆောက်ရန်အတွက် လိုအပ်သည့်မြေစိုင်မြေခဲများအား ကွန်လုံကျေးရွာအနီး လွယ်ကောင်းမောဝ်တောင်မှ တူးယူပြီး မန့်ဟောင်းကျေးရွာနှင့် နောင်တိန်း ကျေးရွာ အကြားရွှေလီကမ်းကိုမြေဖို့နေပါသည်။ ဖို့မြေ သယ်ယူပြေးဆွဲနေသည့်ကားများသည် တရက် (တခေါက်လျှင် တရုတ်ငွေ ယွမ် ၂၀၀) မြန်မာကျပ်ဖြင့် ၂၇၀၀၀ နှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၁၀၀၀ နီးပါးကျန်သည်ဟု မြေသည်ကား ဆရာတဦးက ပြောပါသည်။

ထိုကားအများစုမှာ တရုတ်ပြည်သားပိုင်ကားများဖြစ်၏။

shan233အဆိုပါကားများကြောင့် ပြည်သူများသည် အသက်ရှူကျပ်ရောဂါဝေဒနာခံစားရပြီး၊ လမ်းပျက်စီးမှုကြောင့် သွားလာရေးခက်ခဲနေရုံသာမက ဗန်းမော်လမ်း(ပြည်ထောင်စုလမ်းမပေါ်) နေထိုင်သည့် ပြည်သူ လူထုတို့ ညကောင်းကောင်းမအိပ်ရ မြေသည်ကားများဆူဆူညံညံ သွားလာသံများ ဆူညံနေသည်ဟုဆို ပါသည်။

“သက်ဆိုင်ရာ လူကြီးမင်းတွေ မိုးတွင်း မရောက်မီ လမ်းတွေကို အမြန်ဆုံး ပြန်လည် ပြုပြင်ပေးရင်တော့ ကောင်းတာပေါ့” - ဟု လမ်းမပေါ်နေထိုင်သည့် နန်းယေ့ က ပြောပါသည်။

နမ့်ခမ်းမြို့အနောက်ဘက် ကောင်းကပ်ရွာအနီးရှိ မုံရွဲတောင် ခဲမဖြူသတ္တုတွင်း အား တရုတ်GSM ကုမ္ပဏီက ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း ထံ ကျပ်ငွေသိန်းပေါင်း ၂၅၀၀၀ နှင့် ပုဒ်ပြတ် ဝယ်ယူထား သောကြောင့် မုံရွဲတောင်တခုလုံး ပျောက်ကွယ်သွားသည်အထိ တူးဖေါ်သည်ယူမည်ဆိုသည့် သတင်းက နမ့်ခမ်းမြို့အတွင်း ပျံ့နှံ့နေပါသည်။