တစ်ကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်နေတဲ့ ကိုကောင်းကျော်ခိုင်နဲ့ မေးမြန်းခြင်း

တစ်ကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်နေတဲ့ ကိုကောင်းကျော်ခိုင်နဲ့ မေးမြန်းခြင်း
by -
နိရဥ္စရာ

မတ်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့ထိ No F.36 , 1st floor, Pearl condominium corner of Sara San and Kaba Aye pagoda road, Yangon မှာ တစ်ကိုယ််တော် ပန်းချီပြပွဲကို ပြုလုပ်နေတဲ့ ရခိုင်လူငယ် ပန်းချီဆရာ ကိုကောင်းကျော်ခိုင်ကို နိရဥ္စရာက ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာ မေးမြန်းခွင့်ရခဲ့ပါတယ်။

Melodious-Plane

(ဘာကြောင့် ဒီ တစ်ကိုယ်တော် ပန်းချီပြပွဲကို Melodious Plane လို့ ဒီနာမည် ပေးရတာပါလဲ။)

ဟုတ်ပါတယ်။ ဒီနေရာမှာ Plane ဆိုတာက ရောင်ပြင်အနေနဲ့ ယူထားပါတယ်။ Melodious ဆိုတာက အသံသာယာသော ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဆိုတော့ ပေါင်းစပ်လိုက်ရင် အသံသာယာသော ရောင်စဉ်တွေ ဆိုပြီး အမည်ပေး ထားတာပါ။

( လက်ရှိ ပန်းချီပြပွဲနဲ့ ပတ်သတ်ပြီး အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ နည်းနည်း ရှင်းပြပေးပါ။)

ပန်းချီပြပွဲကတော့ လူစိတ်ဝင်စားမှုခံရပါတယ်။ ဘာကြောင်းလည်းဆိုရင် ဒီမှာက အကြောင်းအရာနဲ့ ကျွန်တော် ရေးထားတာတွေက ဒီမှာ တယောက်လည်း မဆွဲထားသေးတဲ့ပုံစံ တခုဖြစ်တဲ့အတွက်ပါ။ အနုပညာအရ အောင်မြင်မှုတရတယ်လို့ ပြောလို့ရပါတယ်။

(ဒီ တစ်ကို်ယ်တော် ပန်းချီပြပွဲက ပထမဆုံးအကြိမ်လုပ်တာပါလား။ အရင်ကော လုပ်ဖူးပါလား။)

One Man Show ကတော့ ပထမဆုံးအကြိမ်ပါ။ အရင်ကတော့ ကျွန်တော် အုပ်စုပွဲတွေ တော်တော်များများ ပြဖူးပါတယ်။

( အခုတယောက်တည်း လုပ်ရတဲ့ ပြပွဲ အပေါ်မှာ ခံစားမှုတွေက ဘယ်လိုရှိပါလည်း။ နည်းနည်း ရှင်းပြပေးပါ။)

ဒီနေရာမှာ နှစ်ပိုင်းရှိပါတယ်။ တပိုင်းကတော့ ကျွန်တာ်အငယ်ငယ်ကတည်း ဖြတ်သန်းခဲ့တဲ့ ရခိုင်ရိုးရာ ဒူရိယာ တွေ၊ ကကွက်ကဟန်တွေနဲ့ ကျွန်တော်ကျင်လည်ခဲ့တဲ့ အနေအထားတွေကို ပြန်လည် တင်ပြတာတပိုင်းပါ။ နောက်တပိုင်းကတော့ ကျွန်တော်ကျွမ်းကျင်တ ဲ့ပန်းချီ ကျွန်တော် ၀ါသနာပါတဲ့ ကိုယ့်အားသန်ရာ ဖြစ်တဲ့ ဒီပန်းချီနဲ့ ရခိုင်ရိုးရာ ကကွက်ကဟန်တွေနဲ့ ရခိုင်ရိုးရာစည်တီးဟန်တွေကို ပေါင်းစပ်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

( အခုပန်းချီပြပွဲမှာ ပါ၀င်တဲ့ ပန်းချီကား အရေအတွက်ကို သိပါရစေ)

ပန်းချီကား ၁၆ ကားပါ။

( အဲဒီမှာ ပန်းချီးကားတွေကို ပြပွဲမှာ ရောင်းတာတွေရှိပါလား။)

ဟုတ်ကဲ့။ သဘောကျတဲ့လူတွေရှိရင် ကျွန်တော်တို့ကရောင်းပေးပါတယ်။

(ရောင်းရတဲ့ကားတွေ ရှိနေပြီလား)

အခု လောလောဆယ်ကတော့ မရောင်းရသေးပါဘူး။

( ဟုတ်ကဲ့။ အဲဒီ ကားတွေ အထဲက လူတွေအများကြီး စိတ်ဝင်စားတဲ့ ပန်းချီကားက ဘယ်ကား ဖြစ်နိုင်တယ်လို့ ထင်ပါသလဲ)

ဒါကတော့ ကျွန်တော့် ကတ်သလောက်မှာ ပါတဲ့ကား ဖြစ်နိုင်ပါမယ်။ ဟို ရခိုင် စည်တီးနေတဲ့ ကားလေ။

(ဟုတ်ကဲ့။ အခုကို ကောင်းကျော်ခိုင်အနေနဲ့ ရခိုင်ပန်းချီလောကနဲ့ပတ်သတ်ပြီး ရခိုင်လူ့အဖွဲ့အစည်းထဲမှာ တိုး တက်လာအောင် ဘယ်လိုလုပ်ရင် တိုးတက်လာနိုင်မယ်လို့ မျှော်လင့်ထားပါလဲ)

အဓိကတော့ ကျွန်တော်တို့ ပန်းချီသမား၊ ပန်းချီကားတွေနဲ့ ပြည်သူလူထုနဲ့ နည်းနည်း ကင်းကွာပါတယ်။ ဒါ ကြောင့် ပန်းချီနဲ့ဆိုင်တဲ့ ဗဟုသုတတွေ Message ပိုင်းတွေကို ကျွန်တော်တို့ လူထုထဲမှာ ဖြန့်ဝေနိုင်မှ ကျွန် တော်တို့ ဒီပန်းချီလောကပေါ့။ တနည်းအားဖြင့် ရခိုင်ပန်းချီနဲ့ ဒီဘက်က ပန်းချီတွေပါအားလုံး တိုးတက် မယ်လို့ မြင်ပါတယ်။ အခုက လူထုထဲမှာ စိမ့်ဝင်မှု သိပ်နည်းပါတယ်။

( နိုင်ငံတကာမှာ ပန်းချီပြပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်တာတွေ တွေ့နေရပါ တယ်။ ဆိုတော့ အခု မြန်မာနိုင်ငံမှာက ဘယ်အတိုင်းအတာအထိ ပန်းချီပြပွဲတွေနဲ့ ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ပါသလဲ)

အခု ဒီမှာက ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်တွင်းဝယ်ယူမှုထက် အပြင်က နိုင်ငံခြားသားတွေ ၀ယ်ယူမှုကို အားကိုးပြီး လုပ်နေရာတာ များပါတယ်။ ကျွန်တော်တို့ မြန်မာပြည်လူထုအနေနဲ့ကတော့ ပန်းချီအပေါ်မှာ စိတ်ဝင်စားမှု နည်းပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုမှာပါ။ ပြည်တွင်း ၀ယ်ယူမှုက သိပ်နည်းပါတယ်။

(ကိုကောင်းကျော်ခိုင်အနေနဲ့ ဒီပန်းချီလောကထဲကို ဘယ်လို ၀င်ရောက်လာလည်းဆိုတာကို နည်းနည်းရှင်းပြ ပေးပါ။)

ဘယ်လို ၀င်ရောက်လာလည်းဆိုတာကို ကျွန်တော် ငယ်ငယ်ကတည်းက စပြောရမှာပါ။ ကျွန်တော် ငယ်က တည်းက ကျွန်တော့်အဖေက ဒီပန်းချီနဲ့ပတ်သတ်ပြီး ၀ါသနာပါအောင် အစစအရာရာကို သွန်သင်ပေးခဲ့ ပါ တယ်။ ဒီလိုနဲ့ကြီးလာတော့ အသက် ၂၀ ကျော်မှာ ကျွန်တော် ရန်ကုန် ပန်းချီ၊ ပန်းပုကျောင်းကို တက်ပါတယ်။ ရန်ကုန် ပန်းချီ၊ပန်းပုကျောင်းက ၂၀၀၇ မှာကျောင်းဆင်းပါတယ်။ အဲဒီကတည်းက ကျွန်တော် ဒီပန်းချီလောက ထဲကို ရောက်လာတပါ။

(အခု ကိုကောင်းကျော်ခိုင်အနေနဲ့ ဒီပန်းချီ ရေးဆွဲတဲ့ အလုပ်ကို မိမိသက်မွေးဝမ်းကျောင်းတခုအနေနဲ့ လုပ်နေပါလား။)

ဟုတ်ကဲ့။ ကျွန်တော်က ကိုယ်ယုံကြည်ရာ ဒီပန်းချီတခုကို လုပ်ကိုင်ပြီး ဘဝဝမ်းကျောင်းနေပါတယ်။ ကျွန်တော် ပန်းချီတခုဘဲ ဆွဲပါတယ်။

( နောက်တခုက မဂ္ဂဇင်းတို့ ၀တ္ထုစာအုပ်တွေမှာ မျက်နှာဖုံးအနေနဲ့ဆွဲတာတွေက ရှိပါလား။ ဒါမှမဟုတ် တခြားဘယ်လို ပုံစံမျိုးနဲ့ လျှောက်လှမ်းနေတာပါလဲ။)

ကျွန်တော်ကတော့ မဂ္ဂဇင်းသရုပ်ဖော်လိုင်း မဟုတ်ပါ။ ကျွန်တော်က ဒီပန်းချီကားကို ကိုယ်ဟာနဲ့ကိုယ် ကိုယ်သ ဘောကျတဲ့ ကိုယ်ယုံကြည်တဲ့ ပန်းချီကားတွေကို ဆွဲပါတယ်။ ပြီးမှ တခြားသူငယ်ချင်းတွေ၊ ပန်းချီ အသိုင်း အဝိုင်းတွေနဲ့ပေါင်းပြီး Group Show တွေပြပါတယ်။ Gallery တွေမှာ တင်ပါတယ်။ အခုဆို ကျွန်တော် First Show အနေနဲ့ပြပါတယ်။ ကျွန်တော်တို့က ပန်းချီကားရေးဆွဲတဲ့လိုင်းပါ။ ကာတွန်း၊ မဂ္ဂဇင်း သရုပ်ဖော်လိုင်းမဟုတ်ပါ။

(ရခိုင်လူငယ် မျိုးဆက်သစ် ပန်းချီလူငယ်တွေကို ဘာတွေပြောချင်ပါလည်း။ ပြောစရာရှိရင် ပြောပေးပါ။)

အဓိကတော့ ကိုယ်ဝါသနာပါတဲ့အလုပ်။ ကိုယ်ယုံကြည့်ချက်နဲ့ လုပ်တဲ့အလုပ်။ ကိုယ့်ရဲ့ ခံယူချက်၊ ၀ါသနာ နောက်ပြီး ကိုယ်တိုင် အားထုတ်မယ်ဆိုရင် ဘာအလုပ်မဆို အောင်မြင်မယ်လို့ ပြောချင်ပါတယ်။

Most read this week