ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ် နှစ်နိုင်ငံအစိုးရမှ တာဝန်ယူစေလို

ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ် နှစ်နိုင်ငံအစိုးရမှ တာဝန်ယူစေလို
by -
မွေခေါဝ်

ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာမည့် ပြဿနာ၊ အန္တရာယ်မှန်သမျှကို မြန်မာနှင့် တရုတ်နိုင်ငံအစိုးရများမှ တာဝန်ယူပေးစေလိုကြောင်း တရုတ်အစိုးရပိုင်သတင်းဌာနတစ်ခုနှင့်တွေ့ဆုံ စဉ် လယ်ယာမြေပိုင်ရှင်များက တောင်းဆိုလိုက်သည်ဟု သိရှိရပါသည်။

 SHAN)
“ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာမဲ့ အန္တရာယ်တွေကို နှစ်နိုင်ငံစလုံးက အစိုးရကနေ တာဝန်ယူပေးစေချင် တယ်။ ဘယ်လိုအန္တရာယ်တွေရှိနိုင်တယ်၊ ရှောင်ရန်ဆောင်ရန်တွေကို မြန်မာအစိုးရကနေ အသိပညာ ပေးစေချင် တယ်။ တကယ်လို့ အဲဒီလိုမဟုတ်ရင်တော့ ဒေသခံတွေလဲ ပိုက်လိုင်းဖြတ်သန်းမှုကို မလို လားကြဘူး-လို့ ပြောပြလိုက်တယ်”ဟု လယ်ပိုင်ရှင်တစ်ဦးက ပြောပါသည်။

တရုတ်အစိုးရပိုင်သတင်းဌာနတစ်ခုမှ သတင်းထောက် ၃ ဦးက နမ့်ခမ်းမှ လယ်ယာမြေပိုင်ရှင် ၂ ဦး၊ မုံးဝီးမှ ၂ ဦးအား မတ်ခ်ျလ ၅ ရက်နေ့  နေ့လည် ၁၂ နာရီခန့်က လာရောက်တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ် သည်။

ပိုက်လိုင်းအတွက် သိမ်းဆည်းခံရသည့်လယ်ယာမြေများ လျော်ကြေးရရှိမှု၊ မြေတိုင်းထွာမှု အချက်အ လက်အမှန်ကို သိရှိလိုသောကြောင့် လာရောက်မေးမြန်းရခြင်းဖြစ်ကြောင်း ၎င်းကဆို၏။

“ကျနော်တို့လဲ အရှိအတိုင်း အမှန်အတိုင်း ပြောပြလိုက်တယ်။ မြန်မာအစိုးရနဲ့ကုမ္ပဏီက လုပ်ပေးတာ တွေ မြေတိုင်းတာအစ လျော်ကြေးပေးတာအဆုံး ကျေနပ်အားရတာ တခုမှမရှိဘူး။ မြေတိုင်းတာလဲ မှားမှား ယွင်းယွင်း တိုင်းတယ်။ လျော်ကြေးလဲ အပြည့်အဝမပေးဘူး။ တဝက်ဘဲပေးတယ်။ တချို့ဆို တဝက်တောင် မရဘူး။ ဒါပေမဲ့ ဒေသခံတွေကလဲ အာဏာပိုင်တွေကို မလွန်ဆန်နိုင်လို့ ဘာမှမတတ် နိုင်ကြဘူးပေါ့” ဟု အဆိုပါ လယ်ပိုင်ရှင်က ဆက်လက်ပြောပါသည်။

နမ့်ခမ်းမြို့နယ်အတွင်း မြို့နှင့်နီးပြီး အထွက်နှုန်းကောင်းသည့် လယ်ယာမြေများကို ပထမအဆင့် သတ် မှတ်ကာ ၁ ဧက ကျပ် ၁၃၅ သိန်း၊ မြို့နှင့်ဝေးပြီး အထွက်နှုန်းကောင်းသည့် လယ်မြေများကို ဒုတိယ အဆင့်သတ်မှတ်ကာ ၁ ဧက ကျပ်သိန်း ၁၀၀၊ မြို့နှင့်ဝေး တောင်ကုန်းတောင်းစောင်းရှိ မြေများကို တတိယအဆင့်သတ်မှတ်ကာ ကျပ်သိန်း ၆၀ ပေးလျော်မည်ဖြစ်ကြောင်း အာဏာပိုင်များက တရားဝင် ထုတ်ပြန်ထားသော်လည်း အဆိုပါဈေးနှုန်းထက် အဆမတန်လျော့နည်းကာ ပေးလျော်ကြောင်း ဒေသခံများက ဆို၏။

အကျပ်အတည်းရင်ဆိုင်နေကြရသဖြင့် ရသင့်သည့်လျော်ကြေးကို အပြည့်အဝပေးစေလိုကြောင်း၊ တောင်းဆို ထားသည့်အတိုင်း ဖြစ်မလာပါက ဒေသခံလယ်ယာမြေပိုင်ရှင်များအနေဖြင့်  ဆန္ဒပြကန့် ကွက်သင့်လျှင်လည်း ကန့်ကွက်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ သတင်းထောက်များအား ပြော ဆိုခဲ့ကြောင်း ဆို၏။

“ကျနော်တို့ ပြောသွားတာမှန်သမျှကို သူတို့က မှတ်သားထားတယ်။ တရုတ်အစိုးရကို ပြန်လည်တင်ပြ ပေးမယ်။ ကူညီနိုင်တာကို ကူညီသွားမယ်လို့ ပြောသွားတယ်။”

၂၈၀၀ ကီလိုမီတာ(မိုင်ပေါင်း ၁၇၄၀ ခန့်) ရှည်လျားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ သျှမ်း ပြည်အတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မန်တုံနှင့် နမ့်ခမ်းမြို့နယ်တို့အား ဖြတ်သန်းသွားရာ နမ့်ခမ်းမြို့နယ်အတွင်း၌ လယ်ယာမြေဧက ၃၀၀ နီးပါး သိမ်းဆည်းခံရကြောင်း သိရှိရပါသည်။