မြန်မာနူကလီးယား ဆွေးနွေးပွဲ တက်ရောက်လာသူ တရုတ်ပညာရှင် သေဆုံး

မြန်မာနူကလီးယား ဆွေးနွေးပွဲ တက်ရောက်လာသူ တရုတ်ပညာရှင် သေဆုံး
by -
စိန်ဝင်း
တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ပြုလုပ်သော နူကလီးယားဌာန ဆွေးနွေးပွဲသို့ တက်ရောက်နေရင်း ရန်ကုန်မြို့ ရှိ စင်ထရယ် ဟိုတယ်တွင် သေဆုံးသွားခဲ့ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ပြုလုပ်သော နူကလီးယားဌာန ဆွေးနွေးပွဲသို့ တက်ရောက်နေရင်း ရန်ကုန်မြို့ ရှိ စင်ထရယ် ဟိုတယ်တွင် သေဆုံးသွားခဲ့သည်။

မစ္စတာ Zhang Peixin (အသက် ၄၇) သည် အစည်းအဝေးနောက်ဆုံးနေ့မှာပင် ဟိုတယ် အိပ်ခန်းအတွင်း မှောက်ရက် အနေအထားဖြင့်  သေဆုံးနေခြင်း ဖြစ်သည်။

Zhang သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး  ငှင်းပြန်မည့် မတ်လ ၁ ရက်နေ့  မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အစည်းအဝေးခန်းသို့ ရောက်လာခြင်းမရှိ၍ ၀န်ကြီးဌာန တာဝန်ရှိသူများနှင် ဟိုတယ ်ဒုတိယမန်နေဂျာက အခန်းတံခါးကို ဖွင့်ပြီး ၀င်ရောက်ရာတွင် မှောက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြသည်။ ဟိုတယ်၏ အကြောင်းကြားချက်အရ ရဲနှင့် ဆေးဘက်ဆိုင်ရာတို့က ရောက်ရှိစစ်ဆေးရာတွင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာတစုံတခု မတွေ့ရဘဲ သေဆုံးပြီး ဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။

ရန်ကုန်ဆေးရုံကြီးရှိ မှုခင်းဆရာဝန်များက ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရာ ပင်မနှလုံးသွေးကြောများကျဉ်းနေသည်ကို တွေ့ရှိခဲ့သည်ဟု ရဲသတင်းရပ်ကွက်က ပြောသည်။

စုံစမ်းစစ်ဆေးသူများ၏ သတင်းရပ်ကွက်အရ အခင်းဖြစ်ပွားချိန်တွင် သေဆုံးသူသည် တဦးတည်းသာ ရှိနေခဲ့သည်ဟု သိရသည်။

သူ၏ဇနီးနှင့် သမီးဖြစ်သူတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ရုပ်အလောင်းကို မတ်လ ၆ ရက်နေ့ ၄ နာရီ မိနစ် ၂၀ တွင် ရေဝေးသုသာန်တွင် မီးသဂြိုလ်၍ ကြွင်းကျန်သော အရိုးပြာကို တရုတ်နို်င်ငံသို့ ပြန်လည်ယူဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

---------------------------------

ချင်းမိုင် (မဇ္ဈိမ)။     ။ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် ရန်ကုန်မြို့ ဟိုတယ်တခုတွင် သေဆုံး သွားခဲ့သည်။

မဇ္ဈိမက ယခု သတင်းရေးသားချိန်အထိ အတည်ပြုနိုင်သည်မှာ မစ္စတာ Zhang Peixin (အသက် ၄၇) သည် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနကို အကူအညီပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး စင်ထရယ် ဟိုတယ်တွင် မတ်လ ၁ ရက်နေ့က သေဆုံးသွားခြင်း ဖြစ်သည်။

ရဲသတင်း ရပ်ကွက်က ပြောကြားရာတွင် သေဆုံးသူသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သွေးတိုးရှိသူ ဖြစ်သည်ဟု ဆိုသည်။ သို့သော် တရုတ်ပြည်သူ့ သမတနိုင်ငံဘက်မှ ရဲ၏ ပမာဏ စစ်ဆေးချက်များအပေါ် သဘောမကျဘဲ ရှိသဖြင့် စုံစမ်းစစ်ဆေးမှု ပြန်လည် ပြုလုပ်လိုသည်ဟု ဆိုသည်။

စင်ထရယ် ဟိုတယ်သည် မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်က ပိုင်ဆိုင်သော ဟိုတယ်တခု ဖြစ်သည်။

Most read this week