၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ပါတီများ Joint Action ဖွဲ့မည်

၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ပါတီများ Joint Action ဖွဲ့မည်
by -
နန်းဒေဝီ
မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံ ရ ဆင့်ကို ထောက်ခံသူများနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်ရှိ နိုင်ငံရေး အင်အားစုတခုက ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပူးတွဲ ဆောင်ရွက်ရေးအဖွဲ့ - Joint Action ဖွဲ့စည်းမည့် အစည်းအဝေးကို ယခုလ ၁၅ ရက်နေ့တွင် ရန်ကုန်၌ ကျင်းပသွားမည်ဟု ဆို ...

နယူးဒေလီ (မဇ္စျိမ)။     ။ မြန်မာစစ်အစိုးရ၏ လမ်းပြမြေပုံ ရ ဆင့်ကို ထောက်ခံသူများနှင့် ဖွဲ့စည်းထားသည့် ရန်ကုန်ရှိ နိုင်ငံရေး အင်အားစုတခုက ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပူးတွဲ ဆောင်ရွက်ရေးအဖွဲ့ - Joint Action ဖွဲ့စည်းမည့် အစည်းအဝေးကို ယခုလ ၁၅ ရက်နေ့တွင် ရန်ကုန်၌ ကျင်းပသွားမည်ဟု ဆိုသည်။   

နိုင်ငံရေး အဖွဲ့အစည်း ၁၁ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစုက တသီးပုဂ္ဂလ၊ ပါတီတခုချင်းစီ မဟုတ်ဘဲ စုပေါင်းကာ ရွေးကောက်ပွဲ ၀င်ရောက်ရေး ဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်သည်။    

“အဓိက ဆွေးနွေးမှာက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရင် ကျနော်တို့ တပါတီချင်း မဟုတ်ဘဲနဲ့၊ တဦးချင်း မဟုတ်ဘဲနဲ့ စုပေါင်းပြီး ၀င်ရေး ဆွေးနွေးဖို့ပါ” ဟု အစည်းအဝေး ကျင်းပရေး ပူးတွဲလုပ်ငန်း ကော်မတီမှ ဦးအုံးလွင်က ပြောသည်။

သူ့အဖွဲ့မှာ နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစုဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစုတွင် အဖွဲ့ဝင်ဖြစ်သည်။

ထိုအင်အားစုတွင် တသီးပုဂ္ဂလနှင့် ညီလာခံကိုယ်စားလှယ်များ၊ မျိုးချစ် အမျိုးသားနိုင်ငံရေး အစည်းအရုံး (တောင်တွင်းကြီး)၊ ၀ံဿနု NLD (မြန်မာနိုင်ငံ)၊ ဒီမို NLD (စစ်ကိုင်းတိုင်း)၊ အမျိုးသား နိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်)နှင့် ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အဖွဲ့ အပါအဝင် အဖွဲ့ပေါင်း ၁၁ ဖွဲ့ ပါရှိသည်။   

၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ၊ မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး ဟောပြောပွဲများအပြင် ၂၀၀၈ ဆန္ဒခံယူပွဲ အောင်မြင်ရေး စည်းရုံးလှုံ့ဆော်ခဲ့သည်။

မဟာမိတ်ဖွဲ့ရေး အစည်းအဝေးသို့ ယခုအဖွဲ့များအပြင် တသီးပုဂ္ဂတချို့နှင့် အခြား အဖွဲ့အစည်း ၄ ဖွဲ့မှ ကိုယ်စားလှယ် ဦးရေ ၅၀ ခန့် တက်မည်ဖြစ်သည်။    

သူက “ကျနော်တို့ လုပ်မှာက joint action အလုပ်တူညီလုပ်ရေး၊ သူတို့ သဘောမတူလို့ မပါချင်လည်း မပါနဲ့။ အစည်းအဝေးကျရင် ကျနော်တို့ သူတို့ဆန္ဒကို မေးမှာပဲ။ ပြီးရင် ကြေညာချက် ဆက်ထုတ်မယ်” ဟု ပြောသည်။    

အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး၊ ပြည်သူလူထု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး ဘဝ ခေတ်မီဖွ့ံဖြိုးတိုးတက်ရေး၊ ပြည်ပမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုနှင့် အခြေအမြစ်မရှိ ပုတ်ခတ်စွပ်စွဲမှုများကို ဆန့်ကျင်သည့်အပြင် အမျိုးသား အကျိုးစီးပွားကို အဓိကထားကာ ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။

“ကျနော်တို့အဖွဲ့ သဘောထားက လမ်းပြမြေပုံ ရ ချက်က ကျနော်တို့ ဗမာပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်း၊ စီးပွားရေး အကျပ်အတည်းကနေ ထွက်ပေါက်ဖြစ်တယ်လို့ ခံယူထားတယ်” ဟု ဦးအုံးလွင်က ပြောသည်။    

၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီ အနေဖြင့် စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ပြီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသား အားလုံး ဦးစွာ ပထမ ပြန်လွှတ်ပေးရမည်ဟု ပြောဆိုထားသည်။

Most read this week