ချင်းမိုင် (မဇ္ဈိမ)။ ။ ၀န်ထမ်းရွေးချယ်လေ့ကျင့် ဥက္ကဌရာထူးအပါအဝင် ထိပ်တန်းရာထူးအချို့အပြောင်းအလဲ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရပ်ကွက်များက ပြောသည်။
ပြည်သူ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥက္ကဌ ဒေါက်တာ သန်းညွှန့်နှင့် ပညာရေးဒုဝန်ကြီး ဦးမျိုးညွှန့်တို့ ရာထူးမှ အနားယူသွားပြီဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောသည်။
ထို့အပြင် နို်င်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်သူကို ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေး ဥက္ကဌအဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။ ဤရာထူးမှာ ၀န်ကြီးရာထူးနှင့် တန်းတူအဆင့်ဖြစ်သည်။
ဦးကျော်သူသည် သမတဟောင်း ဦးမောင်မောင်၏သားဖြစ်ပြီး သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ဥက္ကဌလည်းဖြစ်သည်။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများတွင် ကူညီထောက်ပံ့ရေးနှင့် နို်င်ငံတကာအထောက်အပံ့များ ကွပ်ကဲရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာအစိုးရ ကို်ယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။
ဖြစ်လာနိုင်သည့် ၀န်ကြီးအဖွဲ့အပြောင်းအလဲနှင့် ပတ်သက်၍ မဇ္ဈိမက ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သလို http://www.mizzimaburmese.com/special/2010-election/2114-2008-12-09-10-4... ယခုလက်ရှိအချိန်တွင် နှုတ်ထွက်ပြီးသွားသူအချို့ကို စတွေ့လာရသည်။
ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောလွင်တို့ ရာထူးမှနှုတ်ထွက်ပြီးဖြစ်သည်။