မြန်မာအလုပ်သမား ၁၇ ဦးကို လူမိုက်များက ခြိမ်းခြောက်

မြန်မာအလုပ်သမား ၁၇ ဦးကို လူမိုက်များက ခြိမ်းခြောက်
by -
မြင့်မောင်
မလေးရှားနိုင်ငံ  ကွာလာလမ်ပူမြို့ရှိ အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၁၇ ဦးသည် အချိန်ပိုကြေးပေးရန် တောင်းဆိုနေစဉ် အလုပ်ရှင်က လူမိုက်များ စေလွှတ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း အလုပ်သမားများက ပြော ...

နယူးဒေလီ (မဇ္စျိမ)။     ။ မလေးရှားနိုင်ငံ  ကွာလာလမ်ပူမြို့ရှိ အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား ၁၇ ဦးသည် အချိန်ပိုကြေးပေးရန် တောင်းဆိုနေစဉ် အလုပ်ရှင်က လူမိုက်များ စေလွှတ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

Greater Versatile Garments အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူ မြန်မာအမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၂ ဦး၏ နေအိမ်သို့ အလုပ်ရှင်က ငှားရမ်းထားသည့် လူ ရ ဦးက ဓားပြခြိမ်းခြောက်မှုများ ဇန်နဝါရီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်ဟုဆိုသည်။

"ကျမတို့ သူတို့လုပ်ခိုင်းတဲ့ စည်းကမ်းတွေအတိုင်း လိုက်လုပ်ပေးတယ်။ ကျမတို့ဘက်က ပြန်ပြောလာတော့ သူဋ္ဌေးဘက်ကနေ လူမိုက်တွေဘာတွေ ထားတယ်။ အိမ်ကိုလာပြီး သော့ခတ်ထားတယ်။ ရေချိုးခွင့် မရှိဘူးလို့ ပြောတယ်။ ညီမတို့ဆီကို ဖုန်းရှိလားဆိုပြီးတော့ ညီမကို နားရင်းကို ၂ ချက်၊ ၃ ချက် ရိုက််တယ််။ ဖုန်းတွေ ဘာတွေရှာတော့ တကိုယ်လုံးကို လက်တွေနဲ့နှိုက်ပြီး ရှာတယ်" ဟု ကာယကံရှင် မြန်မာအလုပ်သမတဦးက မဇ္စျိမကို ပြောသည်။

ကိုယ်တိုင်ကြံုတွေ့ရသူ အခြား အမျိုးသားတဦးကလည်း "ကျနော်တို့ ၁၇ ယောက် အတူနေပါတယ်။ သူဋ္ဌေးက လူမိုက်တွေခေါ်ပြီး ကျနော်တို့ကို ဓားတွေနဲ့ ထောက်ထားတယ်။ လူမိုက်တွေက ရ ယောက် ရှိတယ်။ မိန်းကလေးတွေကို ဘောင်းဘီအိတ်တွေကို နှိုက်တယ်။ " ဟု ပြောသည်။

အိမ်တွင်းမှု အထည်ချုပ် စက်ရုံတွင် အချိန်ပိုကြေးမပေးဘဲ လုပ်ခလစာကို သီတင်းပတ်နှစ်ပတ်ခန့်ကြာနောက်ကျမှပေး၍ ကန့်ကွက်ခဲ့ကြသည်ဟု အလုပ်သမားများက ပြောသည်။

အလုပ်ရှင် ဖြစ်သူ  Mr. Kuma ကတော့ အလုပ်သမားများပြောကြားချက်ကို ယတိပြတ်ငြင်းဆန်လိုက်ပြီး ပုံမှန်လစာပေးသည်ဟု ဆိုသည်။

Mr. Kuma က " လခနှင့် အချိန်ပို လုပ်အားခနဲ့ ပတ်သတ်လို့  မပေးဘူးဆိုတာလည်း မရှိပါဘူး။ ကျနော်စီမှာ အလုပ်လုပ်ကိုင်သူတွေက နိုင်ငံသားကပ်ပြားတွေ ကိုင်ဆောင်ထားတဲ့ သူတွေ ဖြစ်တယ်။ ကျနော် အလုပ်ရုံမှာ ပြဿနာ တခုမှာ မရှိပါဘူး။ ကျနော်အနေနဲ့ လစာ အပြင် အချိန်ပို လုပ်အားခကိုလည်း  ပုံမှန်ပေးပါတယ်"ဟု ပြောသည်။  

သူက"ကျနော်အလုပ်ရုံမှာ မြန်မာ အလုပ်သမား ၁၀ယောက်ရှိပါတယ်။ အခု ကျနော်စက်ရုံက တရုတ် နှစ်သစ်ကူး နည်းတဲ့ အတွက် အခု ပိတ်ထားပါတယ်။ ကျနော် အလုပ်သမားတွေကို ပိုက်ဆံ မပေးဘူးဆိုရင် သူတို့ မြန်မာနိုင်ငံကို ဘယ်လို ပိုက်ဆံ ပို့နိုင်မလဲ။ ကျနော်ပိုက်ပေးလို့သာ သူတို့ ငွေပို့ နိုင်တာဖြစ်တယ်"ဟု ပြောသည်။  

ကွာလာလမ်ပူအခြေစိုက် မြန်မာအလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ တာဝန်ခံတဦးဖြစ်သူ ကိုစည်သူမောင်က ''ကျနော်တို့ အထောက်အထား အချက်အလက်တွေ စုံသွားပြီလေ။ အလုပ်သမားဌာနက အကြောင်းပြန်စာ လာလို့ရှိရင် တရားစွဲဆိုဖို့ လုပ်နေပါတယ်။ မလေးမှာရှိတဲ့ NGO အဖွဲ့များရဲ့ အကူအညီတွေကိုလည်း တောင်းခံထားပါတယ်။ မြန်မာနိုင်ငံ သံရုံးကို အကြောင်းကြားတော့ ဖုန်းမကိုင်ဘူး။ ဖုန်းကိုင်တော့လည်း ကျနော်တို့အသံ ကြားတော့ ဖုန်းချသွားတယ်" ဟု ပြောသည်။  

"အဲဒီအိမ်မှာ လူမိုက်တွေနဲ့ ပိတ်ပြီး လောင်ထားတယ်။ Kepong ကပ်ပုံ ဆိုတဲ့ မြို့နယ်မှာ သူ့ သူဌေးကပေးထားတဲ့ အိမ်မှာ နေရတယ်။ အလုပ်ချိန် ခိုင်းတာတွေ မမှန်တာ၊ လစာပေးရမဲ့ အချိန်လည်း ပုံမှန်မပေးတဲ့ အတွက်  ကောင်းမလေးက ကျနော်တို့စီ တိုင်တာကနေ စဖြစ်တယ်"ဟု  သူက ထပ်ပြောသည်။  

Most read this week