“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး ဆိုတဲ့အကောင့်ကနေပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား (၇) ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အဆိုပါရပ်ကွက်နေ သားအမိ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။” လို့ရေးသားထားပါတယ်။

ဆက်လက်ပြီး “အဆိုပါရပ်ကွက်နေ ဒေါ်စန်းစန်းဝင်း (၄၅) နှစ် နှင့် ၎င်း၏သားများဖြစ်ကြသည့် ကိုမင်းခန့်ကျော် (၂၀) နှစ်၊ ကိုမင်းဇော် (၁၈) နှစ်တို့သည် နေအိမ်ခြံဝန်းအတွင်းရှိနေစဉ် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စန်းစန်းဝင်းပါ ၃ ဦးတို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။” လို့ဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ဖြစ်စဉ်ကိုရှာဖွေကြည့်တဲ့အခါ “စစ်ကိုင်းတိုင်း၊ တမူးမြို့စောဘွားအင်းရပ်ကွက်မှာ ဇန်နဝါရီ ၅ ရက် ည ၉ နာရီကျော်အချိန်က ကင်းလှည့်နေတဲ့ ပျူစောထီးတွေက လူနေရပ်ကွက်ထဲ ပစ်ခတ်ရာကဒေသခံ ပြည်သူသုံးဦးကျည်ထိပြီး ဒဏ်ရာတွေရခဲ့တယ်လို့ တမူးမြို့ခံတွေဆီကသိရပါတယ်။” DeltaNewsAgency သတင်းဌာနမှာဖော်ပြထားပါတယ်။

https://bit.ly/3kUuEy9

တမူးမြို့ ဒေသခံတစ်ဦးက "အဲ့ဘက်က ပျူစောထီးပိုများတဲ့နေရာပေါ့ဗျာ၊ မြို့အနေနဲ့ဆို၊ညနေမိုးချုပ်တာနဲ့အပြင်မထွက်ကြတော့ဘူး၊ ညအ ပေါ့သွားချင်လို့ အိမ်ထဲကနေထွက်တာမှာ ပျူစောထီးတွေက လှန့်ပြီးပစ်တဲ့သဘောပဲ" လို့ပြောပါတယ်။

အိမ်ထဲကနေအိမ်ပြင်ထွက်လာတဲ့ ဒေသခံတဦးကို ပျူစောထီးတွေက ပစ်ခတ်လို့ထိမှန်ခဲ့တဲ့အပြင် သေနတ်သံ ကြားလို့ အိမ်အပြင်ဘက် ပြေးထွက်လာတဲ့ အမျိုးသားနှစ်ဦးလည်း ထပ်ပြီး အပစ်ခံရကာ ကျည်ထိဒဏ်ရာ တွေရခဲ့ကြတာလို့ ဆိုပါတယ်။

"သားအဖတွေလို့ပြောကြတယ်၊ဘယ်သူကအရင်ထွက်ပြီးဘယ်သူကအရင်မှန်တယ်တော့မသိဘူး" လို့ မြို့ခံတဦးကဆိုပါတယ်။

တမူးမြို့စောဘွားအင်းရပ်ကွက်ဟာ ပျူစောထီးတွေစိုးမိုးထားတဲ့နေရာဖြစ်ပြီး သွားလာသူတွေကိုစစ်ဆေးတာ၊ ညကင်းလှည့်တာတွေကိုအမြဲလုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဒါကြောင့် ယိမ်းနွဲ့ပါး အကောင့်မှာ ရေးသားဖော်ပြထားသလို “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား (၇) ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အဆိုပါရပ်ကွက်နေ သားအမိ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။” ဆိုတဲ့သတင်းဟာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...