KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ..... KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲ့တွေကို မထိန်းနိုင်ကြတော့ဘူး ဆိုတဲ့သတင်းအမှား

KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ..... KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲ့တွေကို မထိန်းနိုင်ကြတော့ဘူး ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ရွှေမဲခေါင်ဆိုတဲ့အကောင့်ကနေပြီး “KNU နယ်မြေတွေမှာ အဖွဲ့တွေ အစိပ်စိပ်အမွှာမွှာကွဲနေကြပြီ..... KNU ဗဟိုအနေနဲ့လည်း သူ့လက်အောက်က အဖွဲ့တွေကို မထိန်းနိုင်ကြတော့ဘူး.... နယ်ဒါးမြ၊ တာဘော၊ စောကျော်သက်နဲ့ အယ်စေးဝါးတို့လို အဖွဲ့တွေက မွေးဖွားပေးခဲ့တဲ့ ကျားဖြူ၊ နဂါးဖြူနဲ့ ဂျပ်စတစ်ဆိုးဂျားတို့လို PDF အဖွဲ့တွေကလည်း သူတလူ ငါတမင်းနဲ့ မင်းမူနေကြပြီ.... တနေ့ထက်တနေ့ အဖျက်အမှောက်လုပ်ငန်းတွေ ပိုပိုလုပ်လာတယ် အတင့်ရဲလာတယ်....”လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး “ဒီဇင်ဘာ ၁၅ ရက် နေ့ က လမ်းတံတားနဲ့ လျှပ်စစ်ထရမ်စဖေါ်မာတွေ တာဝါတိုင်တွေကို KNU လက်အောက်ခံ အကြမ်းဖက်အဖွဲ့တွေက ဖေါက်ခွဲဖျက်ဆီးသွားတယ်.... အဲဒီတော့ KNU ဗဟို အနေနဲ့ ဘယ်လိုတွေတာဝန်ခံပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ အောက်ကအဖွဲ့တွေကို ထိန်းသိမ်းသွားမှာလဲ ?” လို့ဖော်ပြထားတာဖြစ်ပါတယ်။

ဒါအပြင် “အောက်ကအဖွဲ့တွေရဲ့ လုပ်ချင်တိုင်း လုပ်နေတာတွေကို တာဝန်ခံဖို့ KNU ဗဟိုမှာ တာဝန်ရှိတယ်ဆိုတာ မေ့ထားလို့မရဘူးနော်.... အဲဒီတော့ ရှေ့လျှောက် KNU ဗဟိုက ဘယ်လိုမျိုးတွေ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်ရတော့မယ့် အနေအထားကို ရောက်လာပါပြီ” လို့ဖော်ပြထားပါတယ်။

ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ကရင်ပြည်နယ်စောင့်ကြည့်လေ့လာသူတစ်ဦက “ဒါကသတင်းအမှားပါ အစိတ်စိတ်အမွှာမွှာကွဲတယ်ဆိုတာ အဖွဲ့တွေကိုမထိန်းနိုင်ဖြစ်နေတယ်ဆိုတာတွေကမဟုတ်ပါဘူး။” လို့ပြောပါတယ်။ သတင်းအမှားမှာဖော်ပြထားသလို “ဒီဇင်ဘာ ၁၅ ရက် နေ့ က လမ်းတံတားနဲ့ လျှပ်စစ်ထရမ်စဖေါ်မာတွေ တာဝါတိုင်တွေကို KNU လက်အောက်ခံ အကြမ်းဖက်အဖွဲ့တွေက ဖေါက်ခွဲဖျက်ဆီးသွားတယ်.” ဆိုတာနဲ့ပတ်သက်ပြီး  "တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတာ။ ဒီဇင်ဘာ ၁၉ လောက်ကစပြီး အခုထက်ထိပဲ။ ၇ တိုင်တံတားကတော့ ဒီဇင် ဘာလ ၂၃ ရက်နေ့ စစ်တပ် ဘက်က ပစ်ခတ်လို့ မိုင်းထိသွားတယ်။ ဆိုင်ကယ်နဲ့ကားလေးတွေ ဖြတ်သန်းလို့ရပေမယ့် ကားကြီးတွေ မခံနိုင်လောက်ဘူးထင်တယ်" လို့ ဒေသပြည်သူတစ်ဦးက‌ ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ ယာယီတပ်ရင်းမှူး သေဆုံးခဲ့ရာ ယခုအချိန်အထိ ယာယီတပ်ရင်းမှူး အလောင်းကို စစ်တပ်က လာမကောက်သဖြင့် ပုတ်ပွနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...