“ဒီဇင်ဘာလ ၂၄ ရက်နေ့ ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်တွင် စကစတပ်ဖွဲ့ဝင်များမှ ပြည်သူ ၂ ဦးအား ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ်မရှိဟုဆိုကာ စစ်ကောင်စီဝါဒဖြန့် အကောင့်ကနေ သတင်းအမှားဖြန့်ဝေ”

“ဒီဇင်ဘာလ ၂၄ ရက်နေ့ ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်တွင် စကစတပ်ဖွဲ့ဝင်များမှ ပြည်သူ ၂ ဦးအား ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ်မရှိဟုဆိုကာ စစ်ကောင်စီဝါဒဖြန့် အကောင့်ကနေ သတင်းအမှားဖြန့်ဝေ”

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံ လမ်းထောင့်တွင် စစ်ဆေးရေးဂိတ်ချထားသော စစ်ကောင်စီတပ်က ပြည်သူ ၂ ဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးကို အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးမှုရှိခဲ့သည်ကို စစ်ကောင်စီဝါဒဖြန့် Fact Check  ဆိုတဲ့ အကောင့်ကနေ အဲဒီဖြစ်စဉ်ဟာ လုပ်ကြံသတင်းသာဖြစ်ပြီး သေဆုံးမှုမရှိခဲ့ဘူးလို့ သတင်းအမှားကို ဖော်ပြခဲ့ပါတယ်။

Fact Check  အကောင့်မှာ ခုလိုဖော်ပြထားပါတယ် “ လုပ်ကြံသတင်းတစ်ခုသာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်တွင် စကစတပ်ဖွဲ့ဝင်များမှ ပြည်သူ ၂ ဦးအား ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဉ်မရှိကြောင်း ဒေသခံသတင်းများအရ သိရှိရပါတယ်။” လို့ရေးသားထားတာဖြစ်ပါတယ်။

ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာမှာနေထိုင်တဲ့ ပြည်သူနှစ်ဦးဟာ တာဟန်းဈေးအနီးမှာ နာရီပြင်ဖို့အသွား တာဟန်း ရပ်ကွက် ဗိုလ်ချုပ်လမ်း နဲ့ ဝယ်စလီဆေးရုံအနီး တောင်ဖီလာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေး ရေးဂိတ်ကနေ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။  

အဲဒီဖြစ်စဉ်ကြောင့် ပျဉ်းခုံကြီးကျေးရွာက အသက် ၃၈ နှစ်အရွယ် U Thian Zei Thang ပွဲချင်းသေဆုံးခဲ့ပြီး သူငယ်ချင်းဖြစ်သူ ဦးရာမ်လွေမှာ လက်မောင်းမှာဒဏ်ရရှိခဲ့တယ်လို့ ဦးရာမ်လွေကိုယ်တိုင်က ပြောပါတယ်။

“ကျွန့်တော့သူငယ်ချင်းက မောင်းတာ တားသံ၊အော်သံကြားတော့ ရပ်တာ မသွားခိုင်းတော့ဘူးထင်တယ်ဆိုပြီး သူတို့ကလှမ်းခေါ်တာမျိုးမရှိတော့ သူတို့နဲ့လည်း နည်းနည်း အလှမ်းဝေးသေးတယ် ခေါ်လည်းမခေါ်ဘူးဆိုတော့ နောက်ပြန်လှည့်မယ်ဆိုပြီး လုပ်တဲ့အချိန်မှာ လှမ်းပစ်တာ ကျွန်တော်ရှေ့မှာပဲ ပွဲချင်းဆုံးတာဘာမှလုပ်လို့မရဘူး။ သူတို့မိသားစုရယ် ကျန်ခဲ့တဲ့သားသမီးတွေအတွက် အရမ်းလည်း ဝမ်းနည်းသွားတယ်။ ဘာမှလည်း မလုပ် ပေးနိုင်ဘူး စိတ်တော့ဘယ်တော့မှ ကောင်းမှာ မဟုတ်ဘူး။” လို့ ဦးရာမ်လွေကပြောပါတယ်။

ကလေးမြို့ဒေသခံပြည်သူတစ်ဦးကလည်း " ကလေးမြို့ပေါ်မှာ စစ်တပ် က အဲဒီလိုပဲ မကြာခဏ ရမ်းကား ပစ်ခတ်လေ့ရှိပါတယ်။ အခုကလည်း ဆိုင်ကယ် ကို အကြောင်းမဲ့ ရမ်းသမ်းပစ်တာပါ ကလေးမြို့ပေါ်မှာ အခြေအနေဆိုးပါတယ်။ စစ်ကောင်စီတပ်သားတွေက စိတ်မထင်ရင် မထင်သလို လုပ်နေပါတယ်" ပြောပါတယ်။

ဒါကြောင့် ဒီဇင်ဘာလ ၂၄ ရက်နေ့က ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့တာ သတင်းအမှန်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ လုပ်ရပ်ကို ဖုံးဖိကာကွယ်လိုတဲ့ စကစ ဝါဒဖြန့် Fact Check  အကောင့်ကနေ သတင်းအမှား ပါဆိုပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကိုလိမ်ဖို့ကြိုးစားနေတာသာဖြစ်ပါတယ်။

အဲဒီ Fack Check  ဆိုတဲ့အကောင့်ဟာ ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာ ရေးသားထုတ်လွှင့်တဲ့ မှန်ကန်တဲ့ သတင်းတွေကို သတင်းအမှားပါဆိုပြီး တန်ပြန်တိုက်ခိုက်နေတဲ့ အကောင့်သာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သတင်းဖတ်တဲ့နေရာမှာ စဉ်းစားချင့်ချိန်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...