KIA နဲ့ PDF တွေက ထီးချိုင့်မှာ ရွာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းမှား ဖြန့်

KIA နဲ့ PDF တွေက ထီးချိုင့်မှာ ရွာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းမှား ဖြန့်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲက အင်ကြင်းကုန်းကျေးရွာ၊ အလယ်တော ကျေးရွာ နဲ့ ဆူးပုတ်ချောင် ကျေးရွာ က နေအိမ်တွေကို KIAနဲ့ PDF တွေက မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို ခင်ညိုချော ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က နိုဝင်ဘာလ ၂၈ ရက် နဲ့ ၂၉ ရက်နေ့ တွေမှာတင်ထားပါတယ်။

မီးလောင်နေတဲ့ ဓာတ်ပုံကိုအသုံးပြုပြီး ခင်ညိုချောဆိုသူက “ထီးချိုင့်မြို့နယ် အင်ကြင်းကုန်းရွာအတွင်း KIA နှင့် PDF ပူးပေါင်းအဖွဲ့များ ရောက်ရှိနေ ကြောင်း သတင်းရရှိ၍ စကစတပ်များက ဝင်ရောက်ရှင်းလင်းစဉ် KIA နှင့် PDF ပူးပေါင်းအဖွဲ့ ၁၀၀ ဦးခန့်က ကျေးရွာအတွင်းရှိ နေအိမ်များကို အကာအကွယ်ယူကာ ပစ်ခတ်တိုက်ခိုက် သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်.. တိုက်ပွဲဖြစ်ပွားနေရာမှ KIAနှင့် PDF ပူးပေါင်းအဖွဲ့တွေဟာ ကျေးရွာနေအိမ် ၄၀ လုံးခန့်အား မီးရှို့ဖျက်ဆီး ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်” ဆိုပြီး နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရေး တင်ထားပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင်လည်း “စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာမှ စကစတပ်တွေနဲ့ KIA၊ PDF ၂၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA များဟာ အလယ်တောကျေးရွာမြောက်ပိုင်းကနေအိမ် အချို့ကို မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အတွက် နေအိမ် ၁၀၀ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်..အလားတူ အလယ်တော ကျေးရွာ တောင်ပိုင်းမှာလည်း ခရစ်ယာန်ဘာသာဝင်အများစုဖြစ်တဲ့ KIA ၊ PDF တွေဟာ ဗုဒ္ဓဘာသာ ဘုရားကုန်း ကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှု များလာတဲ့အချိန် ဆုတ်ခွာထွက်ပြေးစဉ်မှာ တော့ရွာ တောင်ပိုင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၁၅၀ လုံးခန့်မီးကူးစက်လောင် ကျွမ်းခဲ့ ပါ တယ်” ဆိုပြီး တင်ထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေက ဗမာရွာတွေကိုပဲ ရွေးပြီး မီးရှို့သွားတယ်ဆိုပြီးတော့လည်း KIA၊ PDF နဲ့ ဗမာ တိုင်းရင်းသားတွေကို ရန်တိုက်ပေးထားတဲ့ အရေးအသားမျိုးနဲ့ သတင်းကို ဖြန့်ဝေထားပါတယ်။

အဆိုပါရေးသားမှုတွေဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းတိုင်း ထီးချိုင့် မြို့နယ် အင်ကြင်းကုန်းကျေးရွာ၊ အလယ်တောကျေးရွာနဲ့ ဆူးပုတ်ချောင် ကျေးရွာတွေထဲက နေအိမ်တွေကို KIA၊ PDF တွေက မီးရှို့တာမဟုတ်ပဲ စစ်ကောင်စီတပ်ဖွဲ့တွေက ရှို့သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထား လို့ ပဲဖြစ်ပါတယ်။

ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းတွေထဲမှာ ဆိုရင် လည်း စစ်ကောင်စီတပ်က ရွာထဲကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါ တယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲက ကျေးရွာတွေ မီးရှို့ခံရတဲ့ အကြောင်းကို RFA သတင်းဌာနက ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းတွေကို ဒီမှာ https://bit.ly/3ijrnXG ဝင်ဖတ်လို့ရသလို ဒီမှာလည်း https://bit.ly/3AOre51 ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် Khit Thit Media က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3ASs8NT ဝင်ဖတ်လို့ရသလို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက သတင်းတွေကို ရေးသားနေတဲ့ Kachin News Group – KNG သတင်းဌာန က ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3GVaM6P ဝင်ကြည့်လို့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ ခင်ညိုချောဆိုသူက KIA နဲ့ PDF တွေကို လူထု တွေ အထင်အမြင်မှားအောင်၊ ကြောက်အောင်၊ မကူညီမထောက်ပံ့အောင်စတဲ့ ရည်ရွယ်ချက်နဲ့ လိမ်ညာ ဝါဒဖြန့် ဖို့အတွက် လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။

 

ခင်ညိုချော ဆိုသူ Facebook အကောင့်ပိုင်ရှင်က ရေသားထားတဲ့ သတင်းအမှားကို ထပ်ဆင့်ဖြန့်ဝေသူ တော် တော်များများလည်း ရှိနေပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...