“ဝေါလေ ဂွင်ထဲက ကရင်သူပုန်ကတော့ Mi 35 ပစ်ချက်တွေနဲ့ အကျဆုံး အတော်များတယ်” ဆိုတဲ့သတင်းအမှား

“ဝေါလေ ဂွင်ထဲက ကရင်သူပုန်ကတော့ Mi 35 ပစ်ချက်တွေနဲ့ အကျဆုံး အတော်များတယ်” ဆိုတဲ့သတင်းအမှား

ဒီသတင်းအမှားကို ယွိမ်းနွဲ့ပါ ဆိုတဲ့အကောင့်ကနေပြီး “ဝေါလေ ဂွင်ထဲက ကရင်သူပုန်ကတော့ Mi 35 ပစ်ချက်တွေနဲ့ ယနေ့ အကျဆုံး အတော်များတယ် သူပုန်လော်ဘီနဲ့ အကြမ်းဖက်အားပေး မီဒီညာတွေကတော့ သတင်းအမှောင်ချထားတယ် ဝေါလေဂွင်ထဲမှာ ကတဲ့ပွဲမှာ ပွိုင့်စစ်ကြောင်းက စစ်သည် ၃ဦး Drone Bomb ထိပြီး နိုင်ငံတော် အတွက်ဘအသက်ပေးလှုသွားခဲ့တယ်။ ပွဲစပြီးမကြာလိုက်ဘူး Mi 35 တွေ ရောက်လာပြီး လိုက်သမတာ သူပုန်တွေ အကျဆုံးများစွာနဲ့ အလောင်းတောင်မကောက်နိုင်ပဲဆုတ်ခွာထွက်ပြေးခဲ့ရတယ်။ (နိုင်ငံတော်အတွက် အသက်ပေးကာကွယ်သွားသော စစ်သည် ၃ဦးအား လက်တင် အလေးပြုပါတယ်။)” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီကိစ္စကိုပတ်သက်ပြီး စုံစမ်းစစ်ဆေးကြည့်ရာမှာတော့ အဲဒီဒေသမှာ စစ်ကောင်စီတပ်နှင့် KNU, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုရှိပေမယ့် ပြည်သူ့ကာကွယ်ရေးဘက် အဲဒီလိုအများအပြားကျဆုံးတာမရှိခဲဘဲ စစ်ကောင်စီတပ်ဘက်ကသာ သေဆုံးမှုများခဲ့တာဖြစ်ပါတယ်။

KNU ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ “ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား အခုနိုဝင်ဘာလ ရက်ပေါင်း(၂၀)ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံး များပြားနေပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်” လို့ထုတ်ပြန်ထားပါတယ်။

“ပြီးခဲ့တဲ့ နိုဝင်ဘာ(၁)ရက်နေ့က (၂၄)ရက်နေ့အထိ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၂၁)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃၃)ဦး သေဆုံးပြီး (၃၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အတည်ပြုလို့မရသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ထိခိုက်သေဆုံးမှုစာရင်းလည်း အများအပြားရှိနေသေးတယ်လို့” ထုတ်ပြန်ချက်မှာပါရှိပါတယ်။

“နိုဝင်ဘာ(၂၂)ရက်နေ့ မနက်ပိုင်းက တပ်မဟာ(၆)နယ်မြေ KNU ကျုံဒိုးမြို့နယ် လားတကောတောင်ပိုင်းဒေသထဲမှာ KNLA တပ်ရင်း(၂၇)တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီရဲ့ တပ်မ(၁၁)လက်အောက်ခံ ခမရ(၂၁၅)တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၃)ဦး သေဆုံးကာ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့” ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် “တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ လမ်းမပိုင်း၊ ဘလက်တိုကျေးရွာအနီးမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၁)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ KNLA တပ်ရင်း(၂၇)ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား (၄)ရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့” ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိအဆင့်အပါအဝင် (၉)ဦးသေဆုံးပြီး အရာရှိနဲ့ အခြားအဆင့်တွေအပါအဝင် (၂၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကော်ဘရာစစ်ကြောင်းဘက်မှ (၃)ဦး ကျဆုံးခဲ့သလို (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံတစ်ဉီးကလည်း “KNLA တပ်ရင်း(၂၇)ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ (၄)ရက်တာတိုက်ပွဲဖြစ်စဉ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ အတွဲလိုက်ပစ်ဒုံးကျည်တွေ၊ (၁၂၀)မမ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ကူပေးခဲ့သလို ရဟတ်ယာဉ်နဲ့လည်း ပစ်ကူပေးပစ်ခတ်ခဲ့တယ်လို့” သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်ရှိအခြေအနေမှာလည်း တပ်မဟာ(၆)နယ်မြေ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) လုံခြုံရေးယူထားတဲ့ နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ဘက်က စစ်ဆင်ရေးဆောင်ရွက်နေဆဲဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

Link>>> https://bit.ly/3gI1uQM

ဒါကြောင့် “ဝေါလေ ဂွင်ထဲက ကရင်သူပုန်ကတော့ Mi 35 ပစ်ချက်တွေနဲ့ အကျဆုံး အတော်များတယ်” ဆိုတာသတင်းအမှားသာဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနက သတင်းတွေကိုသာသေချာရွေးချယ်ပြီး ဖတ်ရှု့သင့်ပါတယ်။

Most read this week

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...