၅ လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့ဟု ISP ထုတ်ပြန်

၅ လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့ဟု ISP ထုတ်ပြန်

၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့သည်ဟု IPS ( Institute for Strategy and Policy Myanmar) က ထုတ်ပြန်သည်။

IPS ၏ ဖော်ပြချက်အရ စစ်ကောင်စီက မီနီဘတ်ဂျက်အဖြစ် သတ်မှတ်ခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့သည်ဟု သိရသည်။

ယင်းအထဲတွင်  အာဆီယံနိုင်ငံများက  အမေရိကန်ဒေါ်လာ ၂၈၅ သန်း ကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့ကြောင်း၊ ၎င်းအထဲတွင်  စင်ကာပူ နိုင်ငံက အမေရိကန်ဒေါ်လာ ၂၇၇သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်ခဲ့သည်ဟု ဖော်ပြသည်။

တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော်ဖြင့် ဒုတိယ အများဆုံးဝင်ရောက်ခဲ့ပြီး ထိုင်း၊ မလေးရှား တို့ကဲ့သို့ အခြား အာဆီယံ နိုင်ငံများကလည်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနှစ်သန်းနှင့် အမေရိကန် သုံးသိန်းကျော် အသီးသီး ဝင်ရောက်ခဲ့သလို ဂျပန်နိုင်ငံကလည်း အမေရိကန် ဒေါ်လာတသန်းကျော်ဝင်ရောက်ခဲ့သည်။

ထူးခြားမှုမှာ  ငါးလအတွင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသန်း၊ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသိန်းကျော် စသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း အီးယူနိုင်ငံများက ရင်းနှီးမြှုပ်နှံမှုများ ပထမဆုံး ပြန်လည်ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။

ဝင်လာသည့် ရင်းနှီးမြှုပ်နှံမှုများကို ကဏ္ဍအလိုက် ISP  ခွဲခြမ်းစိတ်ဖြာထားရာ ၎င်းတို့အထဲတွင်  ဝန်ဆောင်မှုကဏ္ဍ၌  အမေရိကန်ဒေါ်လာ ၂၀၆ သန်း ကျော်ဖြင့်  အများဆုံးဝင်ရောက်ထားသည်ကို တွေ့ရကြောင်း၊  သို့အတွက် ဝန်ဆောင်မှု ကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေကြောင်း ဖော်ပြ ထားသည်။

 ၎င်းအပြင် ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက် ထားကြောင်း၊  ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်‌ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စသည့် ကဏ္ဍတွေများ၌မူ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း လုံးဝမရှိခဲ့ဟု ဆိုသည်။

July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...