ဖမ်းဆီးခံရသူ ရွာသား အလောင်း ပြန်တွေ့

ဖမ်းဆီးခံရသူ ရွာသား အလောင်း ပြန်တွေ့

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာမှ စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရွာသား တစ်ဦး အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါကျေးရွာမှ အသက် ၅၀ နှစ် အရွယ်၊ ဦးမြသန်းကို သာပေါင်းမြို့ အခြေစိုက် စစ်ကောင်စီတပ်က PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် ၃ ရက်အကြာတွင် ၎င်း၏ ကျေးရွာအနီးရှိ စမ်းချောင်း အစပ်တွင် ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဖမ်းတုန်းက စစ်သားတွေက ဝိုင်းရိုက်လိုက်ကြတာ။ သွေးသံရဲရဲ မြင်မကောင်းဘူး။ အခုတော့ သတ်ပြီး အလောင်းကို လာပစ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးမြသန်း ကို စစ်ကောင်စီ ဒီဇင်ဘာလ ၁၈ ရက်နေ့ က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထို့နောက် ဒါဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်း က ရွာသားများ က ပြန်လည်တွေ့ရှိရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သာပေါင်းမြို့ရှိ ရဲဝန်ထမ်းဟောင်း တစ်ဦးက သေဆုံးသူ ဦးမြသန်း၏ ရုပ်အလောင်းအား စမ်းချောင်းဘေးတွင် တွေ့ရသော်လည်း ရေနစ်သေဆုံးနေသည့် အခြေအနေမျိုး မဟုတ်ဘူးဟု ပြောသည်။

"အလောင်းကို တောတိရိစ္ဆာန်တွေက ကိုက်စားတာမျိုး မတွေ့ရသလို ရေနစ်လို့ ပုပ်ပွနေပြီး ငါးစားတာမျိုး လည်း မရှိဘူး။ ရိုက်နှက်တာ သေသွားလို့  လာပစ်သွားတာမျိုး" ဟု အဆိုပါ ရဲဝန်ထမ်းဟောင်း က ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် ရာဇဝတ်မှုကို ကျူးလွန်နေခြင်း ဖြစ်သည့်အပြင် လူ့ကျင့်ဝတ်၊ လူ့အခွင့် အရေး တို့ကိုလည်း ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေကြသည်ဟု ဧရာဝတီ လူအခွင့်အရေး တက်ကြွလှုပ် ရှားသူများ အဖွဲ့က ပြောသည်။

ကျောက်ဖြာကျေးရွာအား ဒီဇင်ဘာ ဒုတိယအပတ် အတွင်းက စစ်ကောင်စီတပ်ဖွဲ့ တစ်ဖွဲ့ က ဝင်ရောက်စီးနင်းပြီး ဒေသခံ မဟုတ်သည့် လူငယ်တစ်ဦးကိုလည်း ဖမ်းဆီးသွားသည်။

ထို့နောက် CDM၊ PDF လက်ခံသည်ဟု ဆိုကာကျေးရွာ၌ နေထိုင်သူများအား ညအိပ် ခရီးများ သွားခြင်း မပြရန် နှင့် ညအိပ်ဧည့်သည်များ လက်မခံကြရန် စစ်ကောင်စီ က တားမြစ်ထားသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...