ဇန်နဝါရီ ၁၀ ရက်နေ့ ၂၀၁၇ ခု သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့ အခြေ စိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒု တိုင်းမှူး ဗိုလ်မှူးချုပ်သက်ထွန်းက သျှမ်းပြည်တပ်မတော် SSPP/SSA ကိုယ်စားလှယ်တော်များအား ဖိတ်ကြားတွေ့ဆုံကာ ပြောကြားခြင်းဖြစ် သည်ဟု သိရသည် ။
“ ဒီတိုင်းမှူးက အဲဒီဒေသကို ကျွမ်းကျွမ်းကျင်ကျင် ရှိတယ်။ မိုင်းနောင် အခြေ စိုက် စကခ ၂ မှူးလဲ တာဝန်ထမ်းဆောင်ဖူး တယ်လေ။ မြောက် ပိုင်းတိုက်ပွဲ မဖြစ်ခင်ကတည်းက လုပ်ဖို့ အစီအစဉ်ရှိတယ်။ မြောက်ပိုင်းကိစ္စကြောင့် ၊ အခု အဲဒီ့ဘက်ထိန်းနိုင်ပြီဆိုတော့ ပြန်လုပ်ဖို့ စတာ။ ” – ဟု ရလခ တိုင်းမှူး နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးကပြောသည် ။
မိုင်းရှူးမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ သျှမ်းပြည်တပ်မတော် ထိန်းချုပ် ထား သည့် နယ်မြေဖြစ် သည့် လွယ်နိုင်းတောင် မှ လွယ်ချိုတောင်သို့လည်းကောင်း၊ ထိုမှ တဆင့် သံလွင်မြစ် တာ့ဝန်းနောင်း ကူးတို့ဆိပ်သို့လည်းကောင်း ရလခ စစ်တိုင်းမှူးက လမ်းဖေါက်လုပ်လိုသည်ဟု ဆိုသည် ။
“ ဒီလမ်းက ကျနော်တို့ ၁၉၈၉ အပစ်စရပ်တဲ့ အချိန်ကတည်း ကျနော် ့ ကျောက် ခင်းလမ်း ဖေါက်ထား တာ။ လွယ်ချိုတောင်ကို ၂၀၁၁ – ၁၂ တုန်းကလည်း တပ်မတော်ကနေ လာတိုက်ဖူးတယ်။ ကျနော်တို့ သဘောတူ မတူ ဗျူ ဟာ တခု စေလွှတ်ပြီးလမ်းဖေါက်မယ်တဲ့။ လာရင်တော့ တိုက်ပွဲက ဖြစ်မှာဘဲ။ ကြားဖြတ် ရွေးကောက်ပွဲ ကို ဖျက်လိုဖျက်ဆီးလုပ်လိုတယ်လို့ပဲမြင်တယ်” – ဟု ဌာနချုပ် ပြန်ကြားဌာန အရာရှိတဦးက ပြောသည် ။
၂၀၁၅ ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲ ကလည်း မိုင်းနောင် – ကျေးသီး၊ မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား အစိုးရတပ်မတော် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မဲဆန္ဒရှင် ၁ သိန်းခန့်က မဲပေးပိုင်ခွင့် လှစ်ဟင်းခဲ့သည်။ ထို့အတွက် လာမည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ထိုမြို့နယ် နှစ်ခု အတွင်း လွှတ်တော် အမတ် ၆ ဦး ရွေးကောက် တင်မြှောက်မည်ဖြစ်ပါသည် ။







