ရခိုင်ပဋိပက္ခအတွင်း အကြမ်းဖက်သမား ၂၀၀၀ ကျော် ဖော်ထုတ်နိုင်ခဲ့

ရခိုင်ပဋိပက္ခအတွင်း အကြမ်းဖက်သမား ၂၀၀၀ ကျော် ဖော်ထုတ်နိုင်ခဲ့
by -
ဇေယျာမော်
ဓာတ်ပုံ-EPA
ဓာတ်ပုံ-EPA

ရခိုင်ပြည်နယ်မြောက်ပိုင်း  မောင်တောဒေသ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အကြမ်းဖက်သမား ၂၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထိုင်းနိုင်ငံရှိ ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲသို့ တက်ရောက်နေသည့် ကာကွယ်ရေးဦးစီးချုပ်က အင်ဒိုနီးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Gatot Nurmantyo နှင့် နိုဝင်ဘာ ၆ ရက်နေ့က တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖော်ထုတ်နိုင်ခဲ့သည့် အကြမ်းဖက်သမား ၂ဝဝဝကျော်သည် လက်ရှိ၌ ဘင်္ဂါလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်လောင်းပြောဆိုသည်။

ရခိုင်ပြည်နယ် မောင်တောဒေသ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး လွှဲပြောင်းပေးရန် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးများအကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ထံသို့ မြန်မာအစိုးရက တောင်းဆိုထားခြင်းလည်း ရှိသည်။

ယင်းအပြင် မြန်မာနိုင်ငံဘက်မှ အကြမ်းဖက်သမားများ၏ စာရင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပေးပို့ထားပြီး ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက်သတင်းဌာနများတွင် ရေးသား ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့တွင် တပ်မတော်ကထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မောင်တောဒေသ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ပါဝင်ခဲ့သူများ ၊မျက်မြင်သက်သေများကို စစ်ဆေးချက်အရ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ ၂၂၂၂ ဦး၏ နာမည်နှင့် ရွာစာရင်းကို ရရှိခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်သူများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း ထည့်သွင်းဖော်ပြထားသည်။

June 3, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်စတင်မည်ဆိုပါက ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်...
June 2, 2026
ယမင်းဖူးပွင့်အောင် — ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို စစ်အုပ်စုတပ်က စစ်ကား အစီး ၂၀၀ ဖြင့်...
June 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်စာပေးပို့ထားခြင်း...
May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...