စော်ဟဲရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးပြီး ရွာသားအချို့ ဖမ်းဆီးခံထားရ

စော်ဟဲရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးပြီး ရွာသားအချို့ ဖမ်းဆီးခံထားရ

ကော့ကရိတ်မြို့ မြောက်ပိုင်း စော်ဟဲကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၆ရက်၊ ယမန်နေ့ညနေပိုင်းတွင် ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ဗုံးကြဲပြီးနောက် မြေပြင်စစ်ကြာင်းအင်အား ၁၀၀ ခန့် ဖြင့် ဝင်ရောက် စီးနင်းမှုပြု လုပ်ပြီး ဒေသခံရွာသားအချို့အား လူသားဒိုင်းအဖြစ်ဆက်လက်ဖမ်းဆီးထားကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များအရ ရှိရသည်။

"မနေ့က စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲပြီး ရွာအိမ်တွေ မီးရှို့တယ်။ ၁၀ လုံးလောက်ပျက်စီးတယ်။ လက်နက်ကြီးတွေ ရွာထဲပစ်ထည့်တယ်။ ပြီးတော့ စစ်ကြောင်းဝင်လာပြီး လူတွေဖမ်းတယ်။ ငွေတွေရွှေတွေ၊ ဖုန်းတွေလုယူတယ်။ တချို့ စစ်သားတွေက လူပြန်လွှတ်ပေးတယ်။ တချို့စစ်သားတွေက ရွာသားတွေကို ပြန်မလွတ်ပေးသေးဘူး။ အခု မနက်အထိ ပစ်ခတ်တာတွေ ဆက်ရှိနေတယ်" ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

ယနေ့နံနက်ပိုင်းတွင်မူ စစ်ကောင်စီတပ် စစ်ကြောင်းများနှင့် ဒေါနတာင်လမ်းဟောင်း၊ ကောင်းမှုကျေးရွာဘက်နှင့် ကော့ကရိတ်-မြဝတီ အာရှလမ်းသစ် KNU စိုက်ပျိုးမွေးမြူရေးဇုန်နေရာဘက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသာားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းစစ်ကြောင်းများ တိုက်ပွဲပြင်းထန် နေကြောင်း သိရှိရသည်။

လက်ရှိ ကော့ကရိတ်မြို့တွင် စစ်တပ်က မြို့နေရပ်ကွက်နေ ပြည်သူများအား စစ်ဘေးရှောင်နေရာများမှ ပြန်လည်လာရာက်နေထိုင်ရန် ဖိအားပေးပြောဆို ခြိမ်းခြောက်မှုများရှိနေပြီး စစ်ဘေးရှောင်နေသူများ ဖားအံမြို့ ရပ်ကွက်ကျေးနယ်အတွင်း ဧည့်စာရင်းဖြင့် နေထိုင်ခွင့် မပေးတော့ဘဲ နေရပ်ပြန်ကြရန် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများမှ လာရောက် ပြောဆိုမှုများရှိနေကြောင်း ကော့ကရိတ် စစ်ဘေးရှောင်နေသူများက ပြောသည်။

ကော့ကရိတ် စစ်ဘေးရှောင်နေသူတစ်ဦးက " အခုက ကော့ကရိတ်ပြန်ကြ၊ မပြန်ရင် ဧည့်စာရင်း ဆက်မပေး နေ တော့ဘူး။ ရွာတွေ ဘုန်းကြီးကျောင်းတွေမှာနေတဲ့ သူတွေလည်း မနေခိုင်းဖို့ လာပြောကြတယ်။ မြို့ပြန် ကြည့် တော့လည်း ပစ်နေခတ်နကြတုန်းပဲ။ မီးတွေ လောင်ထားတာ၊ အိမ်တွေ ဖောက်ခိုးထားတာနဲ့ ပြန်နေလို့မရ ဘူးဖြစ်နေတာ၊ ဘယ်လို လုပ်ရမလဲ မသိတော့ဘူး။"  ဟု ပြောသည်။

ထိုသို့ ကော့ကရိတ် မြို့နယ်အတွင်းမှဖြတ်သန်းပြီး မြဝတီမြို့ဘက်သို့ စစ်ကူပို့ဆောင် တိုက်ခိုက်နေသည့် စစ် ကောင်စီတပ်များ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများပြားနေသည့်အတွက် လေကြောင်း ဗုံးကြဲမှု၊ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှု၊ ဖျက်အားပြင်းလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ကြောင်း သိရှိရသည်။

ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံများအားသတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်ဖမ်းဆီး ခေါ်ဆောင် ထားခြင်းများအား နေ့စဉ်ပြုလုပ်ကျူးလွန်နေသည့် ၎င်းစစ်ကောင်စီမြေပြင်စစ်ကြောင်းများကိုပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်လျက်ရှိကြောင်း KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ပြောသည်။

Most read this week

May 17, 2024
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က...
May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...