ဟားခါးမြို့မှာရှိတဲ့ ဌာနဆိုင်ရာအနီးအနားရှိပြည်သူများ နေအိမ်ပြောင်းရွေ့နေကြ

ဟားခါးမြို့မှာရှိတဲ့ ဌာနဆိုင်ရာအနီးအနားရှိပြည်သူများ နေအိမ်ပြောင်းရွေ့နေကြ

ချင်းပြည်နယ် ဟားခါးမြို့မှာရှိတဲ့ ဌာနဆိုင်ရာ အစိုးရရုံးအနီးအနားတွေမှာနေထိုင်တဲ့ ပြည်သူတွေ အိမ်ခြေမိသားစု ၆၀ကျော် ဟာနေရပ်စွန့်ခွါနေရာပြောင်းရွေ့နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဌာနဆိုင်ရာဘက်ကို ပစ်ခတ်တာတွေလွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိူက်တာတွေလည်း ပြုလုပ်ခဲ့တာရှိနေတာကြောင့် စိုးရိမ်မှုတွေလည်းဖြစ်နေတာကြောင့်လို့လည်း သိရပါတယ်။

“အခုတလော လက်ရှိအစိုးရဌာနဆိုင်ရာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူနေအိမ်မိသားစုတွေ၊ အိမ်ပြောင်းရွေ့တာတွေ၊ ရွာဘက်ပြန်သွားတဲ့လူတွေလည်း ရှိတယ်။ အခုဆိုရင် ကျမတို့အိမ်နီးနားချင်းတွေဆိုရင် ပြန်သွားတဲ့သူတွေကြီးပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့လတွေက စစ်မှုမထမ်းမနေရအမိန့်ကို စစ်ကောင်စီအစိုးရက ပြန်လည်အသက်သွင်းပြီးနောက်မှာလည်း ဒေသခံလူငယ်အချို့က ထွက်ပြေးတိမ်းရှောင်တာတွေလည်းရှိနေပါတယ်။

“ကျမ ယောကျ်ားကလည်း တိမ်းရှောင်နေလို့ သားအမိ၂ယောက်ပဲကျန်ခဲ့တယ်၊ ဌာနရုံးနဲ့ ဝေးရာမှာနေကြဖို့ သတင်းတွေထွက်လာလို့ အိမ်ကလည်း ဌာနဆိုင်ရာရုံးတွေနဲ့ နီးနေလို့ ကြောက်လည်းကြောက်တယ် ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ဟားခါးမြို့နေဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ဘက်က စစ်ကောင်စီခန့် ဝန်ကြီးများယာဉ်တန်းအပါအဝင် ဟားခါးမြို့ (၂၆၆)ဗျူဟာကုန်းတပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...
Photo Crd
April 24, 2024
မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၀၀ နီးပါးကို...