မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့အချို့မှာ အက်တမ်(ATOM) နဲ့ အော်ရီဒူး(Ooredoo)ဖုန်းလိုင်း ပြတ်တောက်နေ

မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့အချို့မှာ အက်တမ်(ATOM) နဲ့ အော်ရီဒူး(Ooredoo)ဖုန်းလိုင်း ပြတ်တောက်နေ

ကချင်ပြည်နယ်အတွင်းက မြို့နယ်အချို့မှာ ဖုန်းအော်ပရေတာ လိုင်းတချို့ မနေ့ကတည်းကနေ  ပြန်လည်ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

မြစ်ကြီးနားမြို့နဲ့ တနိုင်းမြို့ဘက်မှာ မနေ့က ဧပြီ ၁ ရက်နေ့ကတည်းကနေ လက်ရှိအချိန်အထိ အက်တမ်(တယ်လီနော)ဖုန်းလိုင်းနဲ့ အော်ရီဒူးဖုန်းလိုင်းတွေ ပြတ်တောက်နေတာဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

"တယ်လီနောနဲ့ အော်ရီဒူး မရဘူး ပြတ်နေတယ်။ မနေ့ကနေ ပြတ်နေတာ။MPT က လိုင်းနည်းနည်းပဲ ရှိနေတယ်။နှစ်ခုကတော့ ရကိုမရဘူး။" လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက ဖုန်းလိုင်းပြတ်တောက်နေတဲ့ အခြေအနေကို ပြောပြပါတယ်။

မြစ်ကြီးနားမြို့တွင်းက တယ်လီနော ဖုန်းလိုင်းတချို့ကို မြစ်ကြီးနားသတင်းဂျာနယ်က  ဆက်သွယ်ကြည့်ပေမဲ့လည်း ဆက်သွယ်လို့မရ ဖြစ်နေပါတယ်။

အက်တမ်နဲ့ အော်ရီဒူးဖုန်းလိုင်းတွေပြတ်နေပေမဲ့ MPT ဖုန်းလိုင်းနဲ့ မိုင်တဲဖုန်းလိုင်းတွေတော့ အသုံးပြုလို့ရနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

" MPT နဲ့ မိုင်တဲ ပဲလိုင်းပေါ်နေတယ်။ တခြားဟာတွေတော့ ပျောက်နေတယ် မနေ့ကတည်းက။" လို့ တနိုင်းမြို့ခံတစ်ဦးကလည်း  မြို့တွင်းအခြေအနေကို ပြောပြပါတယ်။

လက်ရှိ စစ်ရေးအခြေအနေတင်းမာနေတဲ့ မိုးမောက်မြို့ဘက်မှာလည်း မနေ့ညပိုင်းတုန်းက MPT ဖုန်းလိုင်းဖြတ်တောက်ခံလိုက်ရတဲ့ အခြေအနေရှိခဲ့တယ်လို့ ဒေသခံဆီက ကြားသိရပါတယ်။

ပူတာအိုမြို့ဘက်မှာလည်း ဒီရက်ပိုင်းမှာကို MPT နဲ့ Atom( တယ်လီနော) ဖုန်းလိုင်းတွေ  နာရီပိုင်းလောက် ပြတ်တောက်လိုက် ပြန်ရလိုက်နဲ့ ဖုန်းဆက်သွယ်နိုင်ဖို့ ခဏခဏ ခေါ်ယူရတဲ့ အခြေအနေရှိတယ်လို့ ဒေသခံတစ်ဦးကို ဆက်သွယ်ကြည့်ရာကနေ သိရှိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း ကချင်ပြည်နယ်က မြစ်ကြီးနားမြို့အပါအဝင်  မြို့နယ်အများစုမှာ ဖုန်းအော်ပရေတာ အားလုံးနီးပါး လိုင်းပြတ်တောက်သွားတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

May 2, 2024
ပူတာအိုခရိုင်အတွင်းက လယ်ယာလုပ်ကိုင်မယ့် တောင်သူတွေစက်သုံးဆီရရှိနိုင်ဖို့အတွက်...
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။
April 30, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က...