မင်းတပ်မြို့နယ်အတွင်း ဒီမနက်မိုးမလင်းခင်ကစလို့ စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်နေ

မင်းတပ်မြို့နယ်အတွင်း ဒီမနက်မိုးမလင်းခင်ကစလို့ စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်နေ

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၂)ဖက်  ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဒီကနေ့မနက် ဧပြီလ (၁)ရက်နေ့ မိုးမလင်းခင်ကနေစလို့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။

မင်းတပ်မြို့ တိုက်နယ်(၂) နေရာကို ဒီမနက် တစ်နာရီချိန်လောက်ကစလို့ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံး နှစ်လုံးနဲ့ ကြဲကြတိုက်ခိုက်ခဲ့သလို မနက်ပိုင်း (၁၁) ခွဲချိန်ကလည်း ဂျက်ဖိုက်တာ (၃)စီးနဲ့ ဗုံး ၆ ကြိမ်ကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်လေကြောင်းသုံး တိုက်ခိုက်လို့ ထိခိုက်ပျက်စီး တာတွေနဲ့ပက်သက်လို့ တော့ မသိရသေးပါဘူး။

မင်းတပ်မြို့နယ်အတွင်းကို  စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်တာတွေ ပိုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးတာ ၊ နေအိမ် အဆောက်အဦးလည်း များစွာထိခိုက်ပျက်စီးခဲ့ပြီလို့ သိရပါတယ်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...
Photo Crd
April 24, 2024
မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၀၀ နီးပါးကို...