ကလေးမြို့နယ် ယောက်ချိုကွင်းရွာက အသက် ၆၀ ကျော် သင်းအုပ်ဆရာကြီး အမြောက်ကျည်ထိမှန်ပြီးသေဆုံး

ကလေးမြို့နယ် ယောက်ချိုကွင်းရွာက အသက် ၆၀ ကျော် သင်းအုပ်ဆရာကြီး အမြောက်ကျည်ထိမှန်ပြီးသေဆုံး

ဒီနေ့ မတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂:၃၀ ခန့်တွင် ကလေးမြို့နယ် ယောက်ချိုကွင်း (Budiman) ကျေးရွာမှာ နေအိမ်ကို အမြောက်ကျည် ထိမှန်ပြီး အသက် ၆၆ နှစ်အရွယ် သင်းအုပ်ဆရာ (အငြိမ်းစား) တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်

Budiman ခေါ် ယောက်ချိုကွင်း ကျေးရွာဟာ ကလေးမြို့ မြောက်ဘက်ရှိ ပျဉ်းခုံးကြီး ရွာ၏ အနောက်ဘက် ကလေးမြို့နယ် ချင်းပြည်နယ် အစပ်တွင် တည်ရှိပါတယ်။

သေဆုံးသူ Rev. En Ngaih Langh ဟာ UPCM အသင်းတော်၏ Kalay District တွင် Superintendent ဟောင်း ဖြစ်ပြီး နေအိမ်ကို အမြောက်ကျည် ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါတယ်။

လတ်တလော တွင် ကလေးမြို့၏ မြောက်ဘက်ခြမ်း ဒေသများတွင်း စစ်ရေး တင်းမာ လျက်ရှိပြီး လက်နက်ကြီးများကြောင့် ၁ လ အတွင်း အရပ်သား၃၀ ကျော် သေဆုံးခဲ့ကာ သေဆုံးမှု မြင့်တက်နေ ပါတယ်။

ယောက်ချိုကွင်းနဲ့  ကပ်ရက်ရွာ ဖြစ်သော ရွာနီးချင်း ပျဉ်းခုံကြီးရွာတွင်လည်း မတ်လ ၂၀ ရက်နေ့ မနက်၌ အမြောက်ကျည် ကြောင့် အရပ်သုံးဦး သေဆုံးခဲ့ပါတယ်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...
Photo Crd
April 24, 2024
မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၀၀ နီးပါးကို...