ရဲအရာရှိအပါဝင် ရဲတပ်သား (၅) ဦးကိုလက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက ထုတ်ပြန်

ရဲအရာရှိအပါဝင် ရဲတပ်သား (၅) ဦးကိုလက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက ထုတ်ပြန်

ချင်းပြည်နယ်ဟားခါးမြို့ (နတလ) မှာလုံခြုံရေးတာဝန်ယူတဲ့ ရဲအရာရှိအပါဝင် တပ်သား (၅) ဦးကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက ဒီကနေ့က ထုတ်ပြန်ထားပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးက တာဝန်ရှိတဲ့ သူတစ်ဦးက  “မတ်လ ၆ ရက်နေ့ ညက မဟားခါး နတလ မှာလုံခြုံရေးတာဝန်ယူတဲ့ ရဲအရာအရှိအပါဝင် တပ်သားငါးယောက်ကို လက်နက်တွေနဲ့အပါ ဖမ်းဆီးရမိတယ်၊ သတ်ဖြတ်တာတွေ မလုပ်ဘူး ဒီတိုင်းဖမ်းဆီးထားမယ်” လို့လည်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား တစ်ဦးလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ - ဟားခါး ဆီမှာ CDM လုပ်ခဲ့တာမျိုးရှိခဲ့ပြီး  အဆိုပါ တပ်သားကိုလည်း ဆုငွေချီးမြင့်ပေးခဲ့တာမျိုး ရှိခဲ့ကြောင်းလည်း သိရပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...