ကန်ပက်လက်မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)ကို စစ်ကူလာဖို့ ကာကွယ်ရေးတပ်ဖွဲ့အချို့ကဖိတ်ခေါ်တာကို ကန်ပက်လက်တိုက်နယ်အမှတ်(၅)က ပြည်သူတွေက ကန့်ကွက်ကြောင်းထုတ်ပြန်

ကန်ပက်လက်မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)ကို စစ်ကူလာဖို့ ကာကွယ်ရေးတပ်ဖွဲ့အချို့ကဖိတ်ခေါ်တာကို ကန်ပက်လက်တိုက်နယ်အမှတ်(၅)က ပြည်သူတွေက ကန့်ကွက်ကြောင်းထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် အတွင်း ရက္ခိုင့်တပ်တော်(AA)ကို စစ်ကူလာဖို့ ကာကွယ်ရေးတပ်ဖွဲ့အချို့ကဖိတ်ခေါ်နေတဲ့အပေါ် ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ် (၅) က ပြည်သူတွေက ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

အဆိုပါထုတ်ပြန်တဲ့ထဲမှာ ရက္ခိုင့်တပ်တော် (AA)ကို ကန်ပက်လက်မြို့နယ်အတွင်း လာရောက်ပြီး စစ်ကူရန် ဖိတ်ခေါ်တာတွေရှိနေပြီး ကန်ပက်လက်မြို့နယ် တိုက်နယ် အမှတ်(၅) ဒေသအတွင်း ရက္ခိုင့်တပ်တော်(AA) နေထိုင်ခြင်းနဲ့ သွားလာလှုပ်ရှားနေခြင်းကို လက်မခံတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ် တိုက်နယ်အမှတ်(၅) ဒေသအတွင်းက ဒေသခံတွေအနေနဲ့  နောင်ခါ တိုင်းရင်းသားအချင်းချင်းကြား ပြဿနာ၊ လူမျိုးရေးနွယ်စုများကြား ပြဿနာ၊ ပြည်သူ့ကာကွယ်ရေးတပ်အချင်းချင်းကြား မလိုလားအပ်တဲ့ ပြဿနာ ပေါ်ပေါက်မှာကို စိုးရိမ်ကြတဲ့ကြောင်းနဲ့ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာခဲ့ပါက ရက္ခိုင့်တပ်တော်(AA) ကို ဖိတ်ခေါ်တဲ့ သက်ဆိုင်ရာမှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝနဲ့ ခေါင်းခံဖြေရှင်းရမှာလို့လည်း ထုတ်ပြန်ထားပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...