တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ကောလင်းမြို့နဲ့ အနီးတစ်ဝိုက်က ကျေးရွာဒေသခံတွေ အကူညီလိုအပ်

တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ ကောလင်းမြို့နဲ့ အနီးတစ်ဝိုက်က ကျေးရွာဒေသခံတွေ အကူညီလိုအပ်

စစ်ကိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ဘက်မှာ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ နေ့စဉ်နီးပါး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူအယောက် ၄ သောင်းကျော်အတွက်  အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ ကောလင်းမြို့ဒေသခံအယောက် ၁၇,၆၀၀ ဦး၊ ကျောက်တန်းနဲ့သစ်ဖုလှကျေးရွာက တိမ်းရှောင်နေကြတဲ့ဒေသခံအယောက် ၈,၆၀၀ ဦးနဲ့ ရွှေဘို - မြစ်ကြီးနားလမ်းတစ်လျှောက် ပိတ်မိနေတဲ့ ခရီးသည် အယောက် ၁၅,၀၀၀ တို့ဖြစ်ပါတယ်။

လမ်းကြောတစ်လျှောက် ပိတ်မိနေကြတဲ့ ခရီးသည်တွေကို ကောလင်းမြို့နယ် လူသားစာနာမှုအသင်းနဲ့ ကောလင်းပြည်သူတွေက နေ့စဉ်ထမင်းထုတ်တွေ ပို့ဆောင်ပြီး ကူညီပေးနေကြတယ်လို့ ကောလင်းမြို့နယ် လူသားစာနာမှုအသင်းက သိရကြောင်း Kawlin Revolution-KR က သတင်းထုတ်ပြန်ထားပါတယ်။

လတ်တလောအချိန်မှာ တော်လှန်းရေးမဟာမိတ် ပူးပေါင်းတပ်တွေက ကူညီပေးနေကြပေမဲ့ နေ့စဉ်စားသောက်ရေးအတွက် လိုအပ်တဲ့ အစားအစာတွေကို ထောက်ပံ့နိုင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

မနေ့က မတ်လ ၃ ရက်နေ့မှာလည်း ကောလင်းခရိုင်အမှတ်(၁) တပ်ရင်းနဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ခံသာရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လေကြောင်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက် ခံသာကျေးရွာက အထက်တန်းကျောင်းနဲ့ လူနေအိမ်တချို့လည်း ပျက်စီးသွားတဲ့အပြင် တချို့နေအိမ်တွေကိုတော့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ညနေ ၆ နာရီဝန်းကျင်လောက်ကလည်း ခံသာကျေးရွာကို လေကြောင်းနဲ့ တစ်ကြိမ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကောလင်းမြို့ကို မနှစ်က နိုဝင်ဘာလ ၅ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီက သာလွန်အင်အားသုံးပြီး ကောလင်းမြို့ကို ပြန်လည်တိုက်ခိုက် ထိန်းချုပ်ခဲ့ပါတယ်။

အဲဒီနောက်စစ်ကောင်စီဟာ ကောလင်းမြို့အတွင်း စစ်ကြောင်းရောက်တဲ့ရွာတိုင်းက နေအိမ်တွေကို မီးရှို့တာတွေသာမက ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

May 2, 2024
ပူတာအိုခရိုင်အတွင်းက လယ်ယာလုပ်ကိုင်မယ့် တောင်သူတွေစက်သုံးဆီရရှိနိုင်ဖို့အတွက်...
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။
April 30, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စတင်လိုက်တဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က...