မွန်ဟင်္သာကြီး စစ်ကြေညာချက်နဲ့ နိုးထလာ

မွန်ဟင်္သာကြီး စစ်ကြေညာချက်နဲ့ နိုးထလာ
ဓာတ်ပုံ-NMSP
ဓာတ်ပုံ-NMSP

အာဏာသိမ်းမှုသုံးနှစ်အတွင်း NCA စာချုပ်အပေါ် ရပ်တည်ခဲ့တဲ့ မွန်ပြည်သစ်ပါတီက မွန်ပြည်သူ လူထုတွေ ကြားချင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ့် သတင်းစကားကို ဖေဖော် ဝါရီ ၁၄ ရက်နေ့ ချစ်သူများနေ့မှာ အသိပေးကြေညာလိုက်ပါတယ်။

အဲဒီကြေညာချက်ကို မွန်ပြည်သစ်ပါတီရဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းသွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက်မှုကို ကာကွယ်ဖို့၊ မိမိတို့ တိုင်းရင်းသားလူမျိုးတွေ လိုလားတောင့်တတဲ့ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ မွန်ပြည်သစ်ပါတီက တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။

မွန်အမျိုးသမီးတစ်ဦးက ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ တတ်နိုင်တဲ့ဘက်က မွန်ပြည်သစ်ရဲ့ စစ်အာဏာ ရှင် တိုက်ဖျက်ရေးမှာ ထောက်ပံ့ကူညီသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်လူမျိုးတွေ ဘာလိုချင်နေလဲ။ ဒီနေ့ လူငယ်တွေကြားမှာ ဘာလိုချင်လဲဆိုတဲ့ဟာကို မြင်တွေ့ရတာပေါ့။ ကျွန်တော်တို့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ ဆိုတာဟာ လူမျိုးစုတွေလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အတူတူတိုက်ပွဲဝင်သွားမယ်။ ကိုယ်တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးသွားမယ်လို့ ယုံကြည်ထားပါတယ်”လို့ ဆိုပါ တယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့ အာဏာသိမ်းစစ်တပ်၊ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စ နစ်ဟူသမျှ ချုပ်ငြိမ်းရေးကသာ တစ်ခုတည်းသော နည်းလမ်းအဖြစ် ယုံကြည်တယ်လို့ ဆိုပါတယ်။

အဲဒီ ယုံကြည်ချက်ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် ပါတီညီလာခံမှာ အကျေအလည် ဆွေးနွေးခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ နှစ်ဘက်သဘောတူ အပစ်ရပ်စာချုပ်အတိုင်း ရပ်တည်သွားပြီး စစ်ကောင်စီနဲ့ ဆက်ဆံသွားဖို့ ဆုံးဖြတ်မှုအပေါ် မိမိတို့ လုံးဝ လက်မခံနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။

စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့မှာတော့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနဲ့ ဒုစစ်ဦးစီး ချုပ် ဗိုလ်မှူးချုပ်စလွန်းထောအယုံအပါဝင် ယုံကြည်ချက် ရပ်တည်ချက်တူညီတဲ့ ပါတီခေါင်းဆောင်တွေ ပါတီ ဝင်တွေ တပ်ဖွဲ့ဝင်ရဲဘော်တွေ ပါဝင်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒု အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်က စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ ပါတီတစ်ခုလုံး ပါဝင်လာနိုင်ရင် ကောင်းတာပေါ့လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီအခြေအနေအချိန်အခါကောင်းမှာ စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ ပါတီတစ်ခုလုံးအနေနဲ့ ပါဝင်လာနိုင် ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် တစ်စုံလုံး တစ်ခုလုံး ပါဝင်ဖို့အတွက် မဖြစ်နိုင်တဲ့အပေါ် ကျွန်တော်တို့ ယုံကြည်ချက် ရပ်တည်ချက်တူညီတဲ့ ခေါင်းဆောင်တွေ၊ တပ်ဗိုလ် တပ်မှူးတွေကပဲ ကျွန်တော်တို့က တစ်စိတ် တစ်ပိုင်းအနေနဲ့ စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ သံဓိဌာန်ချထားတာပေါ့”လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီကအာဏာသိမ်း သုံးနှစ်အတွင်း NCA စာချုပ်အရ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ အဖြေရှာဖို့ နည်းလမ်းပေါင်းစုံနဲ့ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ပေမယ့် တင်ပြဆွေးနွေးမှုတွေဟာ မျှော်မ မှန်းတဲ့ရလဒ်တွေ လုံးဝမရရှိခဲ့ဘူးလို့ မွန်ပြည်သစ်ရဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြောပါတယ်။

အာာဏာသိမ်းစစ်တပ်က လက်နက်အားကိုးပြီး ပြည်သူတွေအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ၊ အကျဉ်းချ သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေပြီး မွန်ဒေသမှာလည်း စစ်တပ်ရဲ့ အကြမ်းဖက်မှု မျိုးစုံကြုံတွေ့နေရတဲ့ အတွက် နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးအဖြေရှာဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကလည်း စစ်ကောင်စီနဲ့ စစ်အာဏာ ရှင်စနစ်အမျိုးမျိုး ချေမှုန်းပျက်သုဉ်းရေးအတွက် မွန်ပြည်သစ်ပါတီရဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့နဲ့ အတူတကွလက်တွဲပြီး အောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေတဲ့ မွန်လူငယ်တစ်ဦးကတော့ မွန်လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီဖြုတ်ချရေးမှာ ပူးပေါင်းလုပ်ဆောင်သွားဖို့ အသင့်ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်လူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ တောက်လျှောက်ကျုးလွန်ခဲ့တဲ့ စစ် ကောင်စီဘက်ကို သေနတ်ပြောင်းတစ်ခုတိုးလာတာက စစ်ကောင်စီ အလျင်အမြန်ကျဆုံးဖို့ လမ်းစတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လက်ရှိတော်လှန်ရေးမှာ ပါဝင်နေတဲ့ မွန်လူငယ်တစ်ဦးဖြစ်တယ်။ ဆိုတော့ ဘုံရန်သူဖြုတ်ချရေးမှာတော့ မွန်ပြည်သစ်ဘက်က ကွဲထွက်လာတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ အသင့်ရှိပါတယ်”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်အာဏာရှင်ဟောင်း ဦးသန်း‌ရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၁၄ နှစ်အကြာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ရုတ်ချည်းအသက်သွင်းလိုက်တဲ့အတွက် မြန်မာလူထု တစ်ရပ်လုံးအပါအဝင် မွန်လူထုတွေကြား ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး BBC ကနေ ထုတ်လွှင့်ခဲ့တဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်း ထွန်းရဲ့ ဖြေဆိုမှုမှာ သင်္ကြန်ပိတ်ရက်အပြီး စစ်မှုထမ်းဖို့ လူသစ်စုဆောင်းတာတွေ လုပ်သွားမှာဖြစ်ပြီး အပတ်စဉ် ၁ အတွက် အယောက် ၅၀၀၀ ခေါ်ယူဖို့ လျာထားတယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာမှာ ဗမာစစ်သားလုပ်မှာလား မွန်စစ်သားလုပ်မှာလားဆိုတဲ့ မွန်အသိုင်းအ ဝိုင်းတချို့ရဲ့ မေးခွန်းထုတ်မှုတွေရှိနေပြီး ဗမာစစ်တပ်ထဲဝင်မယ့်အစား မွန်ပြည်သစ်ဆီပဲသွားမယ်ဆိုတဲ့ သဘော ထားမှတ်ချက်တွေလည်း တွေ့နေရပါတယ်။

နိုင်ဗညားလယ်ကတော့ စစ်မှုထမ်းဥပဒေကို အတင်းအကျပ်ကျင့်သုံးလာရင် မွန်လူငယ်တွေ သွားရောက်ထမ်း ဆောင်ဖို့ ငြင်းဆိုပြီး စစ်အာဏာရှင် တိုက်ဖျက်ဖို့ မိမိတို့ အဖွဲ့နဲ့ လာရောက်ပူးပေါင်းကြဖို့ လှိုက်လှိုက်လှဲလှဲ ကြို ဆိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တကယ်လို့ စစ်အာဏာရှင်တွေက စစ်မှုထမ်းဥပဒေကို အတင်းအကြပ်ကျင့်သုံးရင်တော့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်တာက မွန်လူငယ်တွေအနေနဲ့ စစ်ကောင်စီလက်အောက်မှာ သွားရောက်မထမ်းဆောင်ဘဲနဲ့ ဒါကို ငြင်းဆိုပြီး ကျွန်တော်တို့အဖွဲ့ကို လာပြီးတော့ ပူးပေါင်းရင် ကျွန်တော်တို့အဖွဲ့လည်း အင်အားတွေ တောင့်တင်း လာမယ်။ အဲဒီအပေါ် စစ်အာဏာရှင်ကို တိုက်ဖျက်ရင်တော့ မြန်မြန်ပြီးမြောက်နိုင်လိမ့်မယ်လို့ မြင်တယ်။ လူ ငယ်တွေအနေနဲ့ ကျွန်တော်တို့ကို လာပြီးဆက်သွယ်ရင်တော့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ့်အကြောင်း ပြောချင် ပါတယ်”လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက်ပြည်တွင်းပြည်ပက မွန်သံဃာတော်တွေ မျိုးချစ်ပုဂ္ဂိုလ်တွေ အဖွဲ့အ စည်းအသီးသီးက တာဝန်ရှိသူတွေအပါအဝင် အထူးသဖြင့် လူငယ်တွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ဝန်းရံကူ ညီကြဖို့ကိုလည်း နိုင်ဗညားလယ်က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ထိုးစစ်ကြောင့် နိုင်ငံအနှံ့နီးပါး အလဲလဲအပြိုပြိုဖြစ်နေချိန်မှာ မွန်ပြည်သစ်ပါတီရဲ့ စစ်ကြေညာချက် ကြောင့် နိုင်ငံ့တောင်ပိုင်းမှာ စစ်မျက်နှာပိုမိုဖြန့်ကျက်ထားရမယ့်အဖြစ်ကို ဆိုက်ရောက်နေပြီ ဖြစ်ပါတယ်။

Most read this week

May 20, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို...
May 20, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF...
May 18, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့...
May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...