ကောလင်းမြို့ရဲ့ အဓိကကျတဲ့နေရာတွေကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်

ကောလင်းမြို့ရဲ့ အဓိကကျတဲ့နေရာတွေကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်

ကောလင်းမြို့ရဲ့ အဓိကကျတဲ့ နေရာတွေကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားပြီဖြစ်ပြီး လတ်တလောမှာတော့ တိုက်ပွဲတွေ ခတ္တငြိမ်သက်နေကြောင်း Kawlin Revolution -KR က လူမှုကွန်ရက်စာမျက်နှာမှာ ပြည်သူတွေကို အသိပေးထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး စစ်အင်အား ၁,၀၀၀ ပါတဲ့ စစ်ကြောင်း ၆ ကြောင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေဟောင်ဝှစ်ဇာပစ်ကူတာတွေသာမက ကောလင်းမြို့အနီးတစ်ဝိုက်က သူတို့ရဲ့ စစ်စခန်းတွေကနေလည်း လက်နက်ကြီးတွေနဲ့ ဝိုင်းဝန်းပစ်ကူပြီး နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒါကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ မနက် ၈ နာရီမှာ စစ်ကောင်စီဟာ ကောလင်းကို ပြန်လည်ထိန်းချုပ်ယူလိုက်ပြီလို့ သိရပါတယ်။

ကောလင်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီဟာ ဖေဖောဝါရီလ ၈ ရက်လောက်ကစပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုပုံစံနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြေပြင်တပ်ကူ၊ လေယာဉ်အကူတွေနဲ့ အရင်နေ့တွေထက် ပိုမို တိုက်ခိုက်ခဲ့ကြတယ်လို့လည်း Kawlin Revolution -KR က ဖော်ပြချက်အရသိရပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးရဲ့ခြေထောက် နက်ကြီးစ ထိမှန်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၁၀ ရက်နေ့မှာတော့ ကောလင်းမြို့တွင်းကို လက်နက်ကြီးနဲ့ပစ်တာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေသာမက ပြည်သူတစ်ဦးကို ဓာတ်ဆီလောင်းမီးရှို့ခဲ့တဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေကနကယ်ထုတ်ပြီး ကျန်းမားရေးစောင့်ရှောက်မှု ပေးထားရတယ်လို့လည်း ဖော်ပြပါရှိပါတယ်။

မြို့နေပြည်သူတွေကတော့ ဘေးလွှတ်ရာကို တိမ်းရှောင်သွားကြပြီဖြစ်ပြီး မြို့နဲ့ အနီးတစ်ဝိုက်က ကျေးရွာတွေဖြစ်တဲ့ ဇီးခုံရွာ၊ ဂုဏ်ညှင်းလျှိုရွာ၊ ဝါးရုံခုံရွာနဲ့ စံတော်ရာရွာ စတဲ့ရွာတွေကို စစ်ကောင်စီက မီးရှို့ခဲ့ကြတယ်လို့သိရပါတယ်။

ကောလင်းမြို့ကို ပြန်လည်ရရှိအောင် စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြို့ရဲ့ မြောက်ဘက်ပိုင်းနဲ့ တောင်ဘက်ပိုင်း ရွာတွေဘက်ကနေ စတင်စစ်ကြောင်းထိုးလာခဲ့ကြတာဖြစ်ပြီး ၃ ရက်အရောက်မှာတော့ ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

ကောလင်းမြို့ဟာ ‌ရှေ့တန်းစစ်စခန်းတွေကို ရိက္ခာနဲ့ လက်နက်ခဲရမ်းတွေ သယ်ယူပို့ဆောင်တဲ့ အချိန်အသုံးပြုရတဲ့ လမ်းကြောင်းဖြစ်တာကြောင့် စစ်ကောင်စီကနေ ပြန်လည်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့လည်း တော်လှန်ရေးရဲဘော်တွေက သုံးသပ်ကြပါတယ်။

ကောလင်းမြို့ကို မနှစ်က နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားခဲ့တာပါ။

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...
May 13, 2024
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးဖို့နဲ့...