ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးမှဆင်းရန်တောင်းဆိုမှု စစ်ကောင်စီတပ်အတွင်း အကွဲအပြဲဟုဆို

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရာထူးမှဆင်းရန်တောင်းဆိုမှု စစ်ကောင်စီတပ်အတွင်း အကွဲအပြဲဟုဆို

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ကာကွယ်ရေးဦးစီးချုပ်ရာထူးမှဆင်းပေး ရန် စစ်တပ်ထောက်ခံသူများ၏တောင်းဆိုမှုသည် သဘောထားမတိုက်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာ သည့် အကွဲအပြဲဇာတ်လမ်းဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ပြင်ဦးလွင်မြို့တွင်ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲအခမ်းအနားတွင် ပေါက် ကိုယ်တော်ဟုခေါ်ဆိုသည့် ဥူးအရိယဝံသမှ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အရပ်ဖက်ရာထူးဌာန နှင့်သာလိုက်ဖက်သည့်အတွက် အရပ်ဖက်ရာထူးတနေရာပေးသင့်ကြောင်းနှင့် ကာကွယ်ရေးဦးစီးချုပ် နေရာကိုမူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုပေးသင့်ကြောင်း ပြောဆိုခဲ့သည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုချုပ်ကြီးကို ပေးလိုက်။ အရပ်ဖက်နဲ့ အင်မတန်မှကိုက်ညီ တဲ့ ဝန်ကြီးချုပ်ရာထူးကို ဘုရားတကာကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပေးလိုက်”ဟု ပေါက်ဆရာ တော်နှင့် အခမ်းအနားတက်ရောက်သည့် တပ်ထောက်ခံသူများက တညီတညွတ် ပြောဆိုခဲ့ကြသည်။

ယင်းကဲ့သို့ ပြောဆိုမှုသည် ပြင်ဦးလွင်မှတပ်ထောက်ခံပွဲတက်ရောက်သူများသာမဟုတ် အခြားသော စစ်ကောင်စီဘက်မှ ရပ်တည်နေကြသူများအကြား ယခုလပိုင်း၌ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိနေရကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူတို့က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီအား ဦးဆောင်နေသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အရည်အချင်းမပြည့်မီ ကြောင်းပြောဆိုမှုများနှင့်အတူ စစ်ကောင်စီအတွင်း၌ မကျေလည်မှုနှင့် သဘောထားကွဲလွဲမှုများရှိနေ ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်ကပြောသည်။

“သူတို့အဖွဲ့အစည်းအတွင်းမှာ အဲဒီလိုသဘောထားတွေရှိနေတဲ့အကြောင်း ကျွန်တော်လည်း ကြားပါ တယ်။ အဲဒါကို ပေါက်ဆရာတော်က ကိုယ်စားပြုပြီးတော့ပြောတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဖြေရှင်း နည်းကလည်း မြန်မာပြည်သူတွေက လက်ခံနိုင်တဲ့အနေအထားမရှိတော့ဘူး။ လွန်သွားပြီလို့ ထင်ပါ တယ်” ဟု  နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

စစ်ကောင်စီကအာဏာသိမ်းခဲ့ခြင်း၏ တခုတည်းသောဦးတည်ချက်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်ရေးအတွက်သာဦးတည်ခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ခေါင်းဆောင်သာလုပ်လိုသူဖြစ်၍ ယခုကဲ့ သို့ အခင်းအကျင်းအား လက်ခံနိုင်မည့်အလားအလာ မမြင်ကြောင်း ဦးသိန်းစိုးနိုင်ကဆိုသည်။

“တကယ်တော့ လုပ်ချင်တယ်ဆိုရင် စိုးဝင်းက ကောက်ပြီး အာဏာသိမ်းလိုက်လည်းရတာပဲဗျာ။ သူလည်း အဲဒါမလုပ်ရဲလို့ အဲဒီအာဘော်တွေကို တပ်ထောက်ခံသူအဝန်းအဝိုင်းမှာ တိုးချဲ့ပြောဆိုလာတာကို နေ့ တိုင်း တွေ့နေပါတယ်” ဟု ၎င်းကဆိုသည်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စီမံကိုင်တွယ်ပုံနှင့်နိုင်ငံတွင်းဖြစ်ပေါ်လာသော အရေးအခင်းများအား ဖြေရှင်းပုံတို့သည့် ၎င်းအားထောက်ခံရန် အလားအလာရှိခဲ့သည့်နိုင်ငံအချို့ကို စိတ် ပျက်စေခဲ့ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေး ကလည်း ပြောသည်။

ထို့ပြင် ယခုတောင်းဆိုမှုမှတဆင့် စစ်ကောင်စီကနိုင်ငံအနှံ့ကျူးလွန်ထားခဲ့သည့် စစ်ရာဇဝတ်မှုများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် ပုံချမည့်အလားအလာလည်း ဖြစ်ပျက်လာနိုင်ကြောင်း  ဆိုသည်။

“သူတို့စစ်အုပ်စုကြားထဲမှာရှိနေတဲ့အနေအထားက ကျွန်မတို့ကြားရတာ အားပြိုင်မှုတွေ တစုံတရာရှိ တယ်ဆိုတာ သိရတယ်။ ဗိုလ်မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုတွေအားလုံးရဲ့ တရားခံအဖြစ် ထိုးချလိုက် တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့စဉ်းစားချက်က တပ်မပြိုကွဲရေး နဲ့ အာဏာကိုဆက်ထိန်းထားနိုင်ရေးပဲ ဖြစ်တယ်။ ကျွန်မတို့ကတော့ စစ်ကောင်စီအခက် တော်လှန်ရေး အချက်ဖြစ်အောင် သေချာစဉ်းစားထားကြဖို့လိုတယ်လို့ ယူဆပါတယ်” ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်တို့၏ ၁၀၂၇စစ်ဆင်ရေးနောက်ပိုင်းမှစတင်ကာ နိုင်ငံအနှံ့တွင် စစ်ကောင်စီ အနေဖြင့် တပ်စခန်းများလက်လွှတ်ရခြင်းနှင့် မြို့များလက်လွှတ်ရကာ တော်လှန်ရေးအင်အားစုများ သိမ်း ပိုက်လာနိုင်ခြင်းများ ကြုံတွေ့လာရသည်။

ထိုကိစ္စများနှင့်ပတ်သက်၍ စစ်ကောင်စီအား အစဉ်အစိုက်ထောက်ခံလာကြသူများနှင့် ဝါဒဖြန့်ချိရေး ယန္တရားတွင်ပါဝင်နေကြသူများပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ကျေနပ်အားရမှုမရှိကြောင်းပြောဆိုနေသည်ကို လူမှုကွန်ရက်စာမျက်နှာများတွင် နေ့စဉ် မြင်တွေ့နေရသည်။

ယခုကဲ့သို့ ပြင်ဦးလွင်တပ်ထောက်ခံပွဲမှ ပေါက်ဆရာတော်၏ ပြောဆိုမှုများပျံ့နှံ့လာခဲ့ပြီးနောက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အားဖယ်ရှား၍ ပြတ်သားစွာလုပ်ကိုင်ရဲသူ ခေါင်းဆောင်တဦးအား တင် မြှောက်သင့်ကြောင်း တပ်ထောက်ခံသူများအကြား ကျယ်ပြန့်စွာပြောဆိုနေကြသည်ကို လူမှုကွန်ရက်တွင် မြင်တွေ့နေရသည်။

Most read this week

May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...