ရွှေ့ပြောင်းအလုပ်သမားများအတွက် ထုတ်ပေးမည့့် မြန်မာအစိုးရ၏ အစိမ်းရောင်ကဒ်ကို ထိုင်းက လက်မခံ

ရွှေ့ပြောင်းအလုပ်သမားများအတွက် ထုတ်ပေးမည့့် မြန်မာအစိုးရ၏ အစိမ်းရောင်ကဒ်ကို ထိုင်းက လက်မခံ
by -
ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်းရှိ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်မရှိသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံ အစိမ်းရောင် စာအုပ်ကို မြန်မာအစိုးရမှ အလုပ်သမားရေးရာဝန်ကြီးဌာနက ထုတ်ပေးရန် စီစဉ်ထားခဲ့သော်လည်း ထိုင်းဘက်က သဘောမတူ သည့်အတွက် ယာယီရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်(MMNT)က ပြော သည်။

၂နှစ်သက်တမ်းရှိ အဆိုပါ အစိမ်းရောင်စာအုပ်ကို ဘန်ကောက်၊ မဲဆောက်၊ မယ်ဆိုင်၊ ရနောင်းတို့တွင် ယခုနှစ် ဧပြီလမှစ၍ ထုတ်ပေးရန် မြန်မာဘက်မှ မူလက စီစဉ်ထားခြင်းဖြစ်သော်လည်း ထိုင်းဘက်က လက်မခံ၍ အခုကဲ့သို့ ယာယီ ရွှေ့ဆိုင်းလိုက် ခြင်းဖြစ်ကြောင်း MMNT အထွေထွေ အတွင်းရေးမှူး ဦးမိုးကြိုးက ပြောသည်။

Burmese Passport

၎င်းက “ဒီမှာအလုပ်လာလုပ်တဲ့ မြန်မာအလုပ်သမားတွေအတွက် လိုအပ်တဲ့ အထောက်အထားတွေကို ထိုင်းကပဲ လုပ်ပေးမယ်။ ကုန်ကျစရိတ် အားလုံးကို သူတို့ပဲယူမယ်။ အဲဒါကို မြန်မာဘက်ကတစ်ဆင့် လိုက်လျောပေးလိုက်ရတယ်။ သဘောကတော့ မြန် မာဘက်ကို ဘာမှအခွင့်အရေးမပေးတော့ဘူး ဆိုတဲ့သဘောဖြစ်နေတယ်”ဟု ကေအိုင်စီသို့ မတ်လ ၂၄ရက်နေ့က ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ ဒေသ ရ၇ခုမှ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့့် ပန်းရောင်ကတ်များ ယခုနှစ် မတ်လ ၃၁ရက် နေ ့နောက်ဆုံးထားပြုလုပ်ရန် ထိုင်းအစိုးရက ကြေငြာထားသည်။ ထို့အတွက် မြန်မာအစိုးရက အစိမ်းရောင်စာအုပ် ပြုလုပ်ပေး ရန် စီစဉ်ထားမှုကို လက်မခံခဲ့သလို ပန်းရောင်ကဒ်ပြုလုပ်ခွင့်အချိန်ကို ၂၀၁၆ခုနှစ်အထိ တစ်နှစ် ထပ်မံတိုးပေးလိုက်ပြီး နိုင်ငံကူး လက်မှတ်နှင့် အလားတူ စာအုပ် ပြုလုပ်ပေးရန် ထိုင်းအစိုးရက စီစဉ်လျက်ရှိသည်ဟုလည်း သိရသည်။

အဆိုပါပန်းရောင်ကဒ်ကို သက်တမ်းထပ်မံတိုးပေးပါက အဆင်ပြေမည်ဖြစ်သော်လည်း နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စာအုပ်အနီ) ပြုလုပ်လိုပါက သန်းခေါင်စာရင်းနှင့် မှတ်ပုံတင် မရှိသူများအတွက် အခက်အခဲရှိနိုင်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများ က ပြောဆိုနေကြသည်။

ထိုင်းနိုင်ငံ မဲဆောက်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမား ကိုမျိုးမင်းဝေက “အစိမ်းရောင်ကတ်က ပန်းရောင်ကတ်ရှိသူနဲ့ ဘာမှမရှိ တဲ့သူတွေအတွက် မျှော်လင့်ချက်ပဲဗျ။ အစိမ်းရောင်ကဒ်ရှိရင် စာအုပ်အနီကို လျှောက်လို့ရတော့ ကျနော်တို့အတွက် အခွင့်အ ရေး အများကြီးရှိတယ်။ ဒါကို လက်မခံတဲ့အခါကျတော့ ကျနော်တို့အတွက် အဆင်မပြေဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများအတွက် သန်းခေါင်စာရင်း၊ မှတ်ပုံတင်မလိုဘဲ အလုပ်လုပ်ခွင့် ပန်းရောင်ကတ်ကို ၂၀၁၄ခုနှစ် နှစ်လည်ပိုင်းမှ စတင်ပြုလုပ်ပေးခဲ့ရာ လက်ရှိ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ ၆၄၅,၅၆၇ဦးရှိသလို မည်သည့်အ ထောက်အထားမျှ မရှိဘဲ အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များစွာရှိနေသေးသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများ၏ မှတ်တမ်းများအရ သိရသည်။

Most read this week