ခလယ်တံခွန်တိုင်နှင့် ကျိုက်ကမော့ဧရိယာများတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ချိန်ရွယ်ပစ်မှတ်ထား

ခလယ်တံခွန်တိုင်နှင့် ကျိုက်ကမော့ဧရိယာများတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ချိန်ရွယ်ပစ်မှတ်ထား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ရွာများနှင့် ကျိုက်ကမော့ တောင်ဧရိယာ များတွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ရွာ အခြေစိုက်စစ်ကောင်စီအမြှောက်တပ်-အမတ ၃၁၈ တပ်ရင်းမှ လက်နက် ကြီးများဖြင့် ပစ်မှတ်ချိန်ရွယ်ထားသည်ဟု စစ်ကောင်စီတပ်မှ ထွက်ပြေးလွတ်မြောက်လာသူများက ပြောသည်။

အဘစ်ရွာမြှောက်တပ်စခန်းမှ အတွဲလိုက်ပစ်ခတ်သည့် ဟော်ဝစ်ဇာ ၁၂၂ မမ လက်နက်ကြီး ၂ လက်နှင့် ၁၂ဝ မမ အမြှောက်လက်နက်ကြီး ၂ လက်တို့ဖြင့် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုရှိ ရွာများနှင့် တောင်ညိုတောင်တန်းရှိ ကျိုက်ကမော့ နယ်မြေ ဧရိယာတစ်လျှောက်တွင် ပစ်မှတ်ချိန်ရွယ်ထားပြီး အထက်တာဝန်ရှိသူများထံ ပစ်မှတ်ပုံ  တင်ထားပြီးဖြစ်သည်ဟု ထွက်ပြေးလွတ်မြောက်လာသူ စစ်ကောင်စီတပ်သားတစ်ဦးက ပြောသည်။

အဘစ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသူ တပ်သားဆလိုင်းလက်ခိုလွန်းက “စခန်းကနေ အမြှောက် လက် နက်ကြီးတွေနဲ့ ချိန်ထားကြတယ်။ ပစ်မှတ်မြေပုံတွေကိုတော့ မှတ်ပုံတင်ထားပြီးပြီ။ တပ်မက ပစ်မိန့်ပေးတာနဲ့ ပစ်တယ်။ နယ်မြေရဲစခန်းကနေ ပစ်ကူတောင်းလာရင် လှမ်းပစ်ပေးတယ်။ တစ်ခါတစ်လေလည်း သူတို့ရှိ နေ တယ်ဆိုတာ သိအောင် ခြောက်ပစ်တယ်။ ခလယ်တံခွန်တိုင်၊ တောင်ကလေး၊ ကျိုက်ကမော့ဘက်ကို မကြာ ခဏလှမ်းပစ်ပေးနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ရက်နေ့တွင် အဘစ်တပ်စခန်းမှ လက်နက်ကြီးလှမ်းပစ်ခတ်မှုများကြောင့် တံခွန်တိုင်ရွာ အရပ်သား ၂ ဦးနှင့် နန်းသိုင်းထွန်ရွာသား ၁ ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ရပြီး လူနေအိမ် ၅ ထက်မနည်းလည်း ကျည်ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့ညနေ ၃ နာရီအချိန်လောက်မှာ တောင်နောက်က အဘစ်စခန်းကနေ လက်နက်ကြီး လှမ်း ထုပစ်တယ်။ လယ်ကွင်းထဲကျတော့ လယ်ထွန်သူတွေလည်း ထွက်ပြေးရတယ်လေ။ တံခွန်တိုင် စခန်းတစ်ဝိုက်ဆို ဘယ်သူမှ လယ်လုပ်မရဲတော့ဘူး။ သူတို့က မကြာခဏ လက်နက်ကြီးနဲ့ လှမ်းပစ်တော့ စခန်းအနီးတွေမှာ နေကြတဲ့ လူထု တွေ ခုချိန်ထိ ပြန်လာမရဲကြသေးဘူး” ဟု ဝင်းရော်ဒေသတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်နှင့် ကျိုက်ကမော့အရှေ့ဘက်ခြမ်းဧရိယာများသည် KNU ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုနယ်မြေထဲတွင် ပါဝင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲ ဖြစ်ပွား လျက်ရှိသည်။

တံခွန်တိုင်ရဲစခန်းဝင်းအတွင်း စစ်ကောင်စီတပ်နှင့် BGF -နယ်ခြားစောင့်တပ်တို့ လာရောက်ပူးပေါင်း တပ်စွဲ ထားသည့်အပြင် ကျေးရွာအတွင်းဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ လှမ်းပစ်ခတ်လေ့ရှိ သည့်အတွက် ၎င်းတို့စခန်းအနီးရှိ နေထိုင်သည့် ဒေသခံလူထုအများစုမှာ ၂ နှစ်ကျော်ကြာလာသည့်အထိ စစ်ဘေးတိမ်းရှောင် နေကြရဆဲဖြစ်သည်။

Most read this week

November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...